ပထမဆုံးရင်သွေးဦးလေးကို မွေးဖွားလိုက်ပြီဖြစ်တဲ့ မင်းသမီးချော Park Jung Ah
လို့သိရပါတယ်။
Source:Soompi
Unicode
နာမည်ကျော်တောင်ကိုရီးယားအနုပညာရှင်တစ်ယောက်ဖြစ်တဲ့ မင်းသမီး Park Jung Ah ဟာ သူမရဲ့ပထမဆုံးရင်သွေးလေးကို မွေးဖွားသန့်စင်ပြီးခဲ့ပြီ
လို့သိရပါတယ်။
မတ်လ ၈ရက်နေ့က သူမရဲ့အေဂျင်စီ Jellyfish Entertainment က “မင်းသမီး Park Jung Ah ဟာ ကျန်းမာလှပတဲ့သမီးလေးကို ဒီနေ့မွေး
ဖွားခဲ့ပါတယ်။ကလေးရော အမေပါကျန်းမာပါတယ်။ဂုဏ်ပြုဆုတောင်းစကားတွေပို့ပေးကြတဲ့သူတိုင်းကိုလည်း ကျွန်တော်တို့က ကျေးဇူးတင်ပါတယ်။အားလုံးကလည်း Park Jung Ah နဲ့သူမရဲ့မိသားစုပျော်ရွှင်ဖို့ဆုတောင်းပေးကြမယ်လို့ ကျွန်တော်တို့မျှော်လင့်ပါတယ်”လို့ ပြောခဲ့ပါတယ်။
မင်းသမီး Park Jung Ah ဟာ ၂၀၀၁ ခုနှစ်တုန်းက Jewelry မိန်းကလေးကေပေါပ့်အဖွဲ့ဝင်တစ်ယောက်အဖြစ် အနုပညာလောကထဲကိုဝင်ရောက်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ သရုပ်ဆောင်အလုပ်ကိုသာပိုပြီးအာရုံစိုက်ခဲ့တာဖြစ်ပါတယ်။သူမကို “Glamorous Temptation” “Oh My Ghostess” “Smile Donghae” စတဲ့ဇာတ်လမ်းတွဲတွေမှာမြင်တွေ့နိုင်ပါတယ်။၂၀၁၆ မှာတော့ ပရော်ဖက်ရှင်နယ်ဂေ့ါဖ်ကကစားသမား Jeon Sang Woo နဲ့လက်ထပ်ခဲ့တာဖြစ်ပြီး အခုဆိုရင်တော့ပထမဆုံးသမီးဦးလေးကိုပိုင်ဆိုင်ခဲ့ရပါပြီ။ဂုဏ်ပြုစကားလေးတွေပြောပေးခဲ့ဦးနော် ပရိသတ်ကြီး
Congratulations to Park Jung Ah and her family!
Source:Soompi
187 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.