36 နှစ်လို့မထင်ရလောက်အောင် နုပျိုလှပနေတဲ့သူမရဲ့ လျှို့ဝှက်ချက်က…?

Trend ပရိသတ်ကြီးအတွက် ဒီတစ်ခါ မျှဝေပေးချင်တဲ့အကြောင်းအရာလေးကတော့ ကိုရီးယားမင်းသမီးချောလေး Yoo In Na ရဲ့ အလှအပထိန်းသိမ်းပုံလေးပါ။

My Love From the Star ၊ Goblin ဇာတ်လမ်းတွဲလေးနဲ့ နာမည်ကျော်ကြားလာတဲ့ မင်းသမီးချောဟာ အခုလတ်တလောမှာလည်း
Touch Your Heart ဇာတ်လမ်းတွဲလေးနဲ့ ရေပန်းစားကျော်ကြားနေပါတယ်။အခုလက်ရှိမှာဆိုရင် သူမဟာ အသက် ၃၆ နှစ်ရှိနေပေမဲ့ အဲ့ဒီလောက်အသက်လို့တောင်မထင်ရလောက်အောင်နုပျိုလှပသူတစ်ယောက်ပါ။သူမ အသားအရည်ကို ဘယ်လိုထိန်းသိမ်းသလဲ?ပရိသတ်တွေထင်နေသလောက် သူမရဲ့အလှအပထိန်းသိမ်းပုံက မရှုပ်ထွေးပါဘူး။

သူမ အသားအရည်လှပနုပျိုနေရခြင်းလျှို့ဝှက်ချက်က အခြားတော့မဟုတ်ပါဘူး။ရေပါ။Yoo In Na က “ ရေဟာ အသားအရည်အတွက်ကောင်းမွန်တယ်ဆိုတာ အားလုံးသိပြီးသားဖြစ်မှာပါ။ဒါပေမဲ့ တကယ်တမ်း ရေပုံမှန်သောက်ဖြစ်ဖို့ကျ မလွယ်ကူဘူးလေ။အဲ့ဒါကြောင့် ကျွန်မက တစ်နာရီတစ်ခါ အလန်းမ်ပေးထားပြီး အလန်းမ်မြည်သံကြားတိုင်း ရေဖန်ခွက်တစ်ခွက်သောက်ပါတယ်”လို့ပြောပြခဲ့ပါတယ်။ပြီးတော့ “အသားအရည်အတွက် အခြေခံကတော့ ရေများများသောက်ပေးပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေစားတာပါပဲ။ကျွန်မ ခန္ဓာကိုယ်ပုံမကျတော့ဘူးလို့ခံစားနေရရင် ကျွန်မ ၂ရက် ၃ရက်နီးပါး ရေကိုသာများများသောက်ပေးပါတယ်။ဆန်ဖြူအစား ဆန်လုံးညိုကို စားပါတယ်။ဂေါ်ဖီရွက်ပြုတ်စားပါတယ်။သရေစာတွေ၊အဆီများတဲ့အစားအစာတွေမစားပဲနေတာဟာ တစ်ပတ်အတွင်းမှာပဲ ကြီးမားတဲ့အပြောင်းအလဲဖြစ်စေပါတယ်”လို့ပြောပြခဲ့ပါတယ်။

ကဲ ပရိသတ်ကြီးလည်း သူမလို အသားအရည်လေးအမြဲလှပနုပျိုစေချင်ရင်  ရေပုံမှန်သောက်ပေးဖို့ မမေ့နဲ့နော်

1K Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.