Emma Watson ဟာ Marvel ဟီးရိုးတစ်ယောက်ဖြစ်လာမှာလား??

Hermione Granger အဖြစ် အခုချိန်ထိ ပရိသတ်တွေရင်ထဲရောက်နေဆဲ မင်းသမီးချောလေး Emma Watson ဟာ တစ်ခြားသောရုပ်ရှင်ဇာတ်ကားတွေမှာ
လည်း မတူညီတဲ့ဇာတ်ကောင်တွေကို ကျွမ်းကျင်ပိုင်နိုင်စွာသရုပ်ဆောင်နေတဲ့မင်းသမီးတစ်လက်လည်းဖြစ်ပါတယ်။Harry Potter ၊ Beauty and the Beast
စတဲ့နာမည်ကျော်ဇာတ်ကားတွေထွက်ရှိအပြီးမှာတော့ Emma Watson ဟာ မကြာခင်ထွက်ရှိလာမယ့် Marvel ဇာတ်ကားတစ်ကားမှာပါဝင်သရုပ်ဆောင်ဖို့ရှိတယ်လို့ သတင်းတွေပျံနှံ့လာခဲ့ပါတယ်။

Marvel က ရိုက်ကူးမယ့် Black Widow ဇာတ်ကားမှာ ပါဝင်လာမယ်လို့ သတင်းထွက်ရှိလာတာဖြစ်ပြီး အဲ့ဒီဇာတ်ကားမှာ သူမပါဝင်သရုပ်ဆောင်
ဖြစ်မယ်ဆိုရင် မင်းသမီး Scarlett Johansson နဲ့တွဲဖက်မြင်တွေ့ရမှာပဲဖြစ်ပါတယ်။သူမကို စူပါဟီးရိုးဇာတ်ကောင်နဲ့ ပြန်လည်မြင်တွေ့ရမလားဆိုတာ
တော့စိတ်ဝင်စားစွာ စောင့်ကြည့်ရဦးမှာပါပဲ။

Black Widow ဇာတ်ကားကို ဒါရိုက်တာ Cate Shortland ရိုက်ကူးမှာဖြစ်ပြီး Scarlett Johansson ကိုတော့ Black Widow (Natasha Romanoff)
အဖြစ်မြင်တွေ့ရမှာပါ။ဒီဇာတ်ကားကို ၂၀၂၀ မေလ ၁ရက်နေ့မှာရုံတင်ပြသမယ်ဆိုတဲ့သတင်းတွေလည်းထွက်ရှိထားပါတယ်။Marvel Hero ပရိသတ်တွေအတွက်တော့ Black Widow ဟာ ဇာတ်ကားကောင်းတစ်ကားဖြစ်လာဦးမှာမလွဲပါဘူး။အထူးသဖြင့် ဒိတ်ဒိတ်ကျဲမင်းသမီးနှစ်လက်ကို အတူတွဲဖက်မြင်တွေ့ရမယ်ဆိုရင်ပေါ့။

တကယ်ပဲ Emma Watson ကို စူပါဟီးရိုးဇာတ်ကောင်နဲ့မြင်တွေ့ရမှာလားဆိုတာ အတူတူစောင့်ကြည့်လိုက်ရအောင်

Ref:cbr.com/gentside

25 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.