အဆိုတော်၊ မင်းသမီး၊ ရုပ်သံသရုပ်ဆောင်၊ ဖက်ရှင်ဒီဇိုင်နာ ဖြစ်တဲ့ Jessica Simpsonဟာ ဘောလုံးသမားဟောင်း Eric Johnsonနဲ့ ၂၀၁၄ခုနှစ်မှာ လက်ထပ်တော့မှာဖြစ်ကြောင်း “အချိန်ကျပြီ။”လို့ အတည်ပြုပြောသွားပါတယ်။
အသက် ၃၃နှစ်ရှိပြီဖြစ်တဲ့ ဖက်ရှင်အထင်ကရ Jessica Simpsonဟာ ၂၀၁၀ခုနှစ်တုန်းက Johnson နဲ့ စေ့စပ်ခဲ့ပါတယ်။ သားဦး Ace ကိုကိုယ်ဝန်ဆောင်တုန်း ၅လမတိုင်ခင် ပျက်ကျခဲ့ပြီး သမီးဦး Maxwell ကို ၂၀၁၂၊ မေလမှာ ပထမဆုံးအကြိမ်မွေးဖွားခဲ့ပါတယ်။ အဲ့ဒီ့နောက် လက်ထပ်ဖို့နှစ်ကြိမ် စီစဉ်ထားခဲ့ပေမဲ့ Jessica Simpsonက ဖျက်ခဲ့တယ်လို့သိရပါတယ်။
Jessica Simpson ဟာ ၂၀၀၆ခုနှစ်မှာ အဆိုတော် Nick Lachey နဲ့ကွာရှင်းခဲ့တာဖြစ်တဲ့အတွက် ခုတစ်ကြိမ်ဟာ ဒုတိယမြောက် မင်္ဂလာလက်ထပ်ပွဲပဲဖြစ်ပါတယ်။ Eric Johnsonဟာလည်း ၂၀၁၀ခုနှစ်မှာ ဇနီးဟောင်း Keri Johnsonနဲ့ ၂၀၁၀၊ မေလမှာ ကွဲခဲ့ပါတယ်။
Ref:starpulse
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။