ဆံပင်တိုတယ်ဆိုတာ ပါတီပွဲတက်ဖို့ အဆောင်အယောင်တွေ တပ်ဆင်မရဘူးလို့ မဆိုလိုပါဘူး။ သင့်အနေနဲ့ ဆံပင်တိုသူတစ်ယောက်ဖြစ်ပေမယ့် အခုဖော်ပြပေမယ့် ချစ်စရာ ၊ တလက်လက်တောက်ပနေတဲ့ ခေါင်းဆောင်းလေးကို ရွေးချယ်ကြည့်ပါ။ Tommy Buckett လို့ခေါ်တဲ့ နယူးယောက် အလှဖန်တီးရှင်က သင့်အနေနဲ့ ဒါကို ဘယ်လိုကောင်းမွန်စွာ အသုံးချရမယ်ဆိုတာ အခုလိုပြောပြထားပါတယ် ။
(၁) ဆံပင်ကို ဘာမှမလိမ်းခင်မှာ အရင်မှုတ်ပေးပါ။ dryer နဲ့အရင်မှုတ်ပေးခြင်းက ဆံပင်ကို ညီညီညာညာနဲ့ ပြားကပ်နေစေပါတယ်။ dryer ထိပ်ဝကို ခပ်ပြားပြားသဏ္ဍန်ရှိတဲ့ လေပြန့်စေတဲ့ ခေါင်းတပ်ဆင်ပြီးမှ မှုတ်ပါ။ ဒါမှ ဆံပင်ကို တစ်ညီတစ်ညာတည်း လေအားသက်ရောက်စေမှာ ဖြစ်ပါတယ်။
(၂) dryer နဲ့မှုတ်ပြီးတဲ့အခါ ဆံပင်က ပိုးသားလေးကို ပျော့ပြောင်းတောက်ပြောင် နေမှာပါ။ ဒါပေမယ့် တစ်နေကုန်ခံအောင် ထိန်းထားဖို့အတွက်ဆိုရင်တော့ Hair spray အနည်းငယ် ဖြန်းပေးဖို့ လိုအပ်ပါတယ်။
(၃) spray ဖြန်းပြီးချိန်မှာတော့ Brush ဘီးမျိုးနဲ့ ဆံပင်အစအနာလေးတွေ ထွက်မနေအောင် တစ်ညီတစ်ညာတည်းဖြစ်ဖို့ တစ်ခေါက်ပြန်ဖြီးပေးရပါမယ်။ ဒါမှပဲ ဆံပင်က လေတိုက်ခြင်းကြောင့် ကပ်ငြိရှုပ်ထွေးမှု မရှိနိုင်မှာပါ။
(၄) ပြီးရင်တော့ တလက်လက်တောက်ပနေတဲ့ ခေါင်းဆောင်း အကြီးတစ်ခု ၊ အသေးတစ်ခု ယူလာလိုက်ပါ။ အကြီးကိုတော့ အတည့်အတိုင်းသာ ဆောင်းလိုက်ပါ။ ပြီးရင်တော့ အသေးတစ်ခုကို ဒုတိယ တစ်လွှာအနေနဲ့ 45 ဒီဂရီလောက် စောင်းပြီး ဆောင်းပေးပါ။
ဒါဆိုရင်တော့ ပါတီမှာ ဆံပင်တိုကြောင့် အခက်ကြုံနေသူတွေ ဘယ်လို ပေါ်လွင်အောင် လုပ်သင့်လဲဆိုတာ သိနိုင်ပါပြီ။
Ref:seventeen