ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိဘူးလို့ ထင်နေသူများအတွက်

သင်ဟာ ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိသူတစ်ယောက်ဖြစ်ချင်ပေမယ့် ဒီအရာကို မနည်းတည်ဆောက်
နေရလား။ ကိုယ်ပိုင်ယုံကြည်ချက်ဆိုတာ လူတစ်ယောက်အတွက် အရေးကြီးတဲ့အရည်သွေးကောင်း
တစ်ခုပါ။ ဒါကို မင်းတည်ဆောက်ယူလို့ရပါတယ်။

ဘယ်လိုတုံ့ပြန်ရမလဲ သင်ယူပါ။

Image result for talk with friends
တစ်ယောက်ယောက်က ” ဒီနေ့ လှနေပါလား” လို့ ပြောလာရင် အဲ့လောက်မဟုတ်ပါဘူးလို့ ၊
ပုံမှန်တိုင်းပြင်လာတာပါတို့ ဆိုတဲ့စကားတွေနဲ့ မတုံ့ပြန်ပါနဲ့။ ” ကျေးဇူးတင်ပါတယ် ” ဆိုတဲ့စကားနဲ့သာ
ယုံကြည်မှုရှိရှိ တုံ့ပြန်သင့်ပါတယ်။ ကိုယ်တကယ်လှနေလို့ သူတို့ဒီလိုပြောတာလေ။ အဲ့အတွက် ချွင်းချက်
မရှိပါဘူး။

အရာရာတော်နေဖို့ မလိုပါဘူး

Image result for busy
ဖုန်း အခေါ် ၂ဝကို တစ်ထိုင်တည်းဖြေ ၊ မီတင် ၁ဝခုလောက်တက်နေရပြီး စာဖတ်ရ ၊ စာပြန်ရ ၊
အီးမေးလ်တွေစစ်ရနဲ့ ဒါတွေကို တစ်ချိန်တည်း မင်းလုပ်နေရင် ရူးသွားပါလိမ့်မယ်။ အနားယူပါ။
အနားမယူပဲ လုပ်ရင် အားလုံးအရာထင်မှာမဟုတ်ပါဘူး။ ဒီလောက်လုပ်နေလျက်နဲ့ ဘာလို့ တိုးတက်မှု
မရှိတာလဲ နောက်ကွယ်က ယုံကြည်မှုတွေပျောက်ကွယ်သွားပါလိမ့်မယ်။ ဒါကြောင့် အရာရာမှာ
မနားတမ်း အားလုံးလုပ်နေရမယ်လို့ မဆိုလိုပါဘူး။ ဦးနှောက်ကို အနားပေးပေးပြီးလုပ်ပါ။

မျက်လုံးချင်း ဆုံနိုင်အောင်ကြိုးစားပါ

Image result for eye contact
စကားပြောတဲ့အခါ လူတစ်ယောက်နဲ့ မျက်လုံးချင်းဆုံပြီး သေချာပြောပါ။ မျက်လုံးကိုမကြည့်ပဲ
စကားပြောနေတာက တဖက်သားကို မဆွဲဆောင်နိုင်သလို မင်းလည်းပြောရတာ ကြောင်တောင်တောင်
နိုင်ပါတယ်။ ဒါကြောင့် အခြားလူဆီက အာရုံဖမ်းစားနိုင်ဖို့ဆိုရင် သူ့ရဲ့မျက်လုံးကို တည့်တည့်ကြည့်ပြီးမှ
စကားပြောပါ။

မတ်မတ်လျှောက်ပါ

11 Psychological Hacks for Those Who Lack Confidence
ယုံကြည်မှုမရှိရင် ခါးကိုင်းသွားပြီး လူကအရောင်ပါမှိန်စေပါတယ်။ လူတွေကြားထဲ မပေါ်ထင်တော့ပဲ
တိမ်မြှုပ်သထက် မြှုပ်သွားပါလိမ့်မယ်။ တစ်ခါလောက် စမ်းပြီး ခါးမတ်မတ်လေးနဲ့ လျှောက်ကြည့်ပါလား။
ဘယ်ကမှန်းမသိတဲ့ အားအင်တွေနဲ့ ယုံကြည်မှုတွေ မင်းခန္ဓာကိုယ်ထဲမှာ ၀င်ရောက်စီးဆင်းလာပါလိမ့်
မယ်။

အနုတ်သဘောဆောင်တဲ့အတွေးတွေ

11 Psychological Hacks for Those Who Lack Confidence
အရမ်းတွေ အတွေးများရင်လည်း မင်းရဲ့ယုံကြည်ချက်တွေ ပျောက်ကွယ်သွားတတ်ပါတယ်။
ဖြစ်မလာသေးတဲ့အရာအတွက် ကြိုပူမနေပဲ လုပ်စရာရှိတာလုပ်ပါ။ မဟုတ်ရင် ကြောက်စိတ်ဝင်ပြီး
ဘာလုပ်လုပ်အဆင်ပြေမှာမဟုတ်ပါဘူး။ ငါလုပ်နိုင်တယ်၊ ငါကျော်ဖြတ်နိုင်တယ်လို့သာ စိတ်ထဲသွင်းထားပါ။

180 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.