အယုံလွယ်ခြင်းရဲ့နောက်ဆက်တွဲ ဖောက်ပြန်ခြင်းသဘောတရားတွေ

မိန်းကလေးတွေဟာ သိပ်အယုံလွယ်ကြပါတယ်။ ချစ်မိပြီဆိုရင် ကိုယ့်ဘဝကြီးတစ်ခုလုံး သူ့အတွက်ပဲ
ဆိုပြီး ပုံအောပေးချင်ကြတယ်မဟုတ်လား။ သူကတော့ ငါ့အပေါ်သိပ်ချစ်ရှာတာ။ ဘယ်တော့မှ
ငါစိတ်ဆင်းရဲမယ့်အဖြစ်မျိုး ကျူးလွန်မှာမဟုတ်ဘူးလား မိုက်ရူးရဲ ယုံပစ်လိုက်ပြီလား ။

Image result for break trust

ဘယ်တော့မှ မလုပ်ဘူးဆိုတဲ့ လူတွေကပါ နောက်ကျောဓားနဲ့ထိုးသွားတာတွေ အများကြီးရယ်။
မခုတ်တတ်တဲ့ကြောင်တွေက ပိုကြောက်ဖို့ကောင်းတယ်ဆိုသလိုပါပဲ။ လူဆိုတာ အမြဲတမ်းပြောင်းလဲ
တတ်ပါတယ်။ အချိန်မရွေး ကိုယ်မဟုတ်တဲ့ အခြားတစ်ယောက်ကို ချစ်မိသွားနိုင်တယ်။
ကိုယ်ဟာ သူမဟုတ်တဲ့အတွက် သူ့စိတ်ထဲဘာဖြစ်နေလဲ ဘာဆို ဘာမှမသိနိုင်ဘူး။

လူတစ်ယောက်ဖောက်ပြန်တယ်ဆိုတာ သူ့ရဲ့စိတ်ဓာတ် ၊ ပတ်ဝန်းကျင် ၊ အသိုင်းဝိုင်း ဒီ(၃)ချက်နဲ့
ဆက်စပ်နေပါတယ်။ ယောက်ျားတွေဆိုတာ အပျော်ပါးသိပ်မက်တယ်။ ဘာမှမဖြစ်လောက်ပါဘူးကနေ
စပြီး မီးထွန်းလိုက်တဲ့အပူဟာ တောက်လျှောက် သက်ဆိုင်ရာလူတွေကိုပါ လောင်မြိုက်စေတော့တာပါပဲ။

Related image

ဟိုးအရင်က သစ္စာတရားဆိုတာလည်း ရုပ်ရှင်တွေ၊ ဇာတ်လမ်း ဝတ္ထုတွေမှာပဲရှိတော့တာ ဆိုတော့
ဒီခေတ်ကြီးထဲ ဘာကိုမှအယုံမလွယ်မိစေဖို့ပဲ ပြောချင်ပါတယ်။ နားထဲမှာ ဒီလိုအကြောင်းတွေ
ကြားရ ၊ မြင်ရတွေ့ရတာတွေဟာ တကယ်ကိုအံ့သြလောက်စရာကောင်းလို့ ကိုယ့်စိတ်ကိုယ်သာ ပြင်ဆင်ပါ။

တချို့ ဆို မိသားစုပြိုလဲတဲ့ထိ အရှုံးပေးခဲ့ရတာတွေ အို… ကြားလို့မှ မကောင်း။ သူတို့ခြေလှမ်းတွေ
ပုံမှန်မဟုတ်တော့ဘူးဆိုတာနဲ့ လုပ်စရာရှိတာလုပ်ပါ။ တွေဝေမနေနဲ့ ။ ပြန်ငဲ့မကြည့်နဲ့။ သူတောင်
ကိုယ့်ခံစားချက်ကို ထည့်တွက်ခဲ့တာမှမဟုတ်တာ။ ဒီတော့ တကယ်လို့ပေါ့.. တကယ်လို့ ဖြစ်လာခဲ့ရင်
ကိုယ့်ဘာသာ ကြံကြံခိုင်နိုင်အောင် ကြိုးစားနော်။ ကိုယ်ပေးတဲ့အချစ်လို သူလည်း ပြန်ပေးလိမ့်မယ်လို့
ယုံနေရင်တော့ မှားလိမ့်မယ်.. မိန်းကလေးတို့ရေ..

397 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.