ခရီးသွားဖို့စဉ်းစားတဲ့အခါ ဘာလို့ပင်လယ်ကမ်းခြေကို ဦးစားပေးရွေးချယ်သင့်တာလဲ?

သူငယ်ချင်းတွေနဲ့ခရီးသွားမယ်၊မိသားစုတွေနဲ့ခရီးသွားမယ်၊အပန်းဖြေခရီးသွားမယ်ဆိုရင် တစ်ခြားခရီးစဉ်တွေထက် ဘာလို့ပင်လယ်ကမ်းခြေကို
ဦးစားပေးရွေးချယ်သင့်တာလဲ?အဓိကက ခရီးထွက်တယ်ဆိုတာ စိတ်အပန်းပြေချင်လို့ပဲမဟုတ်လား။ဒါကြောင့် ပင်လယ်ကမ်းခြေကိုတစ်ခါမှ
မသွားဖူးဘူး၊မရောက်ဖူးဘူးဆိုရင် ပင်လယ်ကိုပဲခရီးထွက်ပါလို့ အကြံပေးချင်ပါတယ်။ဘာလို့လဲဆိုရင်…

*စိတ်ဖိစီးမှုတွေ အမြန်ဆုံးပြေပျောက်စေတဲ့နေရာ
လေ့လာတွေ့ရှိချက်တွေအရ ပင်လယ်လှိုင်းသံနဲ့ ပင်လယ်ရဲ့ ရနံ့ဟာ Cotisol level လို့ခေါ်တဲ့စိတ်ဖိစီးမှုဖြစ်ပေါ်စေတဲ့ဟော်မုန်းကို လျှော့ချပေးနိုင်တယ်
လို့သိရပါတယ်။ပင်လယ်ကြီးကိုကြည့်မယ်။ပင်လယ်လေကိုရှုရှိုက်ပြီး ပင်လယ်လှိုင်းသံလေးတွေကို နားထောင်မယ်ဆိုရင် သင့်မှာရှိနေတဲ့
စိတ်ဖိစီးမှုတွေဟာ မြန်မြန်ပြေပျောက်သွားပါလိမ့်မယ်။

*စိတ်ဓာတ်ကျခြင်းကိုတိုက်ဖျက်ပေးတယ်
ဘာကိုမှလုပ်ချင်ကိုင်ချင်စိတ်မရှိဘူး။စိတ်ဓာတ်တွေကျနေတယ်။စိတ်အားငယ်စရာတွေရှိနေယ်။စိတ်ညစ်စရာတွေရှိနေမယ်ဆိုရင် ပင်လယ်ကို
ခရီးထွက်တာအကောင်းဆုံးပါပဲ။ပင်လယ်ကမ်းခြေမှာ အေးအေးဆေးဆေးအနားယူလိုက်တာက သင့်ရဲ့စိတ်ဓာတ်ကျမှုတွေ၊စိတ်ဖိစီးမှုတွေကို
ယူပစ်လိုက်သလို ပျောက်ကင်းသွားစေမှာပါ။ဒါကြောင့်ကျန်းမာရေးမကောင်းတဲ့အခါ ပင်လယ်လေသန့်သန့်လေးရှုရင်း ပင်လယ်ကမ်းခြေမှာ
လာပြီး အနားယူကြတာပါ။သဘာဝရဲ့ဆေးတစ်လက်လိုပါပဲ။

*တီထွင်ဖန်တီးနိုင်စွမ်းတွေ ပိုမိုကောင်းမွန်လာတယ်
ပင်လယ်ကမ်းခြေမှာ အနားယူအပန်းဖြေတာဟာ စိတ်ဖိစီးမှုတွေပြေလျော့သွားတဲ့အပြင် ကိုယ့်ရဲ့ ဦးနှောက်လုပ်ဆောင်မှုတွေကလည်း ပိုကောင်းလာပြီး စိတ်ကူးဥာဏ်သစ်တွေ၊တီထွင်ဖန်တီးနိုင်စွမ်းတွေဟာ ပိုပြီးထိုးထွက်လာစေပါတယ်။အတွေးအမြင်သစ်တွေလည်းရလာစေလို့ သင့်အလုပ်ကိုလည်းပိုပြီးအောင်မြင်တိုးတက်စေမှာအမှန်ပါ။

*မိသားစု၊သူငယ်ချင်းတွေကြားရင်းနှီးမှုပိုလာစေတယ်
တစ်ခြားခရီးတွေထွက်ရင်လည်းရင်းနှီးမှုပိုရှိလာစေမှာအမှန်ပါပဲ။ဒါပေမဲ့ ပင်လယ်ကမ်းခြေခရီးကတော့ ခင်မင်ရသူတွေနဲ့ပိုပြီးနီးကပ်လာစေပါတယ်။တစ်ခြားခရီးစဉ်တွေဆို လျှောက်လည်ဖို့သွားရတာနဲ့တင် အချိန်ပိုကုန်တာတွေရှိပါတယ်။ဒါပေမဲ့ ပင်လယ်ကမ်းခြေမှာ စက်ဘီးပဲအတူစီးမလား၊ဘောလုံးပဲပစ်ဖမ်းဆော့မလား၊ရေပဲ အတူတူဆော့မလားသောင်ပြင်မှာပဲလှဲအိပ်မလား၊ဓာတ်ပုံလှလှလေးတွေလည်းအတူတူရိုက်မလား စသဖြင့် ရင်းနှီးမှုပိုစေတဲ့အခွင့်အလမ်းတွေပိုရှိပါတယ်။

*စိတ်သစ်လူသစ်ဖြစ်သွားတယ်
အလာတုန်းက စိတ်ညစ်စရာတွေနဲ့လာပေမဲ့ အပြန်မှာတော့ စိတ်သစ်လူသစ်နဲ့ လူက အရမ်းကို Fresh ဖြစ်သလို ခံစားရစေမှာပါ။
မိသားစုတွေ၊သူငယ်ချင်းတွေနဲ့လည်းသံယောဇဉ်တိုးလာရလို့ စိတ်ချမ်းသာရသလို အိုင်ဒီယာကောင်းတွေလည်းရလာလို့ အပြန်ခရီးက
စိတ်ချမ်းသာနေရမှာ အသေအချာပါပဲ။

ပင်လယ်ကမ်းခြေသွားပြီးရင် ဓာတ်ပုံလှလှလေးတွေရိုက်ခဲ့ဖို့လည်း မမေ့နဲ့နော်

28 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.