သင့်ရဲ့ဖြစ်တည်မှုကို တကယ်တန်ဖိုးထားတဲ့ချစ်သူယောက်ျားလေးဆိုတာ…
တကယ်ရင့်ကျက်တဲ့ယောက်ျားလေးတွေဟာ သူတို့ကိုတကယ်ချစ်တဲ့ သူတို့ချစ်တဲ့မိန်းကလေးနဲ့ တွေ့တဲ့အခါ အဲ့ဒီအချစ်ရေးမှာနစ်မြှုပ်လိုက်ဖို့
သင့်ကိုတန်ဖိုးထားချစ်မြတ်နိုးတဲ့ယောက်ျားတစ်ယောက်ဟာ သင့်ကိုယ်သင်ယုံကြည်မှုရှိအောင်၊သင့်ရည်မှန်းချက်ပန်းတိုင်ကို မြန်မြန်ရောက်အောင်
Unicode
အချစ်ခံရတဲ့ခံစားချက်ဆိုတာ ကိုယ်အိမ်ပြန်ချိန် အိမ်ထိ ဘေးမသီရန်မခအောင်ပြန်ပို့ပေးတာမျိုး၊ကိုယ်ကြောက်နေတဲ့အလုပ်တစ်ခုကို ရင်ဆိုင်ရဲအောင် ဘေးကနေအားပေးတာမျိုး၊တစ်ခြားသူတွေဘယ်လိုဝေဖန်ဝေဖန် ကိုယ့်တစ်ယောက်တည်းဘက်မှာရှိနေပေးတာမျိုး၊အသေးအဖွဲလေးတွေက အစဂရုတစိုက်ရှိတာမျိုး စသဖြင့်ပေါ့။ကိုယ့်ဖြစ်တည်မှုကို တကယ်တန်ဖိုးထားမြတ်နိုးတဲ့ချစ်သူယောကျ်ားလေးဆိုတာ ကိုယ့်အတွက် အမြဲဒီလိုအရာလေးတွေလုပ်ပေးနေတတ်ပါတယ်။
*အမြဲ အိမ်ပြန်လိုက်ပို့တယ်သူ
အိမ်ပြန်ဘယ်လိုပဲနောက်ကျ နောက်ကျ၊သူ့အိမ်နဲ့သင့်အိမ် ဘယ်လောက်ပဲဝေးဝေး သင့်ကို အိမ်ထိသေချာပြန်လိုက်ပို့ပေးတယ်။သင် အိမ်ပြန်တဲ့လမ်းတစ်လျှောက် အနှောင့်အယှက်တွေမကြုံရအောင် ၊လုံခြုံစိတ်ချမှုရအောင် သူက သင့်အတွက် တံတိုင်းကြီးသဖွယ်ကာရံပေးထားတယ်။
*ညတိုင်း သင်နဲ့ဖုန်းပြောဖို့အချိန်ပေးတယ်
ကိုယ်တန်ဖိုးထားရတဲ့လူအတွက် အချိန်ဆိုတာအမြဲတမ်းရှိနေပါတယ်။သင့်ကို မနက်တိုင်းဖုန်းဆက်တယ်။ညတိုင်းဖုန်းဆက်တယ်။သင်နဲ့ပတ်သက်တာမှန်သမျှ သူအာရုံစိုက်နားထောင်ပေးတယ်။တစ်ချို့ယောကျ်ားလေးတွေက နားညည်းမခံနိုင်ကြလို့ စိတ်ရှုပ်စရာလို့မြင်တတ်ပေမဲ့ သင့်ကိုတန်ဖိုးထားမြတ်နိုးတဲ့သူကတော့ သင်ဒီလိုဂရုစိုက်ကြင်နာမှုမျိုးကိုလိုချင်တာသိတဲ့အတွက် သူတို့ဘက်ကလည်း အမြဲအဆင်သင့်ရှိနေပေးတတ်ပါတယ်။
*ဒီအချစ်ရေးထဲမှာနစ်မြှုပ်လိုက်ဖို့ဝန်မလေးဘူ
