Tori Kelly ဟာ Billboard Candid Covers ဖျော်ဖြေပွဲပါပါဝင်သီဆိုဖျော်ဖြေခဲ့ပါတယ်။ အဲဒီ့ပွဲမှာ Kelly ဟာ Billboard ကရွေးချယ်ခဲ့တဲ့ တစ်နှစ်တာရဲ့အမျိုးသမီးဖြစ်သူ Pink ရဲ့ “Glitter In The Air” နဲ့ Paramore အဖွဲ့ရဲ့သီချင်း “The Only Exception” တို့နဲ့အတူ သူ့ရဲ့သီချင်း “Dear No One” နဲ့ “Paper Hearts” တို့ကိုသီဆိုဖျော်ဖြေခဲ့ပါတယ်။
အသက် ၂၁ နှစ်အရွယ်တေးရေးနဲ့အဆိုတော်မလေး Kelly ဟာ American Idol အစီအစဉ်ကပါရမီရှင်ပြိုင်ပွဲဝင်တစ်ဦးအဖြစ် စတင်ခဲ့တာဖြစ်ပြီး YouTube ပေါ်တင်ခဲ့တဲ့ post တွေကြောင့်လည်း နားဆင်သူတွေတိုးပွားလာတာဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ကတော့သူ့အတွက် သမိုင်းဝင်နှစ်တစ်နှစ်ဖြစ်ပါတယ်။ သူ့ရဲ့ Ep ဖြစ်တဲ့ Foreword ကလည်း Billboard ရဲ့ထိပ်ဆုံး ၂၀ စာရင်းမှာပါဝင်ခဲ့ပါတယ်။
Tori Kelly ဖျော်ဖြေထားတဲ့ Glitter In The Air နဲ့ The Only Exception သီချင်း video တွေကိုအောက်က link တွေမှာကြည့်ရှူနိုင်ပါတယ်။
Ref:billboard