ကောင်မလေးတွေ အသည်းစွဲဖြစ်နေတဲ့ ထိုင်းမင်းသားလေး Naphat Siangsomboon အကြောင်း

ကဲ..ကဲ.. လတ်တလော ရုံတင်နေတဲ့ ” Friend Zone ” ထိုင်းကားလေး ကြည့်ပြီးကြပြီလား…
ဒီဇာတ်ကားထဲက မင်းသားလေးကိုတော့ ကောင်မလေးတွေ အသည်းစွဲနေပြီ ကြားတယ်။
ဒါဆို သူ့အကြောင်းလေး တီးခေါက်ကြည့်ရအောင်လား..


ပရိတ်သတ်တွေ သတိထားမိလားတော့ မသိပါဘူး။ သူ့ကို Nivea For Men ကြေငြာမှာ တွေ့ဖူးလိမ့်မယ်
ထင်ပါတယ်။ နောက်တော့ King Power ကြေငြာမှာ လူတွေစသိလာခဲ့ပါတယ်။ သူပထမဆုံစး စရိုက်ခဲ့တဲ့
ဒရာမာကတော့ ” Rak Kan Panlawan” ဖြစ်ပါတယ်။ နောက်တစ်ခုက သူဘာလို့ ဒီလောက်ချောနေတာလဲ သိချင်မှာပေါ့။

Naphat ရဲ့အမေက Miss Thailand World 1988 မှာ second runner up ဆုရထားတဲ့
ထိုင်းမင်းသမီးချော Pimpaka Siangsomboon တဲ့လေ။ ဒီအမေနဲ့ ဒီသားကတော့ မချောပဲ ဘယ်နေ
တော့မလဲ။ Mahidol University International College,MUIC မှာ Communication Design နဲ့
ဘွဲ့ရခဲ့ပါတယ်။

Image may contain: 2 people, people smiling, people standing

(သူ့မေမေနဲ့ ) 

အသက်လား… ? ၁၉၉၆ခုနှစ် မေလမှာမွေးတဲ့ (၂၂)နှစ်သားလေးပါနော်… အရပ်က ၆ပေ ၁လက်မ
ရှိသတဲ့။ လက်ရှိမှာ ကောင်မလေးက ရှိလား ၊ မရှိလား စာရေးသူလည်း သိဖူး.. xP

ဒါနဲ့ Naphat ရဲ့ ဒီမှာရုံတင်နေတဲ့ ဇာတ်ကားလေးနဲ့ပတ်သတ်ပြီးတော့လည်း နည်းနည်းပြောပြချင်ပါတယ်။
မင်းသမီးက ကိုယ်တွေသိပြီးသားဖြစ်တဲ့ ”First Love” ဇာတ်ကားထဲက Pimchanok Luevisadpaibul
နဲ့အတူ သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဘာလို့ ဒီ ” Friend Zone ” ကားလေးက နာမည်ကြီးနေတာလဲ။

ဆယ်ကျော်သက်လူငယ်လေးတွေလည်း အကြိုက်တွေ့မယ်ဆိုတာ သေချာပေါက်ပဲလေ။ သူငယ်ချင်း
ပေမယ့် ချစ်ကလည်းချစ်နေ friend zone ထဲကလည်း မထွက်ချင်ဆိုတော့ သူတို့ကြုံတွေ့ရမယ့်
အလွမ်း ၊ အဆွေးခန်းတွေကတော့ အခြေအနေချင်းတူတဲ့သူတွေ ကိုယ်ချင်းစာနိုင်ကြမယ်ထင်ပါတယ်နော်။
ဒီဇာတ်ကားလေးက သိပ်လည်းရယ်ရသလို အရမ်းလည်း ထိရှကြေကွဲရပါသတဲ့။

Image result for friendzone thai movie
ကြည့်ဖို့အရှိန်ယူနေတဲ့သူတွေရော၊ အချစ်ကိုခံစားချင်သူတွေ ဒီကားလေးကို ကြည့်ဖြစ်အောင် ကြည့်လိုက်ပါဦးလို့…

167 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.