လျှာဂျွမ်းပြန်စေမယ့် ငါးဖယ်သံပုရာပေါင်းလေး လုပ်စားရအောင်

ငါးဖယ်မကြိုက်တဲ့လူတော့ သိပ်မရှိလောက်ဘူးထင်ပါတယ်။ ငါးဖယ်အပေါင်းလေးကိုမှ အစပ်လေးတွေ
နဲ့ ရောစပ်လိုက်မယ်ဆိုရင် ဘယ်လောက်တောင် ကောင်းမွန်လိုက်မလဲ။
အစားတစ်လိုင်းလေးတွေအတွက် အားလပ်ရက်မှာ ငါးဖယ်သံပုရာပေါင်းလုပ်နည်းလေးပြောပြပေး
မယ်နော်။

Image result for steam fish ball

ပါဝင်ပစ္စည်း

လတ်ဆက်တဲ့ ငါးဖယ် ၁၅ကျပ်သား
သံပုရာသီး
ကြက်သွန်ဖြူ
ငရုတ်သီးစိမ်း
ငံပြာရည်
ရေ
သကြား
နံနံပင်
ပဲငံပြာရည်အကျဲ နဲ့ အရသာမှုန့်တို့ လိုအပ်ပါတယ်။

Related image

လုပ်နည်း
ငါးဖယ်ကို ကြက်သွန်ဖြူ ၊ ဂျင်းနဲ့ ရောထောင်းပြီး ဆားထည့်နယ်။ ပြီးရင် ကျစ်ကျစ်လေးဖြစ်နေအောင်
နာနာရိုက်ပေးပါ။ ငါးဖယ်လေးတွေ လုံးပြီးသွားရင် ပေါင်းအိုးထဲမှာ (၁၅မိနစ်)လောက် ပေါင်းပေးပါ။

ခုနက ပါဝင်ပစ္စည်းတွေကို အချိုးကျကျရောစပ်ပြီး ဆော့စ်အရည်ကို ငါးဖယ်ပေါင်းပေါ်ဆမ်းလိုက်ရုံပါပဲ။
လုပ်ရတဲ့နည်းလေးကို လွယ်ကူရိုးရှင်းသလို အချိန်လည်းသိပ်မပေးရပါဘူး။ ကဲ.. ဒါဆို အရသာရှိတဲ့
ငါးဖယ်သံပုရာပေါင်းလေးကို သုံးဆောင်လိုက်ပါဦးနော်…

 

551 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.