ခက်ခဲကြမ်းတမ်းတဲ့ဘ၀ကြီးကို အဆင်ပြေစွာဖြတ်သန်းနိုင်ဖို့ ဒီအချက်လေးတွေသိထားဖို့လို…
ဆူးခလုတ်တွေပြည့်နေတဲ့ဘ၀ကြီးကို စိတ်ပူပန်မနေရပဲ အဆင်ပြေစွာဖြတ်သန်းနိုင်အောင် အကြံဥာဏ်လေးတစ်ချို့မျှဝေပေးချင်ပါတယ်။ကျွမ်းကျင်သူ
တွေ့လာပါလိမ့်မယ်။
*တာဝန်ယူစိတ်ရှိပါ
ဒီလိုအကြံဥာဏ်လေးတွေက စာဖတ်သူတို့ဘ၀မှာ တစ်နေရာမဟုတ် တစ်နေရာမှာ အသုံးဝင်စေမှာပါ
Ref:Lifehack
Unicode
ဘဝဆိုတာ ရိုလာကိုစတာစီးရသလိုပဲ တကျလိုကျကလြိုကျနဲ့ပါ။ခက်ခဲကြမ်းတမ်းတဲ့ဘဝကြီးကို ရင်ဆိုင်ရတာဟာ မလွယ်ကူပါဘူး။တစ်ခါတစ်လေဆို
ဘာကိုမှမလုပ်ချင်တော့ပဲ ဘဝကိုအေးအေးဆေးဆေးဖြတ်သန်းချင်တဲ့စိတ်တွေပေါ်လာမိကြပါတယ်။ဒါကြောင့် ကျွန်တော်က ဒီခက်ခဲကြမ်းတမ်းပြီး
ဆူးခလုတ်တွေပြည့်နေတဲ့ဘဝကြီးကို စိတ်ပူပန်မနေရပဲ အဆင်ပြေစွာဖြတ်သန်းနိုင်အောင် အကြံဉာဏ်လေးတစ်ချို့မျှဝေပေးချင်ပါတယ်။ကျွမ်းကျင်သူ
တွေပေးထားတဲ့အကြံတွေဖြစ်တာကြောင့် စာဖတ်သူတွေအနေနဲ့လည်း အသုံးဝင်လိမ့်မယ်လို့မျှော်လင့်ပါတယ်။
*လက်ခံနိုင်စွမ်းရှိပါစေ
လက်ရှိဖြစ်ပျက်မှုကို လက်ခံနိုင်စွမ်းရှိတာလောက် ကိုယ့်ဘဝကိုယ်တိုးတက်စေတာမရှိပါဘူး။တစ်ချို့က ဆုံးရှုံးလိုက်ရတာကို လက်မခံချင်ဘူး။ပြန်မရနိုင်မှန်းသိရက်နဲ့ပြန်ရမှာပဲလို့ ကိုယ့်ကိုယ့်ကိုယ်ညာထားကြတယ်။အဆင်ပြေသလို ဟန်ဆောင်ကြတယ်။ဒါပေမဲ့ အရာအားလုံးက အမြဲအဆင်ပြေနေတာမရှိတဲ့အတွက်
ဟန်ဆောင်စရာမလိုပါဘူး။ကိုယ့်စိတ်အဆင်မပြေဘူး ဟုတ်တယ် ဒါကိုလက်ခံတယ်။အဲ့ဒီလိုလက်ခံနိုင်စွမ်းရှိတာကသာ ရှေ့ဆက်လျှောက်နိုင်တဲ့
အားအင်တစ်ခုဖြစ်ပါတယ်။
*မတူညီတဲ့ရွေးချယ်မှုမျိုးလုပ်ကြည့်ပါ
တစ်ခါတစ်လေ သင်က ဒီနေရာထဲမှာပဲ တဝဲလည်လည်ရှိနေပြီးဒီအမှားမျိုးကိုပဲ ထပ်ပြီးကျူးလွန်မိနေတာမျိုးရှိတတ်ပါလိ့မ်မယ်။ဒါဆိုရင် လက်ရှိလုပ်နေတာကို
ခဏထားပြီး မတူညီတဲ့ရွေးချယ်မှုလမ်းကြောင်းကို ကြိုးစားကြည့်ပါ။ဒီထက်ပိုကောင်းရင်လည်း ပိုကောင်းသွားနိုင်တဲ့တစ်ခုခုပေါ့။တစ်ချို့သောရွေးချယ်မှုတွေက
