အသည္းကြဲပါမ်ားလာတဲ့အခါ အခ်စ္အေပၚ ဒီလိုျမင္သြားၾကတယ္…

အခ်စ္ေရးကံမေကာင္းလို႔ အသည္းခဏခဏကြဲေနတဲ႔အခါ အခ်စ္နဲ႔ပတ္သက္ျပီး သူတုိ႔ရဲ႔အေတြးအျမင္ေတြဟာ ေျပာင္းလဲလာၾကပါတယ္။တကယ္လုိ႔
သင္ဟာ အသည္းကြဲဖူးတဲ႔မိန္းကေလးတစ္ေယာက္၊ေယာက်္ားေလးတစ္ေယာက္ကုိ ခ်စ္မိတဲ႔အခါ ဒီလုိအရာေတြအတြက္ ၾကိဳတင္ျပင္ဆင္ထားသင့္ပါတယ္။
အသည္းကြဲပါမ်ားလာတဲ႔သူေတြ အခ်စ္နဲ႔ပတ္သက္လုိ႔ ဘယ္လိုေတြျမင္လာၾကလဲ?

*သူ/သူမ အနားခ်ဥ္းကပ္လာသူေတြကုိ သံသယနဲ႔ပဲ ၾကည့္တတ္လာတယ္

*ကုိယ္နဲ႔ ေတြ႔ဆံုလာသမ်ွသူေတြရဲ ႔ဆုိးကြက္ေတြကုိသာ အာရံုစုိက္ျမင္တတ္လာတယ္

*ဘာျဖစ္ျဖစ္ တုိက္ခုိက္တြန္းလွန္ဖုိ႔ထက္ အလြယ္တကူပဲ အရွံဳးေပးတတ္လာတယ္(ထပ္မခ်စ္ရဲေတာ့တာမ်ိဳး)

*အခ်စ္စစ္ဆုိတာ တကယ္ရွိတယ္လို႔ ယံုၾကည္လက္ခံဖုိ႔ ခက္လာတယ္။

*ေတာ္ရံုတန္ရံုခံစားခ်က္ေတြကုိ မ်ွေ၀မေျပာျပတတ္ေတာ့ဘူး။စိတ္ထဲမွာပဲ အျမဲသိမ္းထားတတ္လာတယ္

*လူတစ္ေယာက္ကုိ ထပ္ခ်စ္ရမွာ ေၾကာက္လာတယ္။ဒါေၾကာင့္ စိတ္ထဲကသံေယာဇဥ္ျဖစ္ျပီဆုိရင္ေတာင္ ေ၀းေ၀းကုိေရွာင္ေျပးလာတယ္။ဒီတစ္ခါလည္း
သူမအေပၚတကယ္ခ်စ္တဲ႔သူမဟုတ္ပါဘူးေလဆုိျပီး ႏွင္ထုတ္တတ္လာတယ္။

*ေနာက္ဆံုးအခ်က္ကေတာ့ အခ်စ္နဲ႔ပတ္သက္လို႔ သူမလက္ခံယုံၾကည္ထားတာေတြဟာ မွားယြင္းေနတယ္လုိ႔သက္ေသျပမယ့္တစ္စံုတစ္ေယာက္ကုိ သူမစိတ္ထဲကေန တိတ္တိတ္ေလးေမ်ွာ္လင့္တတ္လာတယ္ (သူမရဲ႔တကယ့္အတြင္းစိတ္ကေတာ့ အခ်စ္စစ္ဆုိတာရွိတယ္လုို႔လက္ခံယံုၾကည္ဖုိ႔ၾကိဳးစားေနတာပါ)

ဒီလိုအေတြးအျမင္ေတြဟာ အသည္းကြဲပါမ်ားလာတဲ႔အခါ ၀င္ေရာက္လာတတ္ပါတယ္။ဒီလုိအေတြးေတြရွိေနတဲ႔သူတစ္ေယာက္ ကုိယ့္အေပၚခ်စ္လာေအာင္
လုပ္ဖို႔ဆုိတာ တကယ္မလြယ္ပါဘူး။သူတုိ႔ ကုိယ့္အေပၚခ်စ္လာေအာင္လုပ္ႏုိင္မယ့္နည္းက ဒီအခ်က္ေတြက မွားယြင္းေနတဲ႔အေၾကာင္း သူမယံုေအာင္
သက္ေသျပ ခ်စ္ေပးဖို႔ပါပဲ (အခ်စ္စစ္မွန္ရင္ေတာ့ သူတုိ႔ရဲ႔စိတ္ကုိ အရယူနုိင္မွာပါ)။ေတာ္ရံုနဲ႔လက္ေလ်ွာ့လိုက္မယ္ဆုိရင္ေတာ့ သူမရဲ ႔အခုယံုၾကည္ခ်က္ေတြက
ဒီထက္ပုိခုိင္မာသြားဖို႔ပဲရွိပါေတာ့တယ္။

ကဲ ဘယ္လုိလဲ သူတို႔ရဲ႔အခ်စ္ကုိပုိင္ဆုိင္ရယူဖုိ႔ သင့္အခ်စ္ကုိယ္သင္ ယံုၾကည္မႈရွိရဲ႔လား?

