မင်းသမီး Jung Yu Mi နဲ့အတူတွဲဖက်မြင်တွေ့ရတော့မယ့် Nam Joo Hyuk

Weightlifting Fairy Kim Bok-joo ၊ The Bride of Habaek စတဲ့ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်အချစ်ခံလာရသူ မင်းသားချော Nam Joo Hyuk ဟာ Netflix ကစီစဉ်ရိုက်ကူးမယ့် ကိုရီးယားဇာတ်လမ်းတွဲ “School Nurse Ahn Eun Young” မှာ ခေါင်းဆောင်မင်းသားအဖြစ်ပါဝင်သရုပ်ဆောင်သွားဖို့ရှိတယ်လို့ သတင်းမီဒီယာတစ်ခုက ဖော်ပြလာခဲ့ပါတယ်။

“School Nurse Ahn Eun Young” ဇာတ်လမ်းတွဲဟာ ဆုရ၀တ္ထုတစ်အုပ်ဖြစ်ပြီး အဲ့ဒီစာအုပ်ကိုအခြေခံကာရိုက်ကူးသွားမှာဖြစ်တယ်လို့သိရပါတယ်။ဒီဇာတ်လမ်းတွဲကိုတော့ “The Truth Beneath” ၊ “Crush and Blush”စတဲ့ ရုပ်ရှင်တွေရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Lee Kyung Mi ရိုက်ကူးမှာလို့သိရပြီး ခေါင်းဆောင်မင်းသမီးအဖြစ် Jung Yu Mi က အတည်ပြုလက်ခံထားခဲ့ပါတယ်။

ဇာတ်လမ်းပုံစံက ဥာဏ်ကောင်းပြီးအကြောက်အလန့်မရှိ၊၀ိညာဉ်တွေကို မောင်းထုတ်နိုင်တဲ့ ကျောင်းက သူနာပြုဆရာမတစ်ယောက်နဲ့ ဘယ်နေရာမဆို အလွန်အမင်းသတိထားကာကွယ်တတ်တဲ့ ကျောင်းဆရာတစ်ယောက်ရဲ့အကြောင်းကိုရိုက်ကူးထားတဲ့စိတ်ကူးယဉ်ဇာတ်လမ်းလည်းဖြစ်ပါတယ်။

မင်းသား Nam Joo Hyuk ဟာ ဒီဇာတ်လမ်းတွဲမှာ ကားအက်စီးဒင့်ကြောင့်ခြေထောက်သိပ်မသန်တော့တဲ့ ကျောင်းဆရာ Hong In Pyo အဖြစ် သရုပ်ဆောင်ထားပြီး မင်းသမီး Jung Yu Mi ကတော့ ဒီဇာတ်လမ်းတွဲမှာ သူနာပြုဆရာမ Ahn Eun Young အဖြစ်သရုပ်ဆောင်မှာဖြစ်ပါတယ်။Nam Joo Hyuk ဟာ မကြာခင်ကပဲ Radiant ဇာတ်လမ်းတွဲကိုရိုက်ကူးခဲ့တာဖြစ်ပြီး မကြာခင်မှာ ဒီဇာတ်လမ်းတွဲသစ်ကို စတင်ရိုက်ကူးတော့မှာပဲဖြစ်ပါတယ်။အားပေးဖို့အသင့်ပဲလား?

Source:Soompi

207 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.