သူငယ်ချင်းတွေကြောင့် ဘဝမှာ ထိခိုက်နာကျင်ခဲ့ရတဲ့အချိန်တွေ ရှိခဲ့ဖူးမှာပါ။ သူတို့ကြောင့်
မင်းအဆင်မပြေဖြစ်ရတဲ့အချိန်တွေရှိရင် သူတို့ကို ပြောပြဖို့အခက်တွေ့နေမှာပါ။ ဒါပေမယ့်လည်း
ဖွင့်ပြောလိုက်မှ ကိုယ်မကြိုက်တာတွေ သူနောက်ထပ်မလုပ်မိတော့မှာ မဟုတ်လား။
ပြောစရာရှိတာ ပြောပါ
သူငယ်ချင်းတွေ ပွင့်လင်းတယ်ဆိုတာ ဘယ်နေရမှာ ပွင့်လင်းတာလဲ? သူ့အမူအကျင့်က ကိုယ်ကျိုး
နည်းစေတယ်ဆိုရင် ပြောသင့်တာတော့ ပြောရမှာပါပဲ။ ဒါကတော့.. ဒီလိုရှိတယ် သူငယ်ချင်းရေ..
နင်ဒီလိုဆက်လုပ်နေမယ်ဆိုရင် ငါအဆင်မပြေဘူး စသဖြင့်ပေါ့။ ကြည့်ကောင်းအောင် ပြောတတ်ဖို့
လိုပါတယ်။ အဆင်မပြေတာ သိသိနဲ့ သူဆက်လုပ်နေမယ်ဆိုရင်တော့ ကိုယ့်ဘာသာ ရွေးချယ်ပါ။
မင်းအတွက် ထိခိုက်စေမယ့် သူငယ်ချင်းမျိုးနဲ့ ထပ်ပြီးရှေ့ဆက်ဦးမလားဆိုတာကိုပေါ့။
သေချာ ရှင်းပြပါ
ရှင်းပြတယ်ဆိုတာကလည်း ထိရောက်မှုရှိဖို့လိုပါတယ်။ ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးရာကိစ္စတွေမှာ ထိခိုက်လာပြီ
ဆိုရင်ပေါ့။ သူငယ်ချင်းဆိုတိုင်း personal တွေ လိုက်စွက်ဖက်နေရင် အဆင်ပြေမှာမဟုတ်ပါဘူး။
မင်းအနေနဲ့ ကိစ္စတစ်ခုကို ဘယ်လိုကိုင်တွယ်ရမလဲ ကောင်းကောင်းဆုံးဖြတ်နိုင်မှာပါ။ သူငယ်ချင်းကောင်းက
အကြံပဲပေးမှာပါ။ မင်းကို ဟိုလိုလုပ်၊ ဒီလိုလုပ်ဆိုပြီး ထိန်းချုပ်ခိုင်းစေတာမျိုး လုပ်မှာမဟုတ်ပါဘူး။
နားလည်ပေးလိုက်ပါ
တစ်ခါတစ်လေ လူတွေကို နားလည်ပေးဖို့လိုပါတယ်။ သူတို့စိတ်ထဲက ဒါကို မင်းအတွက်ထိခိုက်စေတယ်
မမြင်ပဲ စေတနာလို့ ခေါင်းစဉ်တပ်ချင်တပ်မိနေမှာပါ။ တစ်ချို့ သူငယ်ချင်းတွေကြတော့ ချိန်းထားပြီးရင်
ခဏခဏဖျက်တတ်တဲ့ အကျင့်လေးတွေပေါ့။ ဒီတိုင်း မုန့်စားဖို့အတွက် ချိန်းတာဆို ဘာမှမဖြစ်ပေမယ့်
တကယ်တမ်း အရေးကြီးတဲ့ကိစ္စတစ်ခုအတွက် ချိန်းဆိုထားတာမျိုးကို အလေးမထားပဲ ဖျက်လိုက်၊
ရွေ့လိုက် လုပ်နေတာဟာ မင်းကိုထိခိုက်စေမှာပါ။ ဒါတွေကို ပွင့်ပွင့်လင်းလင်းပြောစရာရှိတာ
ပြောပါ။ တချို့ ကပြောမှ သိတာလေ။ မပြောရင် ဒီတိုင်းပဲ ဆက်လုပ်နေမိမှာဆိုတော့
ပြောရမှာ ဝန်မလေးပါနဲ့နော်…