ပရိတ်သတ်တစ်ယောက်ရဲ့မေးခွန်းကြောင့် Taeyeon ဘယ်လိုတွေ ဒေါသထွက်လဲမေး

ပရိတ်သတ်အချစ်တော် အဆိုတော်မလေး Taeyeon ကို မသိတဲ့လူမရှိသလောက်ပါပဲ ။ Girl Generation ရဲ့အဖွဲ့ဝင်ဟောင်းလည်းဖြစ်သလို သူမရဲ့သီချင်းတိုင်းဟာ ပရိတ်သတ်ရင်ထဲကို တကယ်ထိမိခဲ့ပါတယ်။

ပြီးခဲ့တဲ့ ၂၇ရက်နေ့က သူမရဲ့အင်စတာဂရမ်အကောင့်ကနေ live လွှင့်ခဲ့ပါတယ်။ ပရိတ်သတ်တွေ မေးလိုရာ မေး၊ သူမဖြေမယ်ဆိုပြီး စတင်လွှင့်ခဲ့ပါတယ်။ အစပိုင်းမှာ မေးခွန်းတွေကို သူမဖတ်နေတယ်။ နောက်တော့ ပရိတ်သတ်တစ်ယောက်က ထပြီး တစ်နေ့ကို အမွှေးဘယ်နကြိမ်လောက်ရိတ်လဲလို့ မေးပါတော့တယ်။

taeyeon2

အဲ့ဒီမေးခွန်းတွေ့ပြီး သူမခေါင်းငုံသွားကာ ဘယ်လိုဖြေရမလဲဆိုတာကို စဉ်းစားနေပုံရပါတယ်။
ပြီးမှ ခေါင်းမော့လာပြီး ” ဟုတ်တယ်..ဒီနေ့ အမွှေးရိတ်ထားတယ်..” လို့ပြန်ပြောတယ်။ ဒီမေးခွန်းကြောင့်
ခေါင်းလည်း ရှုပ် ၊ ရယ်လည်းရယ်ချင်နဲ့ နောက်တော့ အရှက်ခွဲသလိုခံစားလိုက်ရပါတယ်။ ဒါဟာ ကောင်းတဲ့မေးခွန်းလို့ သူမ မတွေးနိုင်တော့ဘူးလေ။

” ဟ..ဒီမေးခွန်းကိုတော့ ကျွန်မ သည်းမခံနိုင်ဘူး။ စိတ်ဆိုးတယ်.. ဘာလို့ စိတ်ဆိုးလဲတော့ မသိဘူး။
ဒါကို ဟာသတစ်ခုလိုတော့ မရယ်နိုင်တာအမှန်ပဲ..ဟေ့လူ.. ဘယ်မှာနေတာလဲ.. လာစမ်းပါ..ကျွန်မရှင့်ကို လိုက်ရှာမယ်” ဆိုပြီး ပြန်ရန်တွေ့နေပါတော့တယ်။

ပရိတ်သတ်တွေကတော့ သူမကို စိတ်ဆိုးနေလည်း ချစ်ဖို့ကောင်းတယ်တဲ့။ သူမဟာ နိုင်ငံကျော်အနုပညာရှင်မို့ ဒီလိုမေးခွန်းကို သည်းခံရမယ်လို့ ဘယ်သူပြောလဲ။ သူမလည်း လူသားတစ်ယောက်ပဲ။ ခံစားတတ်တဲ့ နှလုံးသားရှိတာပေါ့။ အောက်မှာ သူမ ဗီဒီယိုလေးကို ဖော်ပြပေးလိုက်ပါတယ်။

42 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.