မုန်လာဥနီက အလှအပနဲ့ကျန်းမာရေးအတွက် ဘယ်လိုအသုံးဝင်နေသလဲ?
မြင်တွေ့ရပါလိမ့်မယ်။
ကပ်ပေးနိုင်ပါတယ်။
*ကင်ဆာရောဂါကာကွယ်ပေး
မမေ့နဲ့နော်
Unicode
မုန်လာဥနီကို များသောအားဖြင့် မျက်စိအမြင်အားကောင်းဖို့၊မျက်လုံးကျန်းမာဖို့ စတဲ့ အကြောင်းတွေအတွက် စားတတ်ကြပါတယ်။တကယ်တော့
မုန်လာဥနီဟာ အလှအပနဲ့တစ်ချို့သောကျန်းမာရေးတွေအတွက်လည်း အထောက်အကူပြုနေပါသေးတယ်။မုန်လာဥနီမှာ ဗီတာမင်အေနဲ့ အသားအရည်
ပြသာနာတွေဖြေရှင်းပေးနိုင်တဲ့ antioxidant တွေများစွာပါဝင်ပါတယ်။ဒီလိုမုန်လာဥနီဟာ အလှအပနဲ့ပတ်သက်ပြီးဘယ်လိုအသုံးဝင်နေလဲဆိုရင်…
*အသားအရည်ကြည်လင်တောက်ပစေတယ်
မုန်လာဥနီမှာဗီတာမင်စီနဲ့ antioxidant တွေပါဝင်တာကြောင့် အသားအရည်ကိုကြည်လင်လှပစေပါတယ်။မုန်လာဥနီအနည်းငယ်ကိုကြိတ်ချေပြီး
ပျားရည်စားပွဲတင်ဇွန်းတစ်ဇွန်းနဲ့ရောပါ။ပြီးရင် အဲ့ဒါကို Face mask အဖြစ် သုံးပေးနိုင်ပါတယ်။တစ်ပတ်ကို တစ်ခါပုံမုှန်လုပ်ပေးရင် ထူးခြားတဲ့ရလဒ်ကို
မြင်တွေ့ရပါလိမ့်မယ်။
*အမာရွတ်အတွက်ဆေးတစ်လက်
မုန်လာဥနီဖျော်ရည်သောက်ပေးတာက အရေပြားပေါ်ကအမာရွတ်တွေကိုလျော့ပါးစေတယ်လို့သိရပါတယ်။မုန်လာဥနီကို ပါးပါးလှီးပြီးအမာရွတ်ပေါ်မှာလည်း
ကပ်ပေးနိုင်ပါတယ်။
*အရေးအကြောင်းကင်းစင်စေတယ်
ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်စီပါဝင်ပြီး ပရိုတိန်းဓာတ်တစ်မျိုးဖြစ်တဲ့ Collagen ပါဝင်တာကြောင့် အရေးအကြောင်းဖြစ်တာကို
ကာကွယ်ပေးနိုင်ပါတယ်။ဗီတာမင်အေလည်းပါဝင်တဲ့အတွက် အသက်ငယ်ငယ်နဲ့မျက်နှာမှာအရေးအကြောင်းတွန့်တာတွေမဖြစ်လာနိုင်ပါဘူး။
အသားအရည်မညီမျှတာတွေအတွက်လည်းမုန်လာဥနီက ကူညီပေးနိုင်ပါတယ်။
*အသားအရည်ခြောက်သူတွေ သုံးပေးနိုင်
အသားအရည်ခြောက်လို့စိတ်ညစ်နေတဲ့ပျိုမေတွေ မုန်လာဥနီဖျော်ရည်ကို ပုံမှန်သောက်ပေးသင့်ပါတယ်။မုန်လာဥနီမှာပါဝင်တဲ့ပိုတက်ဆီယမ်ဓာတ်ဟာ
အသားအရည်ခြောက်သွေ့ခြင်းမဖြစ်အောင်ကာကွယ်ပေးနိုင်ပြီး မျက်နှာအစိုဓာတ်ထိန်းပေးထားနိုင်ပါတယ်။
*ဆံပင်ကျွတ်ခြင်းကိုကာကွယ်ပေး
မုန်လာဥနီဖျော်ရည်ကို တစ်ပတ် ၂ခါဖြစ်စေ၊၃ခါဖြစ်စေ သောက်သုံးပေးတာက ဆံပင်ကျွတ်ခြင်းကိုကာကွယ်ပေးနိုင်ပြီး ဆံသားကိုလည်းထူလာစေ၊တောက်ပ
လာစေတယ်လို့သိရပါတယ်။ဆံသားလည်းပိုပြီးကောင်းမွန်လာစေပါတယ်။
*ကင်ဆာရောဂါကာကွယ်ပေး
လေ့လာချက်တွေအရ မုန်လာဥနီစားပေး၊သောက်ပေးတာက အဆုတ်ကင်ဆာ၊ရင်သားကင်ဆာ၊အူမကြီးကင်ဆာတွေကို ကာကွယ်ပေးနိုင်တယ်လို့
သိရပါတယ်။မုန်လာဥနီမှာ ကင်ဆာရောဂါဖြစ်ပွားစေတဲ့ဆဲလ်တွေကို တိုက်ထုတ်ပေးနိုင်တဲ့ poly-acetylene antioxidant ၊ falcarinol ဓာတ်တွေ
ကြွယ်ဝတဲ့အတွက် ကျန်းမာရေးအတွက် ကောင်းမွန်တဲ့သဘာဝဆေးတစ်လက်ပါပဲ။
*သွားကျန်းမာရေးကောင်း
မုန်လာဥနီဟာ သွားနဲ့ခံတွင်းကျန်းမာရေးအတွက်လည်းအထောက်အကူပြုနေပါတယ်။သွားနဲ့ခံတွင်းမှာရှိတဲ့ ပိုးမွှားတွေကိုဖယ်ရှားပေးပြီး
သွားပိုးစားခြင်းကိုပါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
*ခန္ဓာကိုယ်အဆိပ်အတောက်ကင်းစင်
မုန်လာဥနီမှာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုဖယ်ရှားပေးနိုင်တဲ့ဗီတာမင်အေ ဓာတ်တွေကြွယ်ဝစွာပါဝင်တဲ့အတွက် အသည်းမှာ
ပိုလျှံနေတဲ့အဆီတွေကိုဖယ်ရှားပေးပါတယ်။အမျှင်ဓာတ်ကလည်း အူမကြီးကိုသန့်စင်ပေးတဲ့အပြင် မုန်လာဥနီစားပေးတာဟာ
ခန္ဓာကိုယ်အတွင်းအစိတ်အပိုင်းအင်္ဂါတွေရဲ့စွမ်းဆောင်ရည်ကိုပါ မြင့်တင်ပေးနိုင်ပါတယ်။
မုန်လာဥနီရဲ့အကျိုးကျေးဇူးတွေကတော့ ထင်ထားတာထက်ကို ပိုများတာပါပဲ။Trend ပရိသတ်ကြီးလည်း မုန်လာဥနီများများစားပေးဖို့
မမေ့နဲ့နော်
80 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.