ေရေႏြးအျဖဴထည္ေသာက္ျခင္းက သင့္ကုိဘယ္လိုေကာင္းက်ိဳးေတြယူေဆာင္လာေပးႏုိင္လဲ?

သင့္ရဲ႔ တစ္ေန႔တာအစကုိ လက္ဖက္ေျခာက္မခတ္ထားတဲ႔ေရေႏြးျဖဴတစ္ခြက္နဲ႔စတင္လုိက္မယ္ဆုိရင္ သင့္မွာဒီလုိေကာင္းက်ိဳးေတြရလာႏုိင္တယ္ဆုိတာ
သိရဲ႔လား?ေရေႏြးျဖဴထဲကုိ သံပုရာသီးေလးတစ္စိတ္ေလာက္ညွစ္ထည့္လုိက္မယ္ဆုိရင္ေတာ့ ပိုျပီးေကာင္းပါတယ္။ကဲ ဒီေတာ့ ဘယ္လိုေကာင္းက်ိဳးေတြ
ရလာမွာလဲ ဆက္ဖတ္ၾကည့္လိုက္ပါဦး

*၀ိတ္က်ေစတယ္
၀ိုးးေလ့လာခ်က္ေတြအရ ေရေႏြးအျဖဴထဲကုိ သံပုရာသီးတစ္စိတ္ေလာက္ညွစ္ထည့္ျပီး မနက္ႏုိးလာတုိင္းေသာက္ေပးမယ္ဆုိရင္ အစာေျခစနစ္ကုိ
ေကာင္းမြန္ေစျပီး တစ္ေန႔တာလံုးကယ္လိုရီကုိျမန္ျမန္ေလာင္ကြ်မ္းေစတယ္လုိ႔သိရပါတယ္။အစာအိမ္ကုိလည္းသန္႔ရွင္းေပးလုိ႔ အဆိပ္အေတာက္ေတြလည္း
ကင္းေစပါတယ္။

*ႏွာေခါင္းပိတ္၊ႏွာေစးျခင္းအတြက္ေဆးတစ္လက္
ႏွာေခါင္းပိတ္တယ္။ႏွာေစးေနတယ္ဆုိရင္ ေရေႏြးအျဖဴထည္ေလးတစ္ခြက္သာ ေသာက္ေပးလုိက္ပါ။ေရေႏြးေႏြးေလးေသာက္ေပးျခင္းက ႏွာေခါင္းပိတ္တာကုိ
အျမန္ဆံုးသက္သာသြားေစႏုိင္ပါတယ္။

*ခႏၶာကုိယ္တြင္းအဆိပ္အေတာက္ကင္းစင္ေစဖို႔ကူညီေပးတယ္
ေရေႏြးေသာက္လိုက္တဲ႔အခါမွာ ခႏၶာကုိယ္အပူခိ်န္က ျမင့္တက္သြားျပီး ခႏၶာကုိယ္ရဲ႔အဆိပ္အေတာက္ေတြထြက္ရာ ေခြွ်းအျဖစ္ေျပာင္းလဲသြားပါတယ္။
ေခြ်းထြက္ေလ ခႏၶာကုိယ္ထဲက အဆိပ္ေတြကင္းေလပါပဲ။ကုိယ္ေတြေန႔စဥ္စားသံုးေနတဲ႔အစားအစာေတြကေန က်န္ရစ္ခဲ႔တဲ႔အဆိပ္အေတာက္ေတြကုိဖယ္ရွားဖို႔
မနက္ႏုိးလာတုိင္း ေရေႏြးအျဖဴထည္ေလးတစ္ခြက္ေသာက္ေပးသင့္ပါတယ္။

