တစ်ခါတလေတော့လည်း sms လေးတွေပို့ပေးရင် သူပျော်သွားတယ်။ ဘာတွေရေးရမှန်း မသိတဲ့အခါတွေကျတော့ ကွိုင်ပေါ့။ “sms လေးတောင်မပို့ဘူး။ ဂရုမစိုက်တာလား။” ဖြစ်ကုန်ရော။ ဉာဏ်တိမ်ကာလ ဆိုတာလူတိုင်းမှာ ရှိတတ်တာပဲကိုး။ အကူအညီရစေဖို့အတွက် ရှာဖွေပြီးရေးပေးလိုက်ပါတယ်။ အကြိုက်တွေ့တာ၊ ကိုက်ညီတာလေးတွေ့ရင် ပို့လိုက်တော့ဗျာ။
မင့်အပြုံးနဲ့ ကိုယ့်အပြုံးကြားမှာ ဘာတွေကွာခြားလဲ သိလား။ မင်းပျော်နေချိန် မင်းပြုံးတယ်၊ ကိုယ်ကတော့ မင်းပြုံးနေတာလေးကို မြင်ပြီးပျော်သွားတယ်၊ ပြုံးမိတယ်။ ချစ်တယ် ကလေးရယ်။
ညဘယ်လောက်နက်နက်၊ အလင်းဘယ်လောက်ပျောက်ပျောက်၊ ငှက်တစ်ကောင်ဟာ သူ့ရဲ့အသိုက် ရှိရာကို ဘယ်တော့မှ မေ့မသွားတတ်ဘူး။ ကိုယ်လည်း မင်းအကြောင်းတွေ အမြဲတွေးနေပါတယ်။ မင်းကို သိပ်ချစ်တယ်။
မင်းကို ကိုယ့်မိသားစုထက်တောင် ချစ်သေးတယ်။ မင်းက သိပ်ဆွဲဆောင်မှုပြင်းတယ်။ မင်းနဲ့ တူတူအိပ်စက် ချင်တယ်။ ပြီးတော့ မင်းနဲ့ရတဲ့ ပူတူတူးလေးတွေ လိုချင်တယ်။
နေ့တိုင်းရေချိုးတယ်လို့ ဖြစ်နိုင်ရင် ပြောချင်တာပေါ့။ ဒါမဲ့ အမှန်တွေပဲပြောရအောင်။ နေ့တိုင်းရေမချိုးဖြစ်ဘူး။ ဒီတော့ ကိုယ်နဲ့ အပြင်လျှောက်လည်ချင်လား။
ကိုယ်က ဖက်တီး၊ ရုပ်ဆိုးဆိုး။ ဒါပေမဲ့၊ ဒါပေမဲ့။ ကိုယ့်နှလုံးသားက လှပါတယ်ကွာ။
ချစ်တာသာ ရာဇ၀တ်ပြစ်မှုဆိုရင်တောင် ကိုယ်က တစ်သက်တစ်ကျွန်းကျခံဖို့ အသင့်ပဲ။ မင်းနှလုံးသားထဲကို ချိုးဖျက်ဝင်ရောက်နေတာကိုတော့ ဘယ်တော့မှ ရပ်မှာမဟုတ်ဘူး။
လာပြန်ပြီ။ ကိုယ့်မှတ်ဉာဏ်တွေက မင့်အကြောင်းပဲတွေးနေတယ်။ ဦးနှောက်သွားစစ်ဆေးမှ ဖြစ်တော့မယ်။
တင်းတင်းကျပ်ကျပ်လေး ဖက်ထားပါရစေလား။ တစ်စက္ကန့်လောက် ဖြစ်နေခဲ့မယ်ဆိုရင်တောင် မင်းနဲ့နီးနီးကပ်ကပ်လေး ရှိနေလိုက်ရရင် ကိုယ့်ကမ္ဘာကြီး ပြီးပြည့်စုံသွားမယ်။
ကိုယ်တို့နှစ်ယောက်က တွမ်နဲ့ဂျယ်ရီလိုပဲနော်။ နှစ်ယောက်သား စလိုက်၊ နောက်လိုက်၊ ရိုက်ချလိုက်၊ နှောင့်ယှက်လိုက်၊ ရန်ဖြစ်လိုက်နဲ့။ ဒါမဲ့ တစ်ယောက်မရှိရင် တစ်ယောက်က မနေနိုင်တော့ဘူး။
ရုပ်ပုံတစ်ချပ်၊ စကားလုံး တစ်ထောင်တဲ့။ မင်းဓာတ်ပုံကြည့်ရင်တော့ စာလုံးသုံးလုံးပဲတွေ့ရတယ်။ I. Love. You.
Ref:textyourlove