သရုပ်ဆောင်လည်းဖြစ် အဆိုတော်လည်းဖြစ်သူ Lee Seung Gi ကတော့၂၀၁၁ ခုနှစ်တုန်းက Yoona ဟာ သူရဲ့စံပြုရတဲ့ အမျိုးသမီးတစ်ဦး ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ သူ့ရဲ့ ဒီဝန်ခံချက်နဲ့ ပတ်သက်ပြီး အမှန်တရားတချို့ကိုတော့ ဖုံးကွယ်ထားခဲ့ပါတယ်။ အခုတော့ သူတို့နှစ်ဦး ချိန်းတွေ့မှုတွေ ပြုလုပ်နေပါပြီ။
နှစ်အသစ်မှာ ပထမဆုံးသတင်းဦး သတင်းထူးအနေနဲ့ တောင်ကိုရီးယားရဲ့ အကျော်အမော် စုံတွဲတစ်တွဲရဲ့ သတင်းကို တရားဝင်ကြားသိရပါပြီ။ တခြားတော့ မဟုတ်ပါဘူး Girl’s Generation အဖွဲ့ဝင် Yoona နဲ့ သရုပ်ဆောင်-အဆိုတော် Lee Seung Gi တို့ရဲ့ အချစ်ရေးပါပဲ။
နှစ်ဖက်စလုံးရဲ့ အေဂျင်စီတွေကတော့ သူတို့နှစ်ဦးဟာ ၂၀၁၃ ခုနှစ် ၊ စက်တင်ဘာလ လောက်ကတည်းက စပြီး တွဲဖြစ်ခဲ့ကြတယ်လို့ အတည်ပြုကြပါတယ်။ အခုမှပဲ ပရိသတ်တွေဟာ ၂၀၁၁ ခုနှစ်တုန်းက Lee Saung Gi ဘာကြောင့် ဒီလိုပြောခဲ့သလဲဆိုတာကို သဘောပေါက်ကြပါတော့တယ်။ သူဟာ သူ့ရဲ့ လေးစားတန်ဖိုးထားရတဲ့ အမျိုးသမီးလေးကို ဒီအချိန်ထိ တိုင်အောင် နှစ်အတော်ကြာ ထိန်းသိမ်းထားခဲ့ပါတယ်။
ဒီလို အချစ်ရေးသတင်းကိစ္စမျိုးဆို တင်းကျပ်စွာ စည်းကမ်းထားရှိတဲ့ တောင်ကိုရီးယားရဲ့ entertainment ကုမ္ပဏီတွေကတောင် သူတို့နှစ်ဦးရဲ့ အချစ်ရေးကို ၀န်ခံအသိအမှတ်ပြုခဲ့ကြတာ အလွန်ပဲ အံ့သြဖို့ကောင်းပါတယ်။
ဒါကြောင့် နှစ်သစ်ဦးရဲ့ အဦးဆုံးအတွဲလေးကို ဂုဏ်ပြုလိုက်ပါတယ်။
Ref:herworldplus