*ေညာင္းညာကုိက္ခဲမႈေတြသက္သာေစတယ္
ေရေႏြးေသာက္ေပးတာက ေသြးေၾကာေတြထဲကေန တစ္ရွဴးေတြထိ ေသြးစီးဆင္းမႈကုိပုိမုိတုိးတက္ေကာင္းမြန္ေစျပီး ၾကြက္သားေတြ အနားယူနုိင္ေအာင္
ကူညီေပးႏုိင္ပါတယ္။အရုိးအဆစ္နာက်င္တာေတြ၊ခႏၶာကုိယ္ကုိက္ခဲတာေတြျဖစ္လာတဲ႔အခါ ညအိပ္ရာမ၀င္ခင္ ေရေႏြးတစ္ခြက္ေသာက္ျပီးအိပ္ပါ။
ေကာင္းေကာင္းလည္းအိပ္ေပ်ာ္တဲ႔အျပင္ မနက္က်ရင္ ေပါ့ပါးလန္းဆန္းသြားတာသတိထားမိပါလိ့မ္မယ္။

*ေသြးလည္ပတ္မႈေကာင္းမြန္ေစတယ္
ေရေႏြးျဖဴတစ္ခြက္ ပံုမွန္ေသာက္ေပးတဲ႔အခါ ခႏၶာကုိယ္တြင္းေသြးလည္ပတ္မႈကုိပိုေကာင္းလာေစျပီး ေသြးဖိအားလည္းေကာင္းလာေစတယ္။နာတာရွည္
ေရာဂါျဖစ္ပြားမႈကိုလည္းေလ်ွာ့ခ်ေပးႏုိင္ေၾကာင္း သိရပါတယ္။

*၀မ္းခ်ဳပ္ျခင္းကေနလည္း ကာကြယ္ေပးတယ္
သင္ဟာ မၾကာခဏ၀မ္းခ်ဳပ္တတ္သူဆုိရင္ ဒီနည္းေလးကိုစမ္းၾကည့္သင့္ပါတယ္။မနက္နုိးလာျပီး ဘာမွမစားရေသးခင္ ေရေႏြးျဖဴတစ္ခြက္ေသာက္လိုက္ပါ။ဒါက
သင့္ရဲ႔အစာအိမ္လႈပ္ရွားမႈကုိေကာင္းမြန္ေစျပီး၀မ္းခ်ဳပ္ျခင္းကေန ကာကြယ္ေပးပါတယ္။တစ္ရက္ျခားစီေလာက္ မနက္တုိင္းပံုမွန္ေသာက္ေပးမယ္ဆုိရင္
၀မ္းလည္းပံုမွန္ျဖစ္သြားပါလိမ့္မယ္။

Unicode

သင့်ရဲ့ တစ်နေ့တာအစကို လက်ဖက်ခြောက်မခတ်ထားတဲ့ရေနွေးဖြူတစ်ခွက်နဲ့စတင်လိုက်မယ်ဆိုရင် သင့်မှာဒီလိုကောင်းကျိုးတွေရလာနိုင်တယ်ဆိုတာ
သိရဲ့လား?ရေနွေးဖြူထဲကို သံပုရာသီးလေးတစ်စိတ်လောက်ညှစ်ထည့်လိုက်မယ်ဆိုရင်တော့ ပိုပြီးကောင်းပါတယ်။ကဲ ဒီတော့ ဘယ်လိုကောင်းကျိုးတွေ
ရလာမှာလဲ ဆက်ဖတ်ကြည့်လိုက်ပါဦး

*ဝိတ်ကျစေတယ်
ဝိုးးလေ့လာချက်တွေအရ ရေနွေးအဖြူထဲကို သံပုရာသီးတစ်စိတ်လောက်ညှစ်ထည့်ပြီး မနက်နိုးလာတိုင်းသောက်ပေးမယ်ဆိုရင် အစာခြေစနစ်ကို
ကောင်းမွန်စေပြီး တစ်နေ့တာလုံးကယ်လိုရီကိုမြန်မြန်လောင်ကျွမ်းစေတယ်လို့သိရပါတယ်။အစာအိမ်ကိုလည်းသန့်ရှင်းပေးလို့ အဆိပ်အတောက်တွေလည်း
ကင်းစေပါတယ်။

