သကြားကို ဒီလိုနေရာတွေမှာပါ သုံးလို့ရတယ်ဆိုတာ သင်သိပါသလား?

လက်ဖက်ရည်၊ကော်ဖီ၊သံပုရာရည်၊အအေးစတဲ့နေရာမှာ အမြဲလိုလိုထည့်သုံးလို့ရတဲ့ သကြားဟာ သင့်ရဲ့နေ့စဉ်ဘ၀အတွက်
ဒီလိုလည်းအသုံးဝင်နေပါသေးတယ်။

*လျှာအပူလောင်တဲ့အခါ
တစ်ခုခုကိုအလောတကြီးသောက်မိလို့ လျှာအပူလောင်သွားတဲ့အခါ သကြားအနည်းငယ်ကိုချက်ချင်းလျှာပေါ်တင်ပြီး စားလိုက်ပါ။နာကျင်မှု
လျော့ပါးသွားပါလိမ့်မယ်။

*Hair Gel မရှိတော့တဲ့အခါ
ထူးထူးခြားခြားပါပဲ။သကြားစားပွဲတင်ဇွန်းတစ်ဇွန်းကိုရေနွေးအနည်းငယ်နဲ့ရောစပ်ပြီး ပျော်သွားတဲ့အခါ အဲ့ဒီအရည်လေးကို လက်မှာပွတ်လိမ်းပြီး
Hair Gel အဖြစ်သုံးပေးလို့ရပါတယ်။

*ခန္ဓာကိုယ်ချေးချွတ်ချင်တဲ့အခါ

ခန္ဓာကိုယ်က ဆဲလ်သေတွေကိုဖယ်ရှားချင်တဲ့အခါ ဝေးဝေးကိုစဉ်းစားနေစရာမလိုပါဘူး။ခန္ဓာကိုယ်အတွက်လုံလောက်တဲ့ သကြားအနည်းငယ်ကို
သံလွင်ဆီအနည်းငယ်နဲ့ရောစပ်ပြီး ခန္ဓာကိုယ်အနှံ့ကို ချေးချွတ်ပေးလို့ရပါပြီ။တစ်ပတ်ကိုတစ်ခါလောက်ပုံမှန်လုပ်ပေးမယ်ဆိုရင် ဆဲလ်သေတွေ
ကင်းစင်ပြီး ကြည်လင်ဝင်းပတဲ့အသားအရည်လေးကိုပိုင်ဆိုင်ရပါလိမ့်မယ်။

*ခြေဖ၀ါးနူးညံ့ချောမွေ့ချင်တဲ့အခါ
ခြေဖ၀ါးကြမ်းတမ်းနေတာမျိုး၊အသားမာတက်နေတာမျိုးဆိုရင် သကြားကိုရေအနည်းငယ်နဲ့ဖျော်ပြီး အရည်ပျော်မသွားခင် ခြေဖ၀ါးကို
ဖြည်းဖြည်းချင်းပွတ်လိမ်းပေးပါ။ပြီးရင် ခန္ဓာကိုယ်ချေးချွတ်တဲ့ကျောက်တုံးလေးနဲ့ ဖြည်းဖြည်းချင်းပွတ်တိုက်ပေးပါ။၂ရက်ခြားတစ်ခါ ၃ ရက်ခြားတစ်ခါ
လောက်ပုံမှန်လုပ်ပေးသွားမယ်ဆိုရင် နူးညံ့ချောမွေ့တဲ့ ခြေဖ၀ါးလေးကိုပိုင်ဆိုင်ရပါလိမ့်မယ်။

*မလိုချင်တဲ့ခန္ဓာကိုယ်အမွှေးအမျှင်ကိုဖယ်ရှားချင်တဲ့အခါ

ခန္ဓာကိုယ်က မလိုချင်တဲ့အမွှေးအမျှင်တွေကိုဖယ်ရှားချင်တဲ့အခါ သကြားခွက်တစ်ဝက်၊သံပုရာရည်ခွက်လေးပုံတစ်ပုံ၊ရေလေးပုံတစ်ပုံကိုရောစပ်ပြီး
အညိုရောင်ပြောင်းသွားတဲ့အထိ အပူပေးပါ။ကပ်စေးလာပြီးအပူနည်းနည်းသာရှိတဲ့အချိန် ဖယ်ရှားချင်တဲ့အမွှေးအမျှင်တွေပေါ် ကပ်ပေးထားပါ။
ခဏကြာရင်တော့ ခွာချလို့ရပါပြီ။

*နှုတ်ခမ်းလေးပန်းနုရောင်သမ်းချင်တဲ့အခါ

နှုတ်ခမ်းသားလေးပန်းရောင်သမ်းချင်တဲ့အခါ သကြားနဲ့ပျားရည်အနည်းငယ်ကိုရောစပ်ပြီး နှုတ်ခမ်းမှာလိမ်းပေးထားပါ။၅မိနစ်လောက်ကြာတဲ့အခါ
ရေလေးနဲ့ဆေးချပြီး နှုတ်ခမ်းဆိုးဆေးအဆီလေးလိမ်းပေးထားပါ။၂ရက်ခြားတစ်ခါလောက်ပုံမှန်လုပ်ပေးမယ်ဆိုရင် ပန်းနုရောင်သမ်းတဲ့နှုတ်ခမ်းလေးကို
ပိုင်ဆိုင်ရပါလိမ့်မယ်။

Ref:Lifehack

 

51 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.