အရာအားလုံးကိုပြောင်းလဲနိုင်စွမ်းရှိပါတယ်။
*ကိုယ်ကျွမ်းကျင်ရာလမ်းကြောင်းကိုရှာပါ
သင့်စိတ်က ဖြစ်ချင်တာ၊သင့်ဘက်က ပိုင်နိုင်တဲ့အရာတစ်ခုခုကို ရှာဖွေပါ။ကိုယ်က အနုပညာမှာအားသန်တာလား၊အားကစားမှာ ကျွမ်းကျင်တာလား၊
ပညာရေးပိုင်းမှာထူးချွန်တာလား စသဖြင့် ကိုယ်ကျွမ်းကျင်မှုရှိတဲ့အရာပေါ်မှာ အားစိုက်ထုတ်လိုက်မယ်ဆိုရင် ဘဝမှာ ကောင်းမွန်တဲ့အပြောင်းအလဲတွေ
တွေ့လာပါလိမ့်မယ်။
*စိတ်စွမ်းအင်ကိုယုံကြည်ပါ
ကောင်းမွန်တဲ့အတွေးတွေကသာ ဘဝကိုပိုပြီးတိုးတက်ကောင်းမွန်အောင်ကူညီပေးနိုင်ပါလိမ့်မယ်။အရင်တုန်းက ဘယ်လိုအခက်အခဲတွေပဲ ကြုံခဲ့ကြုံခဲ့
အခုတော့အကောင်းမြင်စိတ်လေးနဲ့တွေးကြည့်ပြီး ဖြတ်သန်းကြည့်ပါ။မှန်ကန်စွာတွေးပြီးရွေးချယ်ပါ။အကောင်းမြင်ကြည့်ပါ။ဘယ်လိုကိစ္စမျိုးမှာမဆို
ဖြေရှင်းလို့ရတဲ့ နည်းလမ်းတစ်ခုမဟုတ် တစ်ခုကတော့ရှိပါတယ်။
*လမ်းပြပေးနိုင်တဲ့သူကိုရှာပါ
ကိုယ့်ထက်အတွေ့အကြုံများတဲ့သူတွေဆီက သင်ယူပါ။လေ့လာပါ။မေးခွန်းတွေမေးပါ။သူတို့ရဲ့အတွေ့အကြုံတွေ၊အခက်အခဲဖြေရှင်းပုံတွေက
သင့်အတွက် တစ်ဖက်တစ်လမ်းကနေ အထောက်အကူပြုနိုင်ပါတယ်။
*တာဝန်ယူစိတ်ရှိပါ
တာဝန်ယူစိတ်ရှိတာက ဘယ်အရာမဆိုဦးဆောင်နိုင်တဲ့ခေါင်းဆောင်ကောင်းတွေရဲ့ အရည်အချင်းတစ်ရပ်ပါ။ဒီလို အရည်အချင်းက
တော်ရုံတန်ရုံလူမှာမရှိပါဘူး။ကိုယ်လုပ်တဲ့အပြုအမူတစ်ခုချင်းစီအတွက်တာဝန်ယူဖြေရှင်းနိုင်တဲ့စိတ်မျိုးမွေးသင့်ပါတယ်။ကိုယ်မှားနေတဲ့အရာကို
တာဝန်သိစိတ်၊တာဝန်ယူစိတ်အပြည့်နဲ့ ပြုပြင်သွားမယ်ဆိုရင် သင့်အပေါ်ယုံကြည်သူတွေတိုးလာပြီး ဘဝမှာအောင်မြင်မှုတွေရရှိလာပါလိ့မ်မယ်။
ဒီလိုအကြံဉာဏ်လေးတွေက စာဖတ်သူတို့ဘဝမှာ တစ်နေရာမဟုတ် တစ်နေရာမှာ အသုံးဝင်စေမှာပါ
Ref:Lifehack
200 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.