ဒေါသစိတ်ကို မထိန်းချုပ်နိုင်ခြင်းရဲ့နောက်ဆက်တွဲ ပြဿနာများ

ဒေါသစိတ်ဆိုတာ ဘယ်တော့မှ မကောင်းတဲ့အရာဆိုတာ လူတိုင်းသိမှာပါ.. လူတွေဟာ အမြဲတမ်း
မပျော်ရွှင်နိုင်သလို စိတ်ဆိုးဒေါသထွက်ရတဲ့အချိန်တွေဆိုတာ ကြုံရပါတယ်။ အရမ်းဒေါသဖြစ်လာတဲ့အခါ
အမှား ၊ အမှန်မခွဲခြားနိုင်တော့ပဲ အမှားလုပ်မိတာက ပိုများပါတယ်။

ဒေါသဖြစ်နေတုန်းချိန်မှာ ပြောမိတဲ့စကားတွေကလည်း ကမှူးရှုးထိုးတွေ။ နောက်တစ်နေ့ပြန်ရောက်မှ
စဉ်းစားမိတဲ့အခါ ငါမှားသွားပါလားဆိုပြီး နောင်တရမယ့်အဖြစ်မျိုးတွေ ထပ်မလုပ်မိပါစေနဲ့။
ဘယ်သူမှတော့ ဒေါသထွက်လာတဲ့အခါ ထိန်းချုပ်နိုင်ဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် ကိုယ့်စိတ်ကိုယ်မ
နိုင်အောင် မထိန်းရင်မရဘူးလေ။

Image result for argue

ဒေါသထွက်နေပြီဆို စိတ်ထဲမှာ အကုသိုလ်တွေက တောက်လျှောက်ဝင်နေတာလည်း ကိုယ်ပဲ
ပူလောင်ရပါတယ်။ ဒါကြောင့် စိတ်ဆိုးလည်း ခဏလောက် ကိုယ့်စိတ်ကို ငြိမ်းချမ်းအောင်ထားပါ။
မထားနိုင်လည်း ထားနိုင်အောင်ကြိုးစားပါ။ မဟုတ်ရင် ကိုယ့်ကို ဒေါသထွက်စေချင်တဲ့သူရဲ့ကြိုးစားမှု
တွေကို အောင်မြင်အောင်လုပ်ပေးလိုက်သလိုပါပဲ။

Image result for argue

တချို့ စကားအပြောမဆို မတတ်တဲ့သူတွေရှိတယ်။ လူကြား သူကြားထဲမရှောင်ပဲ ကိုယ့်ကိုနှိမ်ချသလို
ပြောရင် စိတ်ထဲမထားပါနဲ့။ ဒီစကားတွေကို စိတ်ထဲထားဖို့ မတန်လို့ပါ။ ဘယ်လောက် စိတ်ဆိုးအောင်
လုပ်လုပ် အမြဲပျော်ရွှင်နိုင်အောင် ကြိုးစားနေထိုင်ပါ…

55 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.