ဘာပဲလုပ်လုပ် စိတ်ပါလက်ပါလုပ်တတ်တဲ့ အကျင့်လေးရှိထားရင်

ဘာပဲလုပ်လုပ် စိတ်ပါလက်ပါလုပ်တတ်တဲ့အကျင့်လေးရှိရင် အရာရာအဆင်ပြေပါတယ်။
ထမင်းချက်တာ ၊ မီးဖိုတိုက် ၊ အိမ်သန့်ရှင်ရေး .. ဒီအလုပ်တွေက မင်းဝါဿနာပါတဲ့အလုပ်တော့
မဟုတ်ဘူး။ ဒါပေမယ့် အိမ်အလုပ်ဆိုတာ တစ်မိသားစုလုံးနဲ့ဆိုင်တယ် ဆိုတာ သိတယ်မလား။

အမေ မအားရင် ကိုယ်လုပ်ရမယ့် တာဝန်ရှိတယ်။ ဒါကို စိတ်မပါတပါနဲ့ လုပ်နေရင် အလုပ်တွင်မှာမဟုတ်
ပါဘူး။ အချိန်လည်း ပိုကြာတယ်။ အလုပ်တစ်ခုကို စိတ်နှစ်ပြီးလုပ်လိုက်တာက ကိုယ့်အတွက်
ကောင်းမွန်တဲ့ အကျိုးရလဒ်တွေရစေပါတယ်။

Image result for working

အဖေက သားဖြစ်သူကို ပြောတယ်။ ခြံထဲမှာ မြက်တွေရှည်နေပြီ ရိတ်လိုက်ပါဦးကွာ တဲ့။ စိတ်ပါရင်တော့
ပိုကောင်းတာပေါ့တဲ့။ အလုပ်ပိုတွင်ပြီး မြန်မြန်ပြီးစေချင်တဲ့ စေတနာနဲ့ အဖေကပြောလိုက်တာပါ။
တကယ်လည်း လက်တွေ့မှာဟုတ်ပါတယ်။ ဘာပဲလုပ်လုပ် စိတ်ပါလက်ပါလုပ်လိုက်ရင် ကိစ္စတွေ
ပြီးမြောက်သွားလည်း ရလဒ်အတွက် ကိုယ်တိုင်စိတ်ကျေနပ်မှုရှိရပါတယ်။ ဒီခံစားချက်က စိတ်နှစ်ပြီး
လုပ်တဲ့လူတွေပဲ နားလည်တယ်။

Image result for working

ဘောစိက ကိုယ်စိတ်မဝင်စားတဲ့ အလုပ်တစ်ခုကိုခိုင်းတယ်။ မင်းငြီးမယ်။ မလုပ်ချင်တာကို ဘာလို့
အတင်းလာခိုင်းတာလဲပေါ့ ။ ဒီလို ငြီးငြူမနေပဲ အတွေ့ကြုံအသစ်အနေနဲ့ လုပ်ချင်စိတ်လေးထားကြည့်ပါ
လား။ ဒါကိုသာ မင်းအောင်မြင်အောင်လုပ်နိုင်မယ်ဆို ဘောစိက ရာထူးတိုးဖို့ စဉ်းစားပေးရင်
စဉ်းစားပေးနိုင်တယ်။ ကိုယ့်အတွက် အခွင့်ရေးဆိုတာ ဖြစ်လာနိုင်တယ်။ ဘာပဲလုပ်လုပ် ငါလုပ်နိုင်တယ်၊
မသိရင် သင်ယူမယ်။ အတွေ့ကြုံသစ်တွေ ရှာမယ်ဆိုတဲ့ စိတ်လေးထည့်ထားရင် အကုန်အဆင်ပြေပါ့လိမ့်မယ်။

ဒါကြောင့် တစ်ဦးတစ်ယောက်က ကိုယ်မတတ်တဲ့အရာတစ်ခုကို ၊ စိတ်မဝင်စားတဲ့အရာတစ်ခုကို
လုပ်ခိုင်းကြည့်မယ်ဆိုရင် မစိုးရိမ်ပါနဲ့။ မတွေဝေပါနဲ့။ ရဲရဲကြီးသာ welcome လိုက်ပါ…

77 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.