ကလေးတွေအပေါ်လုပ်မိတဲ့ သင့်ရဲ့ဒီအပြုမူတွေကြောင့် ကလေးတွေဘဝထိခိုက်နိုင်

မိဘတွေဟာ ကိုယ့်ကလေးတွေ ပျော်ရွှင်ပြီး အောင်မြင်တဲ့လူတစ်ယောက်ဖြစ်ဖို့အတွက် ဘာမဆို
လုပ်ကြမှာပါ။ တစ်ခါတစ်လေ သူတို့ပျက်ကွက်တာတွေလည်း ရှိပါတယ်။ မိဘတွေရဲ့အချို့ အမှားတွေဟာ ကလေးတွေရဲ့အနာဂတ်ကို ထိခိုက်စေပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ အခုပြောပြသွားမယ့်အပြုမူတွေကို ရှောင်ပါနော်။

ကလေးကို ချစ်ကြောင်းမပြမိတဲ့အခါ

8 Parenting Mistakes That Can Affect a Child’s Adult Life
အရမ်းအလုပ်ရှုပ်တဲ့မိဘတွေက သားသမီးအပေါ် တာဝန်တွေ လစ်ဟင်းမိတာရှိမှာပါ။ ဒါပေမယ့်
ကိုယ့်ကလေးကိုတော့ ဘယ်လောက်ချစ်တယ်ဆိုတဲ့အကြောင်း အမြဲထုတ်ပြောသင့်တယ်မလား။
ဂရုလည်း မစိုက် ၊ ချစ်ကြောင်းတောင်မပြောဘူးဆိုရင် ကလေးဟာ အထီးကျန်ရပါတယ်။
အရွယ်ငယ်လေ မိဘရဲ့မေတ္တာကို ပိုလိုအပ်လေပါပဲ။ ချစ်ကြောင်းမထုတ်ပြမိရင် ကလေးတွေဟာ
သူတို့ကိုယ်သူတို့ မချစ်တတ်တော့ဘူး။ အရွယ်ရောက်လာရင် ကိုယ့်ကိုကိုယ်ခွဲစိတ်မှုတွေ လုပ်တတ်ကြ
တယ်။ သူတို့အရွယ်ရောက်လာလို့ အိမ်ထောင်ပြု ကလေးမွေးတဲ့အခါ သူတို့ကလေးကို ပျော်ရွှင်အောင်ထားတတ်တော့မှာမဟုတ်ပါဘူး။

အရာရာတိုင်းကို ထိန်းချုပ်လိုခြင်း

8 Parenting Mistakes That Can Affect a Child’s Adult Life
မိဘတွေဟာ ကလေးတွေအပေါ် ထိန်းချုပ်ခြင်းမရှိပဲ လွတ်လပ်တဲ့ ဆက်ဆံရေးတစ်ခုကို ဘာလို့
တည်ဆောက်သင့်တာလဲ။ တစ်ခါတစ်လေ မိဘတွေဟာ ကိုယ့်ကလေးတွေ တဖြည်းဖြည်း အရွယ်ရောက်
လာတာကို မေ့နေတတ်ကြပါတယ်။ ကလေးပဲဆိုပြီး အရာအားလုံးလိုက်လုပ်ပေးတတ်ကြတယ်။
ဒီကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာမှာ တိုးတက်မှုမရှိတော့သလို ပြဿနာတွေနဲ့ပဲ တွေ့ကြုံလာရတာ
များပါတယ်။ မိဘက လိုက်ထိန်းချုပ်နေတာ ဘာမှမလုပ်တတ် ၊ ကိုယ်တိုင်မဆုံးဖြတ်တတ်တော့
သူတို့ရဲ့အနာဂတ်ဟာ ရင်လေးစရာပါ။ ဒါကြောင့် ကလေးတွေကို အရွယ်အလိုက် လွတ်လပ်မှုတွေ ပေးနိုင်အောင် ကြိုးစားပါ။

ကလေးတွေရှေ့ ရန်ဖြစ်ခြင်း

8 Parenting Mistakes That Can Affect a Child’s Adult Life
ကလေးတွေရှေ့မှာ ဘယ်တော့မှ ရန်မဖြစ်ပါနဲ့။ သူတို့လေးတွေ အရမ်းစိတ်ထိခိုက်ရပါတယ်။
မိဘတွေအဆင်မပြေရင် သူတို့ရဲ့အပြုမူတွေက ရိုင်းလာတတ်ပါတယ်။ ဘာတွေဖြစ်နေမှန်းမသိပေမယ့်
မိဘတွေ စကားများရတာ သူတို့ကြောင့်လို့ဆိုပြီး အပြစ်ရှိသလိုခံစားတတ်ကြပါတယ်။ ဒါပေမယ့်
အရွယ်ရောက်လာတဲ့အခါ အဖေရဲ့အပြုမူတွေလို အခြားသူတွေအပေါ် ပြုမူတတ်ပါတယ်။

ကလေးကို လုံလောက်တဲ့ ဂရုစိုက်မှုမပေးခြင်း

8 Parenting Mistakes That Can Affect a Child’s Adult Life
မိသားစုတစ်ခုမှာ အဖေရဲ့ဂရုစိုက်မှုဆိုတာ အရေးပါပါတယ်။ ကလေးတွေရဲ့အနာဂတ်ဟာ ဖခင်ရဲ့
သွန်သင်ဆုံးမမှုတွေ၊ လမ်းပြမှုတွေနဲ့အများကြီးဆိုင်ပါတယ်။ ကလေးကို ဂရုစိုက်မှုမပေးတဲ့အခါ
ပျော်ရွှင်တော့မှာမဟုတ်ဘူး။ သူ့ရဲ့ကလေးဘ၀ဖြတ်သန်းမှုဟာ အဖေဆိုတာ ဝေဝါးဝါးပါပဲ။
အဖေဆိုတာ ကလေးတွေရဲ့စံပြ ပုဂ္ဂိုလ်ပါ။ အဖေလမ်းမှားနေရင် သားသမီးတွေလည်း လမ်းမှားမှာပါပဲ။

193 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.