သူ့ရဲ့ပြောရေးဆိုခွင့်ရှိသူရဲ့အဆိုတစ်ခုမှာ Tik Tok သီချင်းရဲ့အဆိုတော်ဟာ အသေးစိတ်မဖေါ်ပြထားတဲ့ အစားအသောက်မူမမှန်မှုအတွက် ကုသမှုခံယူနေရတဲ့အတွက် ရက် ၃၀ ကြာအလုပ်လုပ်နိုင်ဦးမှာမဟုတ်ကြောင်းဖေါ်ပြထားပါတယ်။
“ကျွန်မကိုယ်ကျွန်မစစ်မှန်အောင်နေပြီး၊ ချစ်မြတ်နိုးတဲ့အတွက် ကျွန်မဟာ crusader စစ်သည်တစ်ယောက်ပါ။ ဒါပေမယ့် ဒါဟာ ကျင့်ကြံဖို့ခက်ခဲတယ်လို့ကျွန်မထင်ပါတယ်။ ကျွန်မကို ကျွန်မအဖြစ်နဲ့ပြန်ပြီး ချစ်တတ်ဖို့ကျွန်မ သင်ယူလိုပါတယ်” လို့သူမကပြောပါတယ်။
အသက် ၂၆ နှစ်အရွယ် Ke$ha ဟာ သက်သက်လွတ်စားသူတစ်ယောက်ဖြစ်ပြီး သူ့နာမည်ရင်းကတော့ Kesha Rose Sebert ဖြစ်ပါတယ်။
ကိုယ်အလေးချိန်လျော့ကျအောင်ကြိုးစားခဲ့တဲ့ Ke$ha ရဲ့ ၂၀၁၁ နဲ့ ၂၀၁၃ ပုံတွေကြားက ကွားခြားချက်ကိုကြည့်နိုင်ပါတယ်။
သိပ်မကြာသေးတဲ့ Ke$ha ရဲ့ဂီတဗီဒီယိုTimber မှာ Pitbull ပါဝင်ထားတာဖြစ်ပြီး Ke$ha တစ်ယောက်အရင်ကထက် သိသိသာသာကို ပိုပိန်နေတာတွေ့ရမှာပါ။
Ref:tmz