၁ဝမိနစ်အတွင်း သွေးဖိအားတွေ လျော့ကျသွားစေမယ့် နည်းလမ်း

သင်ဟာ မကြာခဏ ခေါင်းကိုက်ခြင်း ၊ ပုံမှန်နှလုံးခုန်နှုန်းမရှိခြင်း ၊ ရင်ဘတ်နာတာမျိုးတွေ ဖြစ်နေပြီဆို
ရင် အဲ့ဒီသွေးဖိအားမြင့်တက်နေလို့ပါ။ ဒီအခြေအနေဟာ စိတ်ဖိစီးမှုနဲ့ အိပ်ရေးမဝမှုကြောင့်နဲ့လည်း
ဆက်စပ်နေပါတယ်။ တစ်ခါတစ်လေ ကျန်းမာရေးဒေါင်ဒေါင်မြည်နေတဲ့လူတွေတောင် ဖြစ်တတ်ပါတယ်။
ဒါပေမယ့် ဒီဝေဒနာတွေကို အချိန်တိုတွင်း ပျောက်ကင်းစေမယ့် သဘာဝနည်းလမ်းကောင်းလေးတွေ
ရှိပါတယ်။ ကဲ.. စာဖတ်ကြည့်လိုက်ရအောင်နော်

ကန္တာဝင်သီချင်းတွေ နားထောင်ပါ

8 Natural Ways to Lower Your Blood Pressure Within 10 Minutes
သွေဖိအားမြင့်တက်လာရင် ကန္တာဝင်တေးဂီတကို နားထောင်ပေးတာဟာ သွေးဖိအားတွေကို လျော့ကျ
စေပါတယ်။ သူ့ကို အသက်ရှုလေ့ကျင့်ခန်းနဲ့ တရားထိုင်နေရင်းနဲ့ တွဲလုပ်ပေးရင်ပိုအကျိုးသက်ရောက်ပါ
မယ်။ သီချင်းသံစဉ်ဟာ ခန္ဓာကိုယ်ပေါ် သက်ရောက်မှုရှိပြီး ဖိစီးမှုဟော်မုန်းတွေကို လျော့ချပေးနိုင်ပါတယ်။

ရေသောက်ပါ

8 Natural Ways to Lower Your Blood Pressure Within 10 Minutes
ဒီလိုအခြေအနေမှာ အလွယ်ကူဆုံး လက်လှမ်းမှီရာက ရေပါပဲ။ တစ်ခါတစ်လေ သွေးဖိအားတက်တာက
ရေဓာတ်ကုန်ဆုံးတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်မှာ ရေလုံလုံလောက်လောက်မရှိတဲ့အခါ
သွေးထုထည်က လျော့နည်းလာပြီး peripheral resistance တွေက တိုးပွားလာပါတယ်။
ဖြစ်လာရင် ရေသန့်သန့်လေးတစ်ခွက် ၊နှစ်ခွက်လောက်သောက်လိုက်ပါ။ တဖြည်းဖြည်းနဲ့ သက်သာ
သွားပါလိမ့်မယ်။

ယောဂ အနေအထား

Image result for savasana
ယောဂ အနေထားနဲ့ ပက်လန်လှန်အိပ်နေကြည့်ပါ။ နှလုံးခုန်နှုန်းတွေ ပုံမှန်ဖြစ်လာပြီး သွေးဖိအားတွေ
ငြိမ်သွားပါလိမ့်မယ်။ အေးဆေး ပက်လက်လှန်ပြီး မျက်လုံးမှိတ်နေရုံပါပဲ။ ခန္ဓာကိုယ်ထဲက ရှိသမျှ
ကြွက်သားတွေအားလုံး relax ဖြစ်နေပါစေ။ သွေးဖိအားကျသွားတဲ့အခါ အာရုံကြောကိုလည်း
ကြည်လင်လာစေပါတယ်။

ခြေထောက်ရေစိမ်

Image result for Soak your feet in hot water
ရေနွေးနွေးလေး ခြေထောက်စိမ်ပေးထားခြင်းက ခေါင်းလည်းကြည်တဲ့အပြင် တစ်ကိုယ်လုံးကို
ပေါ့ပါးလန်းဆန်းစေပါတယ်။ ဇလားတစ်ခုထဲ ရေနွေးထည့်ပြီး (ဆားထည့်ချင်လည်းရ ) ၁၀- ၁၅မိနစ်
လောက်စိမ်ထားပါ။ မြင့်တက်နေတဲ့ သွေးဖိအားတွေ တဖြည်းဖြည်းလျော့ကျသွားပါလိမ့်မယ်။

လွယ်ကူတဲ့ လေ့ကျင့်ခန်း

8 Natural Ways to Lower Your Blood Pressure Within 10 Minutes
ပုံထဲက အလုံးလေးတွေ မညှစ်ချင်ဘူးလား။ လက်ကြွက်သားတွေကို stress ball လေးတွေနဲ့
အလုပ်ပေးလိုက်ရင် သွေးဖိအားတွေ လျော့ကျစေပြီး ပုံမှန်အနေထားရောက်စေပါတယ်။ တစ်ပတ်ကို
၃ကြိမ် (၁၂- ၁၅မိနစ်ထိ )လုပ်ပေးနိုင်ပါတယ်။ သွေးဖိအား ၁ဝရာခိုင်နှုန်းလောက် လျော့ကျပါတယ်။

222 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.