Ref:relrules.com

Unicode

အချစ်ရေးကံမကောင်းလို့ အသည်းခဏခဏကွဲနေတဲ့အခါ အချစ်နဲ့ပတ်သက်ပြီး သူတို့ရဲ့အတွေးအမြင်တွေဟာ ပြောင်းလဲလာကြပါတယ်။တကယ်လို့
သင်ဟာ အသည်းကွဲဖူးတဲ့မိန်းကလေးတစ်ယောက်၊ယောကျ်ားလေးတစ်ယောက်ကို ချစ်မိတဲ့အခါ ဒီလိုအရာတွေအတွက် ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။
အသည်းကွဲပါများလာတဲ့သူတွေ အချစ်နဲ့ပတ်သက်လို့ ဘယ်လိုတွေမြင်လာကြလဲ?

*သူ/သူမ အနားချဉ်းကပ်လာသူတွေကို သံသယနဲ့ပဲ ကြည့်တတ်လာတယ်

*ကိုယ်နဲ့ တွေ့ဆုံလာသမျှသူတွေရဲ့ဆိုးကွက်တွေကိုသာ အာရုံစိုက်မြင်တတ်လာတယ်

*ဘာဖြစ်ဖြစ် တိုက်ခိုက်တွန်းလှန်ဖို့ထက် အလွယ်တကူပဲ အရှုံးပေးတတ်လာတယ်(ထပ်မချစ်ရဲတော့တာမျိုး)

*အချစ်စစ်ဆိုတာ တကယ်ရှိတယ်လို့ ယုံကြည်လက်ခံဖို့ ခက်လာတယ်။

*တော်ရုံတန်ရုံခံစားချက်တွေကို မျှဝေမပြောပြတတ်တော့ဘူး။စိတ်ထဲမှာပဲ အမြဲသိမ်းထားတတ်လာတယ်

*လူတစ်ယောက်ကို ထပ်ချစ်ရမှာ ကြောက်လာတယ်။ဒါကြောင့် စိတ်ထဲကသံယောဇဉ်ဖြစ်ပြီဆိုရင်တောင် ဝေးဝေးကိုရှောင်ပြေးလာတယ်။ဒီတစ်ခါလည်း
သူမအပေါ်တကယ်ချစ်တဲ့သူမဟုတ်ပါဘူးလေဆိုပြီး နှင်ထုတ်တတ်လာတယ်။

*နောက်ဆုံးအချက်ကတော့ အချစ်နဲ့ပတ်သက်လို့ သူမလက်ခံယုံကြည်ထားတာတွေဟာ မှားယွင်းနေတယ်လို့သက်သေပြမယ့်တစ်စုံတစ်ယောက်ကို သူမစိတ်ထဲကနေ တိတ်တိတ်လေးမျှော်လင့်တတ်လာတယ် (သူမရဲ့တကယ့်အတွင်းစိတ်ကတော့ အချစ်စစ်ဆိုတာရှိတယ်လို့လက်ခံယုံကြည်ဖို့ကြိုးစားနေတာပါ)

ဒီလိုအတွေးအမြင်တွေဟာ အသည်းကွဲပါများလာတဲ့အခါ ဝင်ရောက်လာတတ်ပါတယ်။ဒီလိုအတွေးတွေရှိနေတဲ့သူတစ်ယောက် ကိုယ့်အပေါ်ချစ်လာအောင်
လုပ်ဖို့ဆိုတာ တကယ်မလွယ်ပါဘူး။သူတို့ ကိုယ့်အပေါ်ချစ်လာအောင်လုပ်နိုင်မယ့်နည်းက ဒီအချက်တွေက မှားယွင်းနေတဲ့အကြောင်း သူမယုံအောင်
သက်သေပြ ချစ်ပေးဖို့ပါပဲ (အချစ်စစ်မှန်ရင်တော့ သူတို့ရဲ့စိတ်ကို အရယူနိုင်မှာပါ)။တော်ရုံနဲ့လက်လျှော့လိုက်မယ်ဆိုရင်တော့ သူမရဲ့အခုယုံကြည်ချက်တွေက
ဒီထက်ပိုခိုင်မာသွားဖို့ပဲရှိပါတော့တယ်။

ကဲ ဘယ်လိုလဲ သူတို့ရဲ့အချစ်ကိုပိုင်ဆိုင်ရယူဖို့ သင့်အချစ်ကိုယ်သင် ယုံကြည်မှုရှိရဲ့လား?

Ref:relrules.com

 

193 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.