လွယ်လွယ်လေးနဲ့ အလျော့ပေးဖို့ စဉ်းစားနေပြီလား

ဘာပဲလုပ်လုပ် ကျရှုံးဆိုတာ ကြုံတွေ့ရမှာပါ။ အောင်မြင်သူတွေကိုကြည့်လိုက်ရင် မကျရှုံးဖူးတဲ့ လူမရှိဖူး
နော်။ သူတို့ရဲ့ဘဝမှာ ဒီတိုက်ခိုက်မှုတွေကပဲ ကြံကြံခိုင်နိုင်အောင် သင်ကြားပေးခဲ့တာပါ။

ခြံစည်းရိုးပေါ် တက်နေတဲ့ ခရုလေးတစ်ကောင်ပုံပြင်လေးကို ကြားဖူးမှာပေါ့။ တစ်ဖက်ခြံစည်းရိုးကို
ရောက်ချင်လို့ သူ့ခမျာ လှုပ်စိလှုပ်စိနဲ့တက်နေတာ မရောက်နိုင်ဖူး။ ဒီကြားထဲ အောက်က ခဏခဏ
ပြုတ်ကျသေးတယ်။ အလယ်မှာ ပြုတ်ကျလိုက်၊ အပေါ်ရောက်ခါနီးမှ ဟိုးအောက်ထိ ပြုတ်ကျသွားတယ်။

Image result for don't give up

ဒီခရုလေး လက်လျော့သွားတယ်ထင်လား။ လုံးဝမလျော့ဘူး။ ဆက်တက်တယ်။ ကျစမ်း.. ဘယ်လောက်
ထိ ပြုတ်ကျနိုင်မလဲဆိုပြီး ထပ်ခါထပ်ခါ တက်ခဲ့တယ်။ ကြိုးစားမှုတွေဟာ ဘယ်တော့မှ အလဟဿမဖြစ်
ပါဘူး။ သူတစ်ဖက် ခြံစည်းရိုးကို အောင်မြင်စွာရောက်ခဲ့တယ်။ ဒါဟာ သူ့ရဲ့ဇွဲလုံလရှိမှုကြောင့် တစ်ဖန်ပြန်ခံစားရတဲ့ အကျိုးရလာဒ်ပဲပေါ့။

ဟုတ်ပါတယ်.. တစ်ခါတစ်လေ စဉ်းစားမိရင် တကယ်တည်းအောင်မြင်သွားတဲ့အခါ
ခက်ခက်ခဲခဲ ကြိုးစားရုန်းကန်ခဲ့တဲ့အချိန်တွေနဲ့ ယှဉ်လိုက်ရင် ဘာမှမဟုတ်ပါဘူး။ တိုက်ပွဲဝင်ခဲ့တဲ့
အချိန်တွေက တကယ်အမှတ်တရကောင်းပါပဲ။ သင်ခန်းစာတွေလည်း ဘဝနဲ့ရင်းပြီး ရခဲ့တယ်။

Image result for don't give up

တစ်ခါလေး စာမေးပွဲကျတာနဲ့ ၊ တစ်ခါလေး အင်တာဗျူး မအောင်တာနဲ့ ၊ တစ်ခါလေး အမှားလုပ်မိရုံနဲ့
စိတ်ဓာတ်ကျဖို့ မပြင်ပါနဲ့။ ပြန်ကောက်ပြီး ငါလုပ်နိုင်တယ်လို့ အားတင်းလိုက်ပါ။ ကျရှုံးမှုဆိုတာရှိနေ
သရွေ့ မင်းတစ်နေ့အောင်မြင်မှာပါ။

159 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.