ချစ်သူကောင်မလေးအသစ်ရှာဖွေနေတဲ့ မင်းသမီးချော Bella Thorne

Bella Thorne လို့ဆိုလိုက်ရင် အသက်ငယ်ငယ်ရွယ်ရွယ်နဲ့အောင်မြင်ကျော်ကြားနေတဲ့ လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်မှန်းပရိသတ်တွေသိကြပါတယ်။
အထူးသဖြင့် Midnight Sun ၊ I Still See You စတဲ့ဇာတ်ကားတွေထဲမှာပေါ့။အဲ့ဒီလို နာမည်ကျော်ကြားတဲ့ မင်းသမီးချောဟာ ချစ်သူကောင်မလေးအသစ်ရှာဖွေနေတယ်ဆိုတဲ့သတင်းတွေထွက်ရှိလာခဲ့ပါတယ်။

Bella Thorne ဟာ မကြာသေးခင်ကမှ အသက် ၂၁နှစ်အရွယ် Tana Mongeau ဆိုတဲ့ Youtuber မိန်းကလေးနဲ့ ပြတ်စဲခဲ့တာဖြစ်ပါတယ်။
Bella Thorne ဟာ သူမရဲ့တွစ်တာအကောင့်မှာ “Tana နဲ့ ကျွန်မ ဆက်ပြီးလက်မတွဲဖြစ်တော့ပါဘူး။ကျေးဇူးပြုပြီးဘာမှမမေးမြန်းကြပါနဲ့”လို့ ရေးသား
ခဲ့ပြီး သူမတို့လမ်းခွဲပြတ်စဲကြောင်းကြေညာခဲ့တာဖြစ်ပါတယ်။

ဖေဖော်ဝါရီလတုန်းက နှစ်ယောက်သားပြတ်စဲခဲ့တာဖြစ်ပြီး မကြာသေးခင်ရက်ပိုင်းကတော့ Bella Thorne ဟာ “ဘယ်သူ ကျွန်မချစ်သူမိန်းကလေး
ဖြစ်ချင်လဲ?”ဆိုတဲ့ စာလေးနဲ့ သူမရဲ့ အမိုက်စားပုံလေးကို တွစ်တာမှာတင်ခဲ့ပါတယ်။အဲ့ဒီနောက် Tana ရဲ့ နေရာကိုလွှဲပြောင်းရယူချင်တဲ့
ပရိသတ်တွေရဲ့ကွန်းမန့်တွေအများအပြားရောက်ရှိလာခဲ့ကြောင်း Justjared မီဒီယာရဲ့ဖော်ပြချက်အရ သိရပါတယ်။

Bella Thorne ရဲ့ နောက်ထပ်ချစ်သူမိန်းကလေးက ဘယ်သူဖြစ်မလဲဆိုတာတော့ စိတ်ဝင်စားစရာပါပဲ။အခုလက်ရှိမှာတော့ သူမဟာ “Girl” ဆိုတဲ့
Thriller ရုပ်ရှင်မှာ ပါဝင်သရုပ်ဆောင်နေပါတယ်။သူမရဲ့ဇာတ်ကားသစ်လေးထွက်လာရင် အားပေးဖို့မမေ့နဲ့နော်

Ref:Justjared

48 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.