*နှာခေါင်းပိတ်၊နှာစေးခြင်းအတွက်ဆေးတစ်လက်
နှာခေါင်းပိတ်တယ်။နှာစေးနေတယ်ဆိုရင် ရေနွေးအဖြူထည်လေးတစ်ခွက်သာ သောက်ပေးလိုက်ပါ။ရေနွေးနွေးလေးသောက်ပေးခြင်းက နှာခေါင်းပိတ်တာကို
အမြန်ဆုံးသက်သာသွားစေနိုင်ပါတယ်။

*ခန္ဓာကိုယ်တွင်းအဆိပ်အတောက်ကင်းစင်စေဖို့ကူညီပေးတယ်
ရေနွေးသောက်လိုက်တဲ့အခါမှာ ခန္ဓာကိုယ်အပူချိန်က မြင့်တက်သွားပြီး ခန္ဓာကိုယ်ရဲ့အဆိပ်အတောက်တွေထွက်ရာ ခွျှေးအဖြစ်ပြောင်းလဲသွားပါတယ်။
ချွေးထွက်လေ ခန္ဓာကိုယ်ထဲက အဆိပ်တွေကင်းလေပါပဲ။ကိုယ်တွေနေ့စဉ်စားသုံးနေတဲ့အစားအစာတွေကနေ ကျန်ရစ်ခဲ့တဲ့အဆိပ်အတောက်တွေကိုဖယ်ရှားဖို့
မနက်နိုးလာတိုင်း ရေနွေးအဖြူထည်လေးတစ်ခွက်သောက်ပေးသင့်ပါတယ်။

*ညောင်းညာကိုက်ခဲမှုတွေသက်သာစေတယ်
ရေနွေးသောက်ပေးတာက သွေးကြောတွေထဲကနေ တစ်ရှူးတွေထိ သွေးစီးဆင်းမှုကိုပိုမိုတိုးတက်ကောင်းမွန်စေပြီး ကြွက်သားတွေ အနားယူနိုင်အောင်
ကူညီပေးနိုင်ပါတယ်။အရိုးအဆစ်နာကျင်တာတွေ၊ခန္ဓာကိုယ်ကိုက်ခဲတာတွေဖြစ်လာတဲ့အခါ ညအိပ်ရာမဝင်ခင် ရေနွေးတစ်ခွက်သောက်ပြီးအိပ်ပါ။
ကောင်းကောင်းလည်းအိပ်ပျော်တဲ့အပြင် မနက်ကျရင် ပေါ့ပါးလန်းဆန်းသွားတာသတိထားမိပါလိ့မ်မယ်။

*သွေးလည်ပတ်မှုကောင်းမွန်စေတယ်
ရေနွေးဖြူတစ်ခွက် ပုံမှန်သောက်ပေးတဲ့အခါ ခန္ဓာကိုယ်တွင်းသွေးလည်ပတ်မှုကိုပိုကောင်းလာစေပြီး သွေးဖိအားလည်းကောင်းလာစေတယ်။နာတာရှည်
ရောဂါဖြစ်ပွားမှုကိုလည်းလျှော့ချပေးနိုင်ကြောင်း သိရပါတယ်။

*ဝမ်းချုပ်ခြင်းကနေလည်း ကာကွယ်ပေးတယ်
သင်ဟာ မကြာခဏဝမ်းချုပ်တတ်သူဆိုရင် ဒီနည်းလေးကိုစမ်းကြည့်သင့်ပါတယ်။မနက်နိုးလာပြီး ဘာမှမစားရသေးခင် ရေနွေးဖြူတစ်ခွက်သောက်လိုက်ပါ။ဒါက
သင့်ရဲ့အစာအိမ်လှုပ်ရှားမှုကိုကောင်းမွန်စေပြီးဝမ်းချုပ်ခြင်းကနေ ကာကွယ်ပေးပါတယ်။တစ်ရက်ခြားစီလောက် မနက်တိုင်းပုံမှန်သောက်ပေးမယ်ဆိုရင်
ဝမ်းလည်းပုံမှန်ဖြစ်သွားပါလိမ့်မယ်။

225 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.