ပရိသတ်အကြိုက် မင်းသားနှစ်လက်ကို တစ်ပြိုင်တည်းမြင်တွေ့ရမယ့် “Seo Bok”
ုSource:Koreaboo
Unicode
ကဲ ကိုယ်တွေအကြိုက်မင်းသားနှစ်လက်ကို ရုပ်ရှင်တစ်ကားထဲမှာ အတူမြင်တွေ့ရတော့မယ်ဆိုရင်…
ဟုတ်ပါတယ်။ပရိသတ်တွေချစ်ကြတဲ့ မင်းသား Park Bo Gum နဲ့ မင်းသား Gong Yoo တို့ကို “Seo Bok”ဆိုတဲ့ဇာတ်ကားမှာ အတူတွဲဖက်မြင်တွေ့ရတော့မှာ
ဖြစ်ပါတယ်။ဒီဇာတ်ကားမှာပါဝင်ဖို့ မင်းသား Gong Yoo က ၂၀၁၈ သြဂုတ်လမှာကတည်းက သဘောတူလက်ခံခဲ့တာဖြစ်ပြီး Park Bo Gum ကလည်း မကြာသေးခင်ကပဲ လက်ခံခဲ့ပြီလို့သိရပါတယ်။
Seo Bok ဇာတ်ကားဟာ ကျွမ်းကျင်အေးဂျင့်ဟောင်းတစ်ယောက်ဖြစ်တဲ့ Ki Heon နဲ့ ပထမဆုံးလူသား clone ဖြစ်တဲ့ Seo Bok တု့ိအကြောင်းကိုအဓိကရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်။Gong Yoo က အေးဂျင့် Ki Heon အဖြစ်သရုပ်ဆောင်မှာဖြစ်ပြီး Park Bo Gum ကိုတော့ Seo Bok အဖြစ်မြင်တွေ့ရမှာပါ။
တကယ်တော့ ဒီဇာတ်ရုပ်မှာ ပါဝင်သရုပ်ဆောင်ဖို့ Park Bo Gum က ငြင်းပယ်ခဲ့ဖူးတယ်လို့သိရပါတယ်။ဒါပေမဲ့ ဒါရိုက်တာ Lee Yong Ju က Park Bo Gum ရဲ့ စိတ်ပြန်လည်လာဖို့ မျှော်လင့်ချက်နဲ့ အကြိမ်များစွာကြိုးစားခဲ့တာပါတဲ့။နောက်ဆုံးတော့ Park Bo Gum ကလည်း လက်ခံခဲ့ပြီး ဒီဇာတ်ကားကိုဧပြီလောက်မှာ
စတင်ရိုက်ကူးမယ်လို့သိရပါတယ်။
ဒီဇာတ်ကားဟာ လူသား clone တွေနဲ့ပတ်သက်လို့ ကိုရီးယားကရိုက်ကူးတဲ့ပထမဆုံးဇာတ်ကားဖြစ်လို့ ပရိသတ်တွေက အတော်လေးမျှော်လင့်ချက်ကြီးစွာ
စောင့်မျှော်နေကြပါတယ်။ဒါရိုက်တာကလည်း နာမည်ကျော်ဖြစ်သလို မင်းသားနှစ်လက်ကလည်း ပရိသတ်အချစ်တွေဖြစ်လို့ ဒီဇာတ်ကားလေးထွက်လာရင်
အားပေးဖို့ မမေ့နဲ့နော်
ုSource:Koreaboo
75 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.