အိုလံပစ်ရေကူးမယ်လေးနဲ့ချစ်သူဖြစ်နေကြောင်း သတင်းထွက်လာတဲ့ Zac Efron
ဖော်ပြလာခဲ့ပါတယ်။
View this post on Instagram
@lakings in overtime #freehockey
A post shared by Zac Efron (@zacefron) on
မကြာခင်မှာ သူတို့နှစ်ယောက်တကယ်ပဲဒိတ်နေကြောင်း တရားဝင်ကြေညာမလားဆိုတာ စောင့်ကြည့်ရဦးမှာပါပဲ 💕
Ref:AOL/Elle
Unicode
ကဲ အမေရိကန်မင်းသားချော Zac Efron တစ်ယောက်ကတော့ ချစ်သူရသွားပါပြီတဲ့နော်။သူရဲ့မိန်းကလေးပရိသတ်တွေ အသည်းကွဲရင် ကွဲလို့ရပါပြီ။။
ဒါပေမဲ့ အားလုံးထင်ထားကြသလို စိတ်ကူးထားကြသလို Selena Gomez နဲ့တော့မဟုတ်ခဲ့ပါဘူး။Sarah Bro ဆိုတဲ့ အိုလံပစ်ရေကူးမယ်လေးနဲ့
ချစ်သူဖြစ်နေတာပါလို့ သတင်းထွက်လာခဲ့တာဖြစ်ပါတယ်။
အသက် ၃၁နှစ်အရွယ် Zac Efron နဲ့ အသက် ၂၃ နှစ်အရွယ် Bro တို့ကို ပြီးခဲ့တဲ့ လတွေအတွင်း မကြာခဏအတူမြင်တွေ့ခဲ့ရပြီး မတ်လ ၇ရက်နေ့ကတော့ AOL မီဒီယာကနေ Zac Efron နဲ့ Sarah Bro တို့ဒိတ်နေပြီလို့ အတွင်းသိတစ်ဦးက Us Weekly မီဒီယာကိုပြောခဲ့ကြောင်း
ဖော်ပြလာခဲ့ပါတယ်။
သူတို့နှစ်ယောက်ကို ဇန်နဝါရီလတုန်းက ကိုယ်ကာယလေ့ကျင့်ရေးသင်တန်းတစ်ခုမှာ အတူတွေ့ခဲ့တာဖြစ်ပြီး မတ်လ ၁ရက်နေ့ကတော့ သူမဟာ လော့အိန်ဂျလိစ့်ရဲ့ Hockey Game ကစားပွဲကို ရောက်ရှိနေကြောင်း အင်စတာဂရမ်မှာပုံတင်ခဲ့ပြီး အဲ့ဒီမှာ Zac Elfron လည်းရှိခဲ့ကြောင်း အင်စတာဂရမ်မှာ Zac တင်ထားတဲ့ပိုစ့်အရသိခဲ့ရပါတယ်။နှစ်ယောက်တွဲပုံမဟုတ်ပေမဲ့လည်း ပရိသတ်တွေကတော့ သူတို့အတူရှိနေကြတယ်လို့ပဲယူဆထားခဲ့ကြပါတယ်။ဒီမတ်လထဲမှာပဲ သူတို့နှစ်ယောက် MMA ပြိုင်ပွဲကို အတူသွားကြည့်ကြတယ်လို့ မျက်မြင်တွေ့ခဲ့ကြတဲ့ ပရိသတ်တွေက E!News မီဒီယာကိုပြောပြခဲ့ပါတယ်။
မကြာခင်မှာ သူတို့နှစ်ယောက်တကယ်ပဲဒိတ်နေကြောင်း တရားဝင်ကြေညာမလားဆိုတာ စောင့်ကြည့်ရမှာပါပဲ။
Ref:AOL/Elle
119 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.