လူအမ်ားနဲ႔ေျပာဆုိဆက္ဆံတဲ႔အခါ ဘယ္လုိအျပဳအမူေတြကုိေရွာင္သင့္သလဲ?

တကယ္ေတာ့စကားေျပာတတ္ဖုိ႔ဆုိတာ မလြယ္ကူလွပါဘူး။အထူးသျဖင့္ လူအမ်ားနဲ႔ေျပာဆုိဆက္ဆံတဲ႔အခါ တစ္ဖက္လူ ကုိယ့္စကားေၾကာင့္
အဆင္ေျပပါ့မလား၊သူတို႔ၾကားထဲ ကုိယ္ဘာေတြ၀င္ေျပာသင့္လဲ၊၀င္မေျပာသင့္ဘူးလဲစတဲ့အခ်က္ေတြကုိလည္းသတိထားရပါေသးတယ္။ဒါေၾကာင့္
လူအမ်ားနဲ႔ေျပာဆုိဆက္ဆံတဲ႔အခါ ဘယ္လိုအျပဳအမူေတြကုိေရွာင္သင့္သလဲ၊ဘယ္လိုစကားေတြကုိမေျပာသင့္ဘူးလဲဆုိတာ ဗဟုသုတအေနနဲ႔
ျပန္ျပီးမ်ွေ၀ေပးပါရေစ။

*စကားကုိျဖတ္မေျပာပါနဲ႔
သူမ်ားစကားေျပာေနတဲ႔အခိ်န္ ကုိယ္က၀င္ေျပာတာက ရုိင္းရာက်ပါတယ္။အရမ္းအေရးၾကီးေနတယ္ဆိုရင္ေတာ့ တစ္မ်ိဳးေပါ့။အဲ႔ဒီလုိမဟုတ္ပဲ ကုိယ့္စကားကုိ
အသည္းအသန္လုေျပာေနတာမ်ိဳးဆုိရင္ တစ္ဖက္လူအျမင္မွာေတာ့ ကုိယ္က အလိုက္ကန္းဆုိးမသိသလိုျဖစ္ေနတတ္ပါတယ္။

*တစ္ဖက္သားအားနည္းခ်က္ကုိ စကားအျဖစ္မေျပာပါနဲ႔
စတာေနာက္တာဆုိတဲ႔စကားနဲ႔ တစ္ဖက္သားအားနည္းခ်က္ကုိ ထည့္ေျပာမိတာမ်ိဳး မျဖစ္မိပါေစနဲ႔။လူဆုိတာ ေဒါသထြက္တဲ႔အခါမ်ိဳးမွာ ႏႈတ္က မထြက္သင့္တာေတြထြက္မိတတ္ပါတယ္။အဲ႔ဒီအခါမ်ိဳးမွာ ဘာရယ္မဟုတ္ စိတ္ထဲကမပါပဲ ႏုိင္ခ်င္ေဇာနဲ႔ သူတစ္ပါးအားနည္းခ်က္ကုိ ဖိေျပာတတ္ၾကပါတယ္။ေျပာတဲ႔သူကေတာ့ေျပာထြက္ခဲ႔ေပမဲ႔ နားေထာင္ရတဲ႔သူကေတာ့ စိတ္ထဲမွာဒဏ္ရာအျဖစ္က်န္ေနတတ္ပါတယ္။သူတစ္ပါးကုိဒဏ္ရာေပးတတ္တဲ႔သူမ်ိဳး သင္မျဖစ္ပါေစနဲ႔

*စိတ္မပါသလုိ နားမေထာင္ပါနဲ႔
ကုိယ္ေျပာတုန္းကက် တစ္ဖက္လူေတြကစိတ္၀င္တစားနားေထာင္ေပးျပီး ကုိယ္နားေထာင္ရမယ့္အလွည့္ေရာက္မွ စိတ္မပါသလို သန္းေ၀တာ၊
ဟုိဘက္ဒီဘက္ေငးေနတာစတဲအမူအရာေတြက တစ္ဖက္လူအျမင္မွာ ရိုင္းရာက်ပါတယ္။

*စကားေကာင္းေျပာေနခ်ိန္ ေပါ့ပ်က္ပ်က္မလုပ္ပါနဲ႔
ကုိယ္ကစကားေကာင္းေျပာေနခ်ိန္ သူမ်ားက ေပါ့ပ်က္ပ်က္နဲ႔စေနာက္ေျပာေနတဲ႔အခါ ကုိယ္လည္းစိတ္တုိရပါတယ္။အဲ႔ဒါေၾကာင့္ ကုိယ္လည္းသူမ်ားစိတ္တို
ေဒါသထြက္ေအာင္ မလုပ္သင့္ပါဘူး။ဘာစကားမွ၀င္မေျပာရင္ေတာင္ နားေထာင္သူေကာင္းတစ္ေယာက္္ျဖစ္ဖုိ႔ၾကိဳးစားပါ။

*အၾကံဥာဏ္ေကာင္းေတြေပးပါ
လူအမ်ားနဲ႔စကားေျပာဆုိဆက္ဆံတဲ႔အခါ ကုိယ္တတ္သေလာက္ မွတ္သေလာက္ အၾကံဥာဏ္ေလးေတြေပးတာက သူတုိ႔လည္းကိုယ့္အေပၚျပန္ျပီး
ေလးစားမႈရွိလာသလုိ ကုိယ့္စကားကုိလည္း အေလးအနက္ထားလာပါလိမ့္မယ္။ဒါေၾကာင့္ သာမန္စကားေလးေတြထက္ တစ္ဖက္လူအားတက္ေစမယ့္
စကားေလးေတြ၊တစ္ဖက္လူကုိစိတ္ဓာတ္တက္ၾကြေစမယ့္အၾကံဥာဏ္ေကာင္းေလးေတြကုိ စိတ္ပါလက္ပါနဲ႔ေျပာဆိုအၾကံေပးပါ။

