ဒီနယ်ပယ်မှာ သိပ်မကျွမ်းကျင်ဘူးဆိုပြီး ကိုယ့်ကိုကိုယ် ဘောင်ခတ်မိနေပြီလား

အခုခေတ်လူငယ်တွေဟာ ကိုယ့်စွမ်းရည်ကိုယ်တိုးတက်အောင် အများနည်းတူ အပြေးလွှား ပြိုင်ပွဲဝင်နေ
ကြတာပါ။ လစာများပြီး ကိုယ်စိတ်ဝင်စားတဲ့အလုပ်တစ်ခုဆိုတာ ရဖို့မလွယ်ဘူး။ ဟုတ်တာပေါ့။
စိတ်မဝင်စားရင်တောင် ကိုယ်နဲ့သင့်တော်တဲ့အလုပ်မျိုးသွားလျှောက်ရင်တောင် ရချင်မှရတာပါ။

Image result for work

ဒါဆို ကိုယ့်မှာ ဘာလိုအပ်ချက်တွေရှိနေတာလဲ ။ ကွန်ပျုတာ မကျွမ်းကျင်တာလား ၊ အင်္ဂလိပ်စာ
မတိုးတက်သေးတာလား ၊ အင်တာဗျူးမဖြေတတ်သေးတာလား ၊ ကိုယ့်လိုအပ်ချက်ကို သိဖို့လိုပါတယ်။
ဥပမာ – အလုပ်တစ်ခုက ကိုယ့်ကိုစိတ်ဝင်စားလို့ ခေါ်ပေမယ့် ကိုယ့်မှာ လိုအပ်ချက်လေးတွေရှိနေတယ်။
မလုပ်တတ်တဲ့ အပိုင်းတွေရှိနေတယ်။ ဒီနယ်ပယ်မှာ သိပ်မကျွမ်းကျင်ဘူးလို့ စကားခံလိုက်တာနဲ့ ပြီးသွားမယ့်ထင်ရင်တော့မှားသွားပါပြီ။ ကိုယ်တိုင် လိုလိုချင်ချင်ရှိတယ်ဆိုရင် ကျွမ်းကျင်အောင် ကြိုးစားရမှာပေါ့။

Image result for work

အဓိက ဒီအလုပ်နဲ့ပတ်သတ်ပြီး သိပ်မသိသေးဖူး ၊ မတတ်သေးဖူးလို့ပြောလိုက်တာနဲ့ သက်သာရာရသွား
မယ်လို့ ကိုယ့်ကိုကိုယ် တွေးလိုက်တာဟာ တပန်းရှုံးတာပါပဲ။ ရင်ဆိုင်ရမယ့် အတွေ့အကြုံသစ်တွေကို
ကြောက်နေတာပါ။ နောက်ပြီး သူများရဲ့အမြင် ၊ အတွေးတွေမူတည်ပြီး ကောက်ချက်ချလိုက်တာလည်း
အတော်ဆိုးပါတယ်။ ဘာသာစကားအသစ်တစ်ခုကို လေ့လာရာမှာ အခက်ခဲဆိုတာရှိမှာပဲ။
သူက ခက်တယ် မသင်နဲ့လို့ပြောတိုင်း မင်းမသင်ယူတော့ဘူးလား။ သူ့အတွက်ခက်နေပေမယ့် မင်း
အတွက် လွယ်ချင်လွယ်နိုင်တာပဲ။ ကိုယ်တိုင်လုပ်ကြည့်မှ သိမယ့်အရာတွေမှာ ဘာလို့ သူများတွေရဲ့
သတ်မှတ်ချက်တွေကို လိုက်ယုံနေမှာလဲ ?

Image result for work

ဒီလို ပတ်ရှောင်နေရင်တော့ အောင်မြင်မှုဆိုတာနဲ့လည်း အလှမ်းဝေးနေမှာပါ။ အများနဲ့ယှဉ်ရင်
ကိုယ်တစ်ယောက်တည်း နောက်မှာကျန်ခဲ့မှာပါ။ သက်တောင့်သက်သာနေရင်း တိုးတက်မှုမရှိအောင် မလုပ်ပါနဲ့တော့။ စိန်ခေါ်မှုအသစ်တွေကို အမြဲကြိုဆိုနေစမ်းပါ ။ငါဒါကို မသိဘူးလို့ပြောပြီး ကိုယ့်ကိုကိုယ် နောက်ကောက်ကျခဲ့မလား စဉ်းစားပါ။ မသိရင် တက်အောင်
လုပ်ဖို့ပဲရှိမယ်။ ဒါကြောင့် မကျွမ်းကျင်ဘူးဆိုပြီး ကိုယ့်ကိုကိုယ် ဘောင်ခတ်ဖို့ မစဉ်းစားပါနဲ့တော့…

140 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.