မကြာသေးခင်ကမှ “Her Private Life” ဇာတ်လမ်းတွဲရိုက်ကူးဖို့ လက်ခံလိုက်ကြတဲ့ မင်းသမီးချော Park Min Young ၊မင်းသား Kim Jae Wook တို့ဟာ
သူတို့ရိုက်ကူးရမယ့်ဇာတ်လမ်းတွဲဇာတ်ညွှန်းကို စဖတ်နေပြီလို့သိရပါတယ်။
Webtoon တစ်ခုကို အခြေခံပြီးရိုက်ကူးမယ့်ဒီဇာတ်လမ်းတွဲကို ပရိသတ်အကြိုက်အနုပညာရှင်နှစ်ယောက်က တွဲဖက်ရိုက်ကူးမှာဖြစ်လို့ ပရိသတ်တွေက စိတ်လှုပ်ရှားပြီး အရမ်းတွေကြည့်ချင်နေကြပါပြီ (မထွက်သေးပေမဲ့ပေါ့ )
ဒီဇာတ်လမ်းတွဲလေးက Fangirl လေးတစ်ဖြစ်လဲ အနုပညာပြခန်းမှာ အလုပ်လုပ်တဲ့ ပြခန်းတာဝန်ခံ Sung Duk Mi အကြောင်းကို အဓိကပုံဖော်
ရိုက်ကူးသွားမှာဖြစ်ပါတယ်။ဒီဇာတ်လမ်းတွဲမှာ Park Min Young ၊ Kim Jae Wook ၊ Ahn Bo Hyun ၊ Park Jin Joo ၊Jung Jae Won (ONE) ၊ Hong Seo Young ၊ Kim Mi Kyung စတဲ့အနုပညာရှင်တွေပါဝင်မှာဖြစ်ပြီး ပထမဆုံးဇာတ်ညွှန်းစဖတ်တဲ့နေ့မှာလည်းအကုန်လုံးအတူတူရှိခဲ့ကြောင်းသိရပါတယ်။
အခုမှဇာတ်ညွှန်းစဖတ်တာဖြစ်ပြီး ဒီဇာတ်လမ်းတွဲလေးကို ဧပြီ လလယ်လောက်မှာ စတင်ပြသသွားမှာဖြစ်တယ်လို့လည်းသိရပါတယ်။အခုလက်ရှိ ပြသနေတဲ့
“Touch Your Heart”ဇာတ်လမ်းတွဲအပြီးမှာ ပြသမှာဖြစ်ပါတယ်။
Source:Allkpop