‘Produce X 101’ မွာ MC အျဖစ္ျမင္ေတြ႔ရေတာ့မယ့္ မင္းသားေခ်ာ Lee Dong Wook

အခုလတ္တေလာ မိန္းကေလးပရိသတ္ေတြၾကား “ဦး”ဆုိျပီး ျပန္လည္ေရပန္းစားေနတဲ႔သူကေတာ့ ေတာင္ကုိရီးယားမင္းသားေခ်ာ
Lee Dong Wook ပဲျဖစ္ပါတယ္။အႏုပညာလႈပ္ရွားမႈေတြခပ္စိပ္စိပ္ျပန္လုပ္ေနျပီျဖစ္တဲ႔ Lee Dong Wook ဟာ ‘Produce X 101’ ရဲ႔ MC အျဖစ္သတ္မွတ္ျခင္းခံခဲ႔ရျပန္တယ္လုိ႔သိရပါတယ္။

မတ္လ ၄ရက္ေန႔က Mnet က သက္ဆုိင္သူတာ၀န္ရွိသူတစ္ေယာက္က သူတုိ႔ဟာ “Produce 101” အစီအစဥ္ရဲ႔ Fourth Season ကုိ စတင္ရိုက္ကူးေနျပီ
ျဖစ္ေၾကာင္းေၾကညာခဲ့ျပီး အဲ႔ဒီအစီအစဥ္မွာ Lee Dong Wook ဟာ MC အျဖစ္တာ၀န္ယူေဆာင္ရြက္ရမွာပဲျဖစ္တယ္လို႔႔ေၾကညာခဲ့ပါတယ္။Lee Dong Wook ဟာ Jang Geun Suk ၊ BoA ၊ Lee Seung Gi တို႔ျပီးရင္ ‘representative of the nation’s producers’ အျဖစ္ေရြးခ်ယ္ခံရတဲ႔ေလးေယာက္ေျမာက္အႏုပညာရွင္လည္းျဖစ္ပါတယ္။

သူ MC အျဖစ္ေဆာင္ရြက္မယ့္ “Produce 101” အစီအစဥ္ဟာဆုိရင္ ဒီပထမႏွစ္၀က္အတြင္းျပသမွာျဖစ္တယ္လုိ႔သိရပါတယ္။အခုလတ္တေလာမွာဆုိရင္ေတာ့ Lee Dong Wook နဲ႔ Yoon In Na တုိ႔တြဲဖက္ရုိက္ကူးထားတဲ႔ “Touch Your Heart’ ဇာတ္လမ္းတြဲေလးက ပရိသတ္ေတြၾကားထဲ အေတာ္ေလးလူၾကိဳက္မ်ားေရပန္းစားလ်က္ရွိေနတာပါ။ပရိသတ္ၾကီးေရာ သူ႔ဇာတ္ကားေလးၾကည့္ျဖစ္ရဲ႔လား?

Source:Allkpop

Unicode

အခုလတ်တလော မိန်းကလေးပရိသတ်တွေကြား “ဦး”ဆိုပြီး ပြန်လည်ရေပန်းစားနေတဲ့သူကတော့ တောင်ကိုရီးယားမင်းသားချော
Lee Dong Wook ပဲဖြစ်ပါတယ်။အနုပညာလှုပ်ရှားမှုတွေခပ်စိပ်စိပ်ပြန်လုပ်နေပြီဖြစ်တဲ့ Lee Dong Wook ဟာ ‘Produce X 101’ ရဲ့ MC အဖြစ်သတ်မှတ်ခြင်းခံခဲ့ရပြန်တယ်လို့သိရပါတယ်။

မတ်လ ၄ရက်နေ့က Mnet က သက်ဆိုင်သူတာဝန်ရှိသူတစ်ယောက်က သူတို့ဟာ “Produce 101” အစီအစဉ်ရဲ့ Fourth Season ကို စတင်ရိုက်ကူးနေပြီ
ဖြစ်ကြောင်းကြေညာခဲ့ပြီး အဲ့ဒီအစီအစဉ်မှာ Lee Dong Wook ဟာ MC အဖြစ်တာဝန်ယူဆောင်ရွက်ရမှာပဲဖြစ်တယ်လို့ကြေညာခဲ့ပါတယ်။Lee Dong Wook ဟာ Jang Geun Suk ၊ BoA ၊ Lee Seung Gi တို့ပြီးရင် ‘representative of the nation’s producers’ အဖြစ်ရွေးချယ်ခံရတဲ့လေးယောက်မြောက်အနုပညာရှင်လည်းဖြစ်ပါတယ်။

သူ MC အဖြစ်ဆောင်ရွက်မယ့် “Produce 101” အစီအစဉ်ဟာဆိုရင် ဒီပထမနှစ်ဝက်အတွင်းပြသမှာဖြစ်တယ်လို့သိရပါတယ်။အခုလတ်တလောမှာဆိုရင်တော့ Lee Dong Wook နဲ့ Yoon In Na တို့တွဲဖက်ရိုက်ကူးထားတဲ့ “Touch Your Heart’ ဇာတ်လမ်းတွဲလေးက ပရိသတ်တွေကြားထဲ အတော်လေးလူကြိုက်များရေပန်းစားလျက်ရှိနေတာပါ။ပရိသတ်ကြီးရော သူ့ဇာတ်ကားလေးကြည့်ဖြစ်ရဲ့လား?

Source:Allkpop

128 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.