ဒုတိယမြောက် best-selling artist of 2018 အဖြစ်သတ်မှတ်ခံလိုက်ရတဲ့ BTS အဖွဲ့

BTS အဖွဲ့ရဲ့ အောင်မြင်ချက်က ကြောက်ခမန်းလိလိပါပဲ။ပြီးခဲ့တဲ့ ၂ရက်အတွင်း BTS အဖွဲ့ဟာ အခမ်းအနားပွဲသုံးပွဲကိုတက်ရောက်ခဲ့ပြီး စုစုပေါင်း
၁၀ ဆုကျော်ပိုင်ဆိုင်ခဲ့ရပါတယ်။အခုဆိုရင် ၂၀၁၈ အတွင်း ဒုတိယမြောက် အအောင်မြင်ဆုံး အယ်လ်ဘမ်အရောင်းအရဆုံး အနုပညာရှင်အဖြစ် တစ်ကမ္ဘာလုံးအနှံ့က ပရိသတ်တွေရဲ့ သတ်မှတ်ပေးခြင်းခံခဲ့ရပါပြီ။

ဖေဖော်ဝါရီ ၂၆ရက်နေ့က International Federation of the Phonographic Industry (IFPI) ဟာ ၂၀၁၈ အတွင်းတစ်ကမ္ဘာလုံးအနှံ့အောင်မြင်ကျော်ကြားခဲ့တဲ့ နာမည်ကျော်အနုပညာရှင် ၁၀ယောက်စာရင်းကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။စုစုပေါင်းအယ်လ်ဘမ်ရောင်းရနှုန်း၊Download ဆွဲနှုန်း၊လူကြည့်အများဆုံးစတဲ့အချက်အလက်တွေနဲ့ ရွေးချယ်ခဲ့ရာမှာ BTS အဖွဲ့ဟာ ဒုတိယမြောက် best-selling artist of 2018 အဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။

ကမ္ဘာတစ်ဝန်းလုံးက ပရိသတ်တွေရွေးချယ်ခဲ့တဲ့ ”Global Recording Artist of the Year” ကိုတော့ ကနေဒီယန်အဆိုတော် Drake ပါ။Drake ဟာ ၂၀၁၈ အတွင်း “God’s Plan” ၊ “Nice for What” ၊ “In My Feelings” စတဲ့သီချင်းတွေနဲ့ အရမ်းပေါက်ခဲ့တာဖြစ်ပါတယ်။သူပြီးရင် ဒုတိယက BTS ပါပဲ။Ed Sheeran ကတော့ နံပါတ်သုံးနေရာကိုရရှိခဲ့တယ်လို့သိရပါတယ်။

ပြောရမယ်ဆိုရင် BTS အဖွဲ့ဟာ နံပါတ် ၃ကနေ ၁၀ အသီးသီးရခဲ့ကြတဲ့ Ed Sheeran ၊ Post Malone ၊ Eminem ၊ Queen ၊ Imagine Dragons ၊Ariana Grande ၊ Lady Gaga ၊ Bruno Mars စတဲ့နာမည်ကျော်တွေထက်သာလွန်ခဲ့တာပဲဖြစ်ပါတယ်။BTS Fan တွေကတော့ ကျေနပ်ဂုဏ်ယူနေကြမှာအမှန်ပါပဲ

Source:Koreaboo

31 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.