အလုပ်လုပ်တဲ့အခါ ပရိုကျတဲ့သူတစ်ယောက်ဖြစ်နေဖို့

ဘယ်လို အလုပ်ပဲလုပ်လုပ် personal နဲ့ အလုပ်ကိစ္စကို သေချာခွဲခြားထားဖို့လိုပါတယ်။
စိတ်ခံစားချက်တွေကို ဦးစားပေးမိတဲ့အခါ ကိုယ်ဟာလုပ်ငန်းခွင်မှာ professional မဆန်တော့ပါဘူး။
သူဟာ ဘယ်သူကြီးပဲ ဖြစ်နေပါစေ။ အလုပ်သဘောအရ ပတ်သတ်ရမယ်ဆို အလုပ်ကို အလုပ်လိုပဲ
လုပ်စေချင်ပါတယ်။ ဘယ်လောက် စကားများခဲ့တဲ့ သူငယ်ချင်းပဲဖြစ်ဖြစ် အလုပ်ကိစ္စအတူတူလုပ်ရမယ်
ဆို ဒါတွေ သိပ်ပြီးခေါင်းထဲ မထည့်ပါနဲ့။

အလုပ်အတူတူလုပ်နေရင်းနဲ့ သူငယ်ချင်းလိုလို လာရောတဲ့သူတွေကြုံလာရမှာပါ။ ကိုယ့်ကတော့
ရိုးရိုးသားသားပြောပြလိုက်တာပဲ။ သူ့အတွက် အခွင့်ရေးကောင်းတစ်ခုလုပ်ပြီး ကိုယ့်ကို အသုံးချသွားတာ
မျိုးတွေ ကြုံရပေါင်းများနေကြပါပြီ။ အဲ့ဒီတော့ ကိုယ်ပေါင်း စိတ်ခွာသာနေပါ။

တတ်နိုင်သလောက် အလုပ်ထဲမှာ တက်ကြွအောင်နေပါ။ အိမ်မှာ အမေကဆူလိုက်လို့ ၊ ရည်းစားနဲ့
ရန်ဖြစ်ထားလို့ မျက်နှာပျက်နေတဲ့ ပုံစံမျိုးနဲ့ ဘယ်တော့မှ အလုပ်မလုပ်ပါနဲ့။ အလုပ်ဆိုတာ မင်းရဲ့
တာဝန်ဖြစ်တဲ့အတွက် ကိုယ်ယူထားတဲ့ တာဝန် ကိုယ်ကျေဖို့လိုအပ်ပါတယ်။ မျက်နှာကို ရှုံ့မဲ့နေရင်
အလုပ်အတူတူလုပ်ရတဲ့သူတွေပါ ကသိကအောက်ဖြစ်ရပါတယ်။

အခုခေတ်မှာ လူတွေက အပေါ်ယံကြည့်ပြီး ပေါင်းနေကြတာများတယ်။ သူဘာဝတ်ထားလဲ ၊ ဘာ
brand သုံးထားလည်းပေါ်မူတည် အပေါ်ယံဖားယားချင်ကြတယ်။ အရည်ချင်းကို မကြည့်တော့
ဘူး။ အကျင့် စရိတ္တကို မမြင်ချင်ယောင်ဆောင်နေတယ်။ သူဟာ ဘယ်လောက်ပဲယုတ်မာနေပါစေ ..
ရေလျှံရင် အားလုံး မသိချင်ယောင်ဆောင် အပေါ်ချိုနေကြတာချည်းပါပဲ။ ဒီလိုလူတွေထဲ ကိုယ်မပါပါစေ
နဲ့။

ဘာလို့ဆို သူတို့ဟာ ကွယ်ရာရောက်ရင်လည်း အတင်းတုပ်ပစ်ဖို့ ဝန်မလေးဘူး။ နောက်တစ်ခုက
မကျေနပ်ပဲ အားလုံးသိအောင် ဆိုရှယ်မီဒီယာပေါ်မှာ စောင်းမြောင်းတဲ့စာတွေ တင်တာပါပဲ။
အဲ့ဒီကနေ အချင်းချင်းကြိတ်နိုင်ခဲမရတွေဖြစ်။ ဘာအကျိုးကျေးဇူးမှ မရဘူးနော်။ အဆင်မပြေရင် ၊
နှောင့်ယှက်နေရင် ဒဲ့ရှင်းတာက ပိုထိရောက်လိမ့်မယ်။ လူငယ်တွေအနေနဲ့ အထိုက်လျောက်
မရင့်ကျက်သေးတာ မှန်ပေမယ့် အလုပ်ဆိုတာ professional ဆန်ဆန် လုပ်မှ ကိုယ်ဟာ ထွန်းတောက်
တဲ့သူတစ်ယောက်ဖြစ်မယ်ဆိုတာ အမြဲသတိရပါ…

125 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.