အသည်းကွဲနေတဲ့ သူငယ်ချင်းကို ဘယ်လို နှစ်သိမ့်ကြမလဲ

ချစ်သူရှိတာချင်းအတူတူဆို ကိုယ့်သူငယ်ချင်း အသည်းကွဲနေရင် ကိုယ်ချင်းစာမိမှာပါ။ တစ်ခါတစ်လေ
ဘေးနားမှာ ငိုယိုပြီး လာရင်ဖွင့်နေတယ်။ နားထောင်ပေးရုံကလွဲပြီး ဘာမှမလုပ်ပေးတတ်တဲ့သူတွေ
ရှိတယ်မလား။ ဘယ်လိုနှစ်သိမ့်ရမှန်းမသိလို့ အခက်တွေ့ဖူးတယ်မလား။

Image result for talk with sad friend

ကိုယ့်ရဲ့အူကြောင်ကြောင်လုပ်ရပ်ကြောင့် အသည်းကွဲနေတဲ့ သူငယ်ချင်း ပိုစိတ်ညစ်သွားအောင်တော့
မလုပ်မိစေနဲ့ပေါ့လေ။ ဒါကြောင့် သူရင်လာဖွင့်ပြီဆို ဆုံးအောင် နားထောင်ပေးလိုက်ပါ။
ဘာမှမပြောပါနဲ့ဦး။ ပြီးတော့မှ သူ့ဘက်က ဘာဆက်လုပ်သင့်လဲ မေးမှ ကိုယ့်ဘက်ကအမြင်ကို ပြောပြပါ။

အနားမှာရှိနေတယ်ဆိုရင် သူ့ကိုဖက်ထားပေးပါ။ အပြင်လေး ဘာလေးထွက်ရအောင် သူ့ကိုခေါ်ထုတ်ပါ။ အပြင်သွားမှ စိတ်ကြည်လင်မှာပါ။ အိမ်မှာပဲနေနေရင် ဒီအကြောင်းတွေပဲ ထပ်ခါတလဲလဲ တွေးမိပြီး သူဝမ်းနည်းနေဦးမှာပါ။ မင်းရဲ့နှစ်သိမ့်မှုဟာ သူ့အတွက် တစ်ခါတည်းနဲ့ ထိရောက်ပါစေ။ အဲ့ဒါဆို သူသေချာစဉ်းစားပြီး rs တစ်ခုကို ပြန်ဆက်သင့်၊ ဖြတ်သင့် စဉ်းစားနိုင်မှာပါ ။

Image result for cheer up your friends

အခြားသူမှန်တာတွေ ၊ မှားတာတွေ လိုက်မပြောပြပါနဲ့။ ဖြစ်စဉ်ကိုဆုံးအောင် နားထောင်ပြီး
ဘာဆက်လုပ်သင့်တယ်ဆိုတာကို အကြံပေးလိုက်ရုံပါပဲ။ တစ်ချို့ အချစ်ရေးတွေက ရှုပ်ထွေးပါတယ်။
ဖြေရှင်းရခက်တယ်။ ဘာဆက်လုပ်ရမှန်း မသိတဲ့အခါ ခဏရပ်ထားလိုက်ပြီး ကိုယ့်အလုပ် ကိုယ်လုပ်နေတာအကောင်းဆုံးပါပဲ။

49 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.