အမြဲတမ်းကြိုတင်အစီအစဉ်ချဖို့စဉ်းစားတွေးတောနေတာဟာ သင့်ကျန်းမာရေးကို ဒီလိုထိခိုက်စေနိုင်
လှမ်းပါ။
Unicode
ကြိုတင်အစီအစဉ်ချတတ်တဲ့အလေ့အကျင့်က ကောင်းပါတယ်။ဒါပေမဲ့ နောက်တစ်နေ့စာအတွက်တင်မက နောက်ရက်တွေအထိ ဘာလုပ်ရမယ်၊ညာလုပ်ရမယ်
ကြိုတင်စဉ်းစားနေမယ်ဆိုရင် ဒါက သင့်ကျန်းမာရေးအတွက်မကောင်းစေပါဘူး။ဦးနှောက်ကိုအလွန်အကျွံအလုပ်ပေးနေသလိုဖြစ်တဲ့အပြင်
စိတ်ပင်ပန်းမှုတွေလည်း ရနိုင်ပါတယ်။ဖြစ်ချင်တာတွေ၊လုပ်ချင်တာတွေအရမ်းများလာတဲ့အခါ စိတ်ကရော၊ခန္ဓာကိုယ်ကရော မလိုက်နိုင်တော့ပါဘူး။
သင်ဟာ နောက်ရက်တွေအထိ ကြိုတင်အစီအစဉ်ချဖို့ အမြဲစဉ်းစားတွေးတောပူပန်နေတတ်သူဆိုရင် အချိန်ကြာလာတဲ့အခါ
သင့်မှာ ဒီလိုအချက်တွေ ထိခိုက်လာနိုင်ပါတယ်။
စိတ်ပိုင်းဆိုင်ရာအရဆိုရင်
*ကြိုတင်တွေးတောရလွန်းတဲ့အတွက် စိတ်ပင်ပန်းမှုတွေဖြစ်လာမယ်
*ဦးနှောက်ကို မနားတမ်းအလုပ်ပေးနေတဲ့အတွက် ကြာလာတဲ့အခါ ဆုံးဖြတ်ချက်ကိုပြတ်သားစွာမချနိုင်ပဲ စိတ်ရှုပ်ထွေးလာတတ်ပါတယ်
*တစ်ယောက်တည်းရုန်းကန်နေရတယ်ဆိုတဲ့စိတ်မျိုးဝင်လာပြီး အထီးကျန်စိတ်ကိုခံစားလာရမယ်
*ဖြစ်ချင်တာတွေ၊လုပ်ချင်တာတွေ တအားများလာတဲ့အခါ ဘယ်လောက်ကြိုးစားကြိုးစား မပြည့်စုံသေးဘူးဆိုတဲ့စိတ်နဲ့ မျှော်လင့်ချက်မဲ့သလိုခံစားလာရမယ်
ရုပ်ပိုင်းဆိုင်ရာအရဆိုရင်
*ညဘက်တွေအိပ်ပျော်ဖို့ခက်ခဲလာမယ်
*မကြာခဏဆိုသလို ခေါင်းကိုက်ဝေဒနာခံစားလာရမယ်
*ဘာမှမလုပ်ရသေးဘူး ပင်ပန်းနွမ်းနယ်သလိုဖြစ်လာမယ်
*စိတ်ရော ကိုယ်ပါ သေချာအနားမယူတဲ့အတွက် ခန္ဓာကိုယ်ကြီးက အမြဲညောင်းညာကိုက်ခဲနေမယ်
ကိုယ်လုပ်ချင်တာတွေအရမ်းများလို့ ကြိုးစားနေတယ်ဆိုပေမဲ့ အလွန်အကျွံဖြစ်လာတဲ့အခါ Negative emotion တွေက အလွယ်တကူ
ဝင်ရောက်လာတတ်ပါတယ်။ဒါကြောင့် ဘဝမှာ အောင်မြင်ချင်ရင် ဖြည်းဖြည်းနဲ့မှန်မှန်သွားပါ။အချိန်မှန်သွားပါ။ကိုယ်လှမ်းနိုင်သလောက် ခြေလှမ်းကို
လှမ်းပါ။
28 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.