း တကယ်ရင့်ကျက်တဲ့ယောကျ်ားလေးတွေဟာ သူတို့ကိုတကယ်ချစ်တဲ့ သူတို့ချစ်တဲ့မိန်းကလေးနဲ့ တွေ့တဲ့အခါ အဲ့ဒီအချစ်ရေးမှာနစ်မြှုပ်လိုက်ဖို့ဝန်မလေးတတ်ကြပါဘူး။ချုပ်ချယ်သလိုခံစားရတာ၊မလွတ်လပ်သလိုခံစားရတာတွေမရှိပဲ သူတို့တကယ်ချစ်တဲ့မိန်းကလေးအတွက် လိုလိုလားလားနဲ့ကိုအချိန်တွေပေးတတ်ပါတယ်။တစ်ခြားဘာကမှ သူ့မိန်းကလေးထက် အရေးကြီးတာမရှိဘူးလို့ခံယူထားသူတွေပေါ့။
*သင့်ကိုအမြဲရယ်မောပျော်ရွှင်စေတယ်
ကိုယ့်အပေါ်တကယ်တန်ဖိုးထားချစ်တဲ့သူဆိုတာကိုယ့်မျက်နှာတစ်ချက်အညှိုးမခံပါဘူး။သင့်ကို ငိုတဲ့အကြိမ်ထက် ရယ်မောရတဲ့အကြိမ်အရေအတွက်ကို ပိုများအောင် အမြဲလုပ်ပေးတတ်သူပဲဖြစ်ပါတယ်။
*သင့်ကိုယ်သင်ယုံကြည်မှုရှိအောင် ကူညီပေးတယ်
သင့်ကိုတန်ဖိုးထားချစ်မြတ်နိုးတဲ့ယောကျ်ားတစ်ယောက်ဟာ သင့်ကိုယ်သင်ယုံကြည်မှုရှိအောင်၊သင့်ရည်မှန်းချက်ပန်းတိုင်ကို မြန်မြန်ရောက်အောင်ဘေးကနေအားပေးကူညီပေးနေတတ်ပါတယ်။ကိုယ့်ထက်သာရင် မနာလိုတဲ့ယောကျ်ားလေးမျိုးမဟုတ်ပဲ သင်ပြန်လှည့်ကြည့်တိုင်း အနောက်မှာရှိနေမယ့်ချစ်သူမျိုးကိုပိုင်ဆိုင်ထားရင် အဲ့ဒီမိန်းကလေးက တကယ့်ကို Lucky Girl လေးပါပဲ။
*သင့်ကို ပြောင်းလဲဖို့ မကြိုးစားဘူး
လူတစ်ယောက်ကိုပြောင်းလဲလို့မရပါဘူး။ကိုယ့်ကိုချစ်ရင်ပြောင်းလဲမှာပဲဆိုတဲ့ချစ်သူမျိုးထက် ကိုယ့်ရဲ့ဖြစ်တည်နေမှုကိုသာ တန်ဖိုးထားချစ်ပေးတဲ့ချစ်သူယောကျာ်းလေးမျိုးကသာ သင့်အနားမှာအမြဲထာဝရရှိနေမှာပါ။သင့်အပေါ်တကယ်ချစ်တဲ့သူဆိုတာ သင့်ရဲ့ ကောင်းတာဆိုးတာတွေကို လက်ခံပြီး မှားနေရင်လည်းလမ်းပြပေးတဲ့သူ၊မှန်တဲ့အခါ ရှေ့ဆုံးက အားပေးနေတတ်သူလည်းဖြစ်ပါသေးတယ်။စိတ်လုံခြုံတဲ့ခံစားချက်၊ဘယ်သူဘာဖြစ်ဖြစ် ကိုယ့်ဘက်မှာသူတစ်ယောက်လုံးရှိနေတယ်ဆိုတဲ့စိတ်ခံစားချက်မျိုးကို ကိုယ့်ဖြစ်တည်မှုကို တကယ်တန်ဖိုးထားမြတ်နိုးတဲ့ချစ်သူယောကျ်ားတွေသာ ပေးစွမ်းနိုင်တာပါ။သင့်မှာရော ဒီလိုချစ်သူမျိုးရှိနေပြီလား? 💗
354 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.