၃မိနစ်လောက်အချိန်ပေးရုံနဲ့ သွယ်လျလှပတဲ့ခြေထောက်လေးတစ်စုံပိုင်ဆိုင်နိုင်

ခြေထောက်မှာအဆီပိုတွေရှိနေလို့ စိတ်ညစ်စရာမလိုတော့ပါဘူး။သွယ်လျလှပတဲ့ခြေထောက်လေးတစ်စုံပိုင်ဆိုင်ချင်တယ်ဆိုရင် အချိန် ၃မိနစ်လောက်ပေးရုံပါပဲ။၃မိနစ်စာလေ့ကျင့်ခန်းလေးကို အိပ်ရာထဲမှာပဲ လုပ်နိုင်ပြီး ဒီလေ့ကျင့်ခန်းလေးကို မနက်နိုးတဲ့အခါဖြစ်စေ၊ညအိပ်ခါနီးဖြစ်စေ လုပ်လို့ရပါတယ်။နေ့တိုင်းလုပ်ဖို့တော့လိုပါတယ်။ဘယ်လိုလေ့ကျင့်ခန်းလေးတွေက သင့်ကိုထိရောက်တဲ့အကျိုးရလဒ်မျိုးပိုင်ဆိုင်စေမှာလဲဆိုရင်…

 

လေ့ကျင့်ခန်း ၁
လက်နှစ်ဖက်ကိုဘေးမှာချထားပါ။ပုံထဲကလို ခြေထောက်တွေကို တည့်တည့်မြောက်လိုက်ပါ။ပြီးရင် ဒူးတစ်ဖက်ချင်းစီကွေးပါ။ဘယ်ဘက်ကို ၁၀ကြိမ်၊
ညာဘက်ကို ၁၀ကြိမ်ကွေးချပါ။

လေ့ကျင့်ခန်း ၂
ဒီလေ့ကျင့်ခန်းကလည်း ပထမဆုံးလေ့ကျင့်ခန်းလိုပဲ ဒူးတစ်ဖက်ချင်းစီကိုကွေးရမှာပါ။ဒါပေမဲ့ သတိထားရမှာကတော့ ဒူးကွေးချတဲ့အခါမှာ
ခြေဖမိုးကို ပုံမှန်အတိုင်း(လေ့ကျင့်ခန်း ၁လို) အောက်စိုက်မထားပဲ အပေါ်ဆန့်ပေးဖို့ပါပဲ။ဒါကိုလည်းတစ်ဖက် ၁၀ကြိမ်လုပ်ပေးပါ။

လေ့ကျင့်ခန်း ၃
လေ့ကျင့်ခန်း ၃ မှာတော့ ခြေထောက်နှစ်ဖက်လုံးကိုလှုပ်ရှားပေးရပါမယ်။လက်နှစ်ဖက်ကိုဘေးမှာဆန့်တန်းပြီး တင်ပါးနဲ့ခြေထောက်ကို မြောက်ကာ
ပတ်ပတ်လည် လွှဲရမ်းပါ။

လေ့ကျင့်ခန်း ၎
နောက်ဆုံးလေ့ကျင့်ခန်းကတော့ ခြေထောက်နှစ်ဖက်ကို တည့်တည့်မြောက်ပါ။ပြီးရင်ကြက်ခြေခတ်လိုပုံစံထားပါ။အဲ့ဒီပုံစံအတိုင်း
ခြေထောက်နှစ်ဖက်ကို ၀မ်းဗိုက်ထိကွေးချပါ။ညာဘက်ခြေထောက်ကိုအပေါ်မှာထားပြီး ၁၀ကြိမ်၊ဘယ်ဘက်ခြေထောက်ကိုအပေါ်မှာထားပြီး ၁၀ကြိမ်
လုပ်ပေးပါ။

ဒီလေ့ကျင့်ခန်းလေးကို ပုံမှန်စွဲမြဲလုပ်ပေးသွားမယ်ဆိုရင် အချိန်လည်းအများကြီးပေးစရာမလိုပဲ သင့်ရဲ့ခြေထောက်လေးကို သွယ်လျလှပစေမှာပါ။

169 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.