Unicode

တကယ်တော့စကားပြောတတ်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။အထူးသဖြင့် လူအများနဲ့ပြောဆိုဆက်ဆံတဲ့အခါ တစ်ဖက်လူ ကိုယ့်စကားကြောင့်
အဆင်ပြေပါ့မလား၊သူတို့ကြားထဲ ကိုယ်ဘာတွေဝင်ပြောသင့်လဲ၊ဝင်မပြောသင့်ဘူးလဲစတဲ့အချက်တွေကိုလည်းသတိထားရပါသေးတယ်။ဒါကြောင့်
လူအများနဲ့ပြောဆိုဆက်ဆံတဲ့အခါ ဘယ်လိုအပြုအမူတွေကိုရှောင်သင့်သလဲ၊ဘယ်လိုစကားတွေကိုမပြောသင့်ဘူးလဲဆိုတာ ဗဟုသုတအနေနဲ့
ပြန်ပြီးမျှဝေပေးပါရစေ။

*စကားကိုဖြတ်မပြောပါနဲ့
သူများစကားပြောနေတဲ့အချိန် ကိုယ်ကဝင်ပြောတာက ရိုင်းရာကျပါတယ်။အရမ်းအရေးကြီးနေတယ်ဆိုရင်တော့ တစ်မျိုးပေါ့။အဲ့ဒီလိုမဟုတ်ပဲ ကိုယ့်စကားကို
အသည်းအသန်လုပြောနေတာမျိုးဆိုရင် တစ်ဖက်လူအမြင်မှာတော့ ကိုယ်က အလိုက်ကန်းဆိုးမသိသလိုဖြစ်နေတတ်ပါတယ်။

*တစ်ဖက်သားအားနည်းချက်ကို စကားအဖြစ်မပြောပါနဲ့
စတာနောက်တာဆိုတဲ့စကားနဲ့ တစ်ဖက်သားအားနည်းချက်ကို ထည့်ပြောမိတာမျိုး မဖြစ်မိပါစေနဲ့။လူဆိုတာ ဒေါသထွက်တဲ့အခါမျိုးမှာ နှုတ်က မထွက်သင့်တာတွေထွက်မိတတ်ပါတယ်။အဲ့ဒီအခါမျိုးမှာ ဘာရယ်မဟုတ် စိတ်ထဲကမပါပဲ နိုင်ချင်ဇောနဲ့ သူတစ်ပါးအားနည်းချက်ကို ဖိပြောတတ်ကြပါတယ်။ပြောတဲ့သူကတော့ပြောထွက်ခဲ့ပေမဲ့ နားထောင်ရတဲ့သူကတော့ စိတ်ထဲမှာဒဏ်ရာအဖြစ်ကျန်နေတတ်ပါတယ်။သူတစ်ပါးကိုဒဏ်ရာပေးတတ်တဲ့သူမျိုး သင်မဖြစ်ပါစေနဲ့

*စိတ်မပါသလို နားမထောင်ပါနဲ့
ကိုယ်ပြောတုန်းကကျ တစ်ဖက်လူတွေကစိတ်ဝင်တစားနားထောင်ပေးပြီး ကိုယ်နားထောင်ရမယ့်အလှည့်ရောက်မှ စိတ်မပါသလို သန်းဝေတာ၊
ဟိုဘက်ဒီဘက်ငေးနေတာစတဲအမူအရာတွေက တစ်ဖက်လူအမြင်မှာ ရိုင်းရာကျပါတယ်။

*စကားကောင်းပြောနေချိန် ပေါ့ပျက်ပျက်မလုပ်ပါနဲ့
ကိုယ်ကစကားကောင်းပြောနေချိန် သူများက ပေါ့ပျက်ပျက်နဲ့စနောက်ပြောနေတဲ့အခါ ကိုယ်လည်းစိတ်တိုရပါတယ်။အဲ့ဒါကြောင့် ကိုယ်လည်းသူများစိတ်တို
ဒေါသထွက်အောင် မလုပ်သင့်ပါဘူး။ဘာစကားမှဝင်မပြောရင်တောင် နားထောင်သူကောင်းတစ်ယောက်ဖြစ်ဖို့ကြိုးစားပါ။

*အကြံဉာဏ်ကောင်းတွေပေးပါ
လူအများနဲ့စကားပြောဆိုဆက်ဆံတဲ့အခါ ကိုယ်တတ်သလောက် မှတ်သလောက် အကြံဉာဏ်လေးတွေပေးတာက သူတို့လည်းကိုယ့်အပေါ်ပြန်ပြီး
လေးစားမှုရှိလာသလို ကိုယ့်စကားကိုလည်း အလေးအနက်ထားလာပါလိမ့်မယ်။ဒါကြောင့် သာမန်စကားလေးတွေထက် တစ်ဖက်လူအားတက်စေမယ့်
စကားလေးတွေ၊တစ်ဖက်လူကိုစိတ်ဓာတ်တက်ကြွစေမယ့်အကြံဉာဏ်ကောင်းလေးတွေကို စိတ်ပါလက်ပါနဲ့ပြောဆိုအကြံပေးပါ။

98 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.