တမူထူးခြားတဲ့စွမ်းရည်တွေပိုင်ဆိုင်ထားတဲ့ နာမည်ကျော်ကေပေါ့ပ်အဆိုတော်တွေ…

ုနာမည်ကျော်တောင်ကိုရီးယားကေပေါ့ပ်အနုပညာရှင်တွေဟာ သီချင်းဆိုနိုင်၊ကနိုင်တဲ့အပြင် တမူထူးခြားတဲ့စွမ်းရည်တွေကိုလည်း
ပိုင်ဆိုင်ထားကြပါတယ်။ဘယ်လိုစွမ်းရည်တွေကို ဘယ်သူတွေက ပိုင်ဆိုင်ထားလဲဆိုရင်…

*BTS’s Jin

နာမည်ကျော် အဆိုတော်အဖွဲ့ BTS အဖွဲ့ဝင် Jin ဟာဆိုရင် ရုပ်ရည်ချောမောတယ်။သီချင်းဆိုနိုင်တယ်။ဒီလိုအရည်အချင်းတွေအပြင် ဘိလိယက်ထိုးတာလည်း
ကျွမ်းပါသေးတယ်။ပြီးတော့ နောက်ပြန်လည်း လက်ထောက်ပြီးလမ်းလျှောက်တတ်သေးတယ်လို့သိရပါတယ်။

*Red Velvet’s Irene
Irend ဟာဆိုရင်လည်း သီချင်းဆိုကောင်းတဲ့အပြင် သူမဟာ ကြောင်အော်သံလိုလည်း အသံလုပ်တတ်ပါသေးတယ်။Weekly Idol အစီအစဉ်မှာ
သူမဟာ ပရိသတ်တွေကို ကြောင်အော်သံလုပ်ပြခဲ့တာပဲဖြစ်ပါတယ်။

*Girls’ Generation’s Taeyeon
နာမည်ကျော် Girls’ Generation အဖွဲ့ဝင် Taeyeon ဟာလည်း ထူးခြားတဲ့အသံစွမ်းရည်မျိုးကိုပိုင်ဆိုင်ထားပါတယ်။သူမဟာ ကိုရီးယားဗားရှင်းနဲ့
ရိုက်ကူးထားတဲ့ “Despicable Me” မှာ Margo ရဲ့ အသံအဖြစ်သရုပ်ဆောင်ခဲ့ပါတယ်။

*BIGBANG’s G-Dragon
BIGBANG အဖွဲ့ဝင် G-Dragon ဟာ ဂီတလောကမှာ ထင်ရှားကျော်ကြားတဲ့အဆိုတော်တစ်ယောက်ပါ။သူပိုင်ဆိုင်တဲ့ စွမ်းရည်နောက်တစ်ခုကတော့
beatbox ကျွမ်းကျင်တာပဲဖြစ်ပါတယ်။ဗီဒီယိုအတိုလေးဖော်ပြပေးလိုက်တယ်နော်

*TWICE’s Tzuyu
TWICE အဖွဲ့ဝင် Tzuyu ဟာဆိုရင် သူမရဲ့လက်ကောက်ဝတ်ကို ၃၆၀ ဒီဂရီလှည့်နိုင်ပါသတဲ့။လက်ကိုတင်မက သူမရဲ့လျှာကိုလည်း လှည့်နိုင်တယ်လို့
သိရပါတယ်။

* f(x)’s Krystal
Krystal ဆိုရင်လည်း အသံကောင်း၊သရုပ်ဆောင်ကောင်းတဲ့ နာမည်ကျော်တစ်ယောက်ပါ။ဒါပေမဲ့ သူမကို ပိုပြီးထူးခြားစေတာကတော့
Kiss and Cry ရှိုးပွဲမှာပါပဲ။ရေခဲပြင်စကိတ်ကွင်းက သူမရဲ့ဖျော်ဖြေမှုက ပရိသတ်တွေကို လုံးဝစိတ်မပျက်စေခဲ့ပါဘူး။

*Girl’s Day’s Yura
Girl’s Day အဖွဲ့ဝင် Yura ဟာလည်း ဂီတမှာထူးချွန်သလို ပန်းချီဆွဲတဲ့နေရာမှာလည်း ထူးချွန်သူတစ်ယောက်ပါ။

*Super Junior’s Kyuhyun

Super Junior အဖွဲ့ဝင် Kyuhyun ဟာဆိုရင် ဂီတလောကထဲမှာထင်ရှားရုံသာမက ကိုရီးယားရဲ့ထိပ်တန်းဂိမ်းကစားသမားစာရင်းမှာ
တစ်ယောက်အပါအ၀င်အဖြစ်ထင်ရှားပါတယ်။သူအကြိုက်ဆုံးဂိမ်းကတော့ ကိုရီးယားရဲ့နာမည်ကျော်ဂိမ်း Starcraft ပါပဲ။

106 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.