ခ်စ္သူနဲ႔ရန္ျဖစ္တဲ႔အခါ ပုိဆုိးသြားေစမယ့္ဒီလုိအျပဳအမူေတြမလုပ္မိပါေစနဲ႔

ရန္ျဖစ္ေနတဲ႔အခိ်န္ဆုိ သူေျပာတဲ႔စကားလံုးတစ္လံုး၊အျပဳအမူေသးေသးေလးေတြက အစ နာက်င္ရပါတယ္။တစ္ခါတစ္ေလဆုိ ကုိယ္လုပ္လိုက္တဲ႔
အျပဳအမူတစ္ခုဟာ ျပန္ေျပလည္ရမယ့္အစားပုိဆုိးသြားတာေတြလည္းျဖစ္တတ္ပါတယ္။ဒါေၾကာင့္ ခ်စ္သူစံုတြဲတုိင္း ရန္ျဖစ္တဲ႔အခါမွာ
သတိထားေရွာင္ရွားသင့္တဲ႔အခ်က္ေလးေတြကုိ ျပန္လည္ေဖာ္ျပေပးလုိက္ပါတယ္။

*လူၾကားထဲမွာ ဘယ္ေတာ့မွရန္မျဖစ္ပါနဲ႔
ပထမဆံုးအခ်က္ကေတာ့ ရန္ျဖစ္ေတာ့မယ့္အရိပ္အျခည္ေတြျမင္လာတဲ႔အခါ လူရွင္းတဲ႔တစ္ေနရာသြားျပီး ျဖစ္ၾကဖု႔ိ႔ပါပဲ။လူၾကားထဲမွာ ရန္ျဖစ္မယ္။ သူမ်ားေတြသတိထားမိေအာင္ တစ္ေယာက္ကုိတစ္ေယာက္ေျပာဆုိေနမယ္ဆိုရင္ ဒါက ရန္ပြဲကုိပုိျပီးေတာင္ၾကီးမားလာေစပါတယ္။ကိုယ့္ခ်စ္သူကုိလည္း မေလးစားရာက်ပါတယ္။

*ထစ္ခနဲရွိ လမ္းခြဲတာပဲေကာင္းမယ္ဆုိတဲ႔စကားမေျပာပါနဲ႔
လူတစ္ေယာက္သည္းခံႏုိင္တယ္ဆုိတာ အတုိင္းအတာရွိပါတယ္။ဒါေၾကာင့္ စကားမ်ားရန္ျဖစ္တဲ႔အခါတိုင္း လမ္းခြဲမယ္ဆုိတဲ႔စကားကုိေျပာေနမယ္ဆိုရင္
အဆင္မေျပပါဘူး။ဘယ္ခ်စ္သူစံုတြဲမွာဆုိ ျပႆနာအနည္းအမ်ားဆုိတာရွိၾကတာပါပဲ။ဒါေၾကာင့္ လမ္းခြဲမယ္ဆုိတဲ႔စကားကုိ လြယ္လြယ္နဲ႔ေျပာမေနပါနဲ႔။

*ျပႆနာေတြကုိေရာေထြးျပီးမေျပာပါနဲ႔
အခုျပႆနာျဖစ္ရတဲ႔အေၾကာင္းကုိသာမက အရင္တုန္းက အမွားေတြ၊အတိတ္ေတြကုိပါ ျပန္လွန္ေျပာေနမယ္ဆုိရင္ ရန္ပြဲကုိပုိျပီးၾကီးမားလာေစပါတယ္။
ျပီးခဲ႔တဲ႔ကိစၥေတြကုိျပန္ေျပာေနတာက သူတုိ႔စိတ္ထဲမွာတကယ္မျပီးပဲ ေတးမွတ္ထားသလုိျဖစ္ေနပါတယ္္။ျပႆနာတစ္ခုတက္တုိင္း အဲ႔ဒီျပႆနာကုိပဲ
အဓိကထားျပီးေျဖရွင္းပါ။

*ကုိယ္ထိလက္ေရာက္မလုပ္ပါနဲ႔
ကုိယ့္ခ်စ္သူကုိ လက္နဲ႔ရြယ္တာမ်ိဳးေတာင္ ရန္ျဖစ္ေနတဲ႔အခ်ိန္မလုပ္သင့္ပါဘူး။ဒီလုိကုိယ္ထိလက္ေရာက္ျပဳမူတာဟာ ရန္ျဖစ္ျပီးလုိ႔ေျပလည္သြားတဲ႔
အခိ်န္ဆုိ သင္ေနာင္တရစရာျဖစ္ေနပါလိမ့္မယ္။ျပီးေတာ့ ဒီလုိကုိယ္ထိလက္ေရာက္ျပဳမူတာဟာ ခ်စ္သူေကာင္းတစ္ေယာက္ရဲ႔အျပဳအမူလည္းမဟုတ္ပါဘူး။

*မိသားစုေတြ၊သူငယ္ခ်င္းေတြကုိ ဆြဲမထည့္ပါနဲ႔
ရန္ျဖစ္ၾကတဲ႔အခိ်န္မွာ မိသားစုေတြ၊သူငယ္ခ်င္းေတြကုိ အန္တီသားကုိေျပာပါဦး၊ဆံုးမပါဦး။သူငယ္ခ်င္းေတြကုိ နင္တု႔ိသူငယ္ခ်င္းကုိၾကည့္ေျပာဦး
စသျဖင့္ ကုိယ္ရန္ျဖစ္တဲ႔ျပႆနာကုိ သူတုိ႔ကိုပါဆြဲထည့္လုိက္တဲ႔အခါ မိသားစုေတြ၊သူငယ္ခ်င္းေတြၾကားထဲမွာ အရႈပ္အေထြးေတြျဖစ္လာေစပါတယ္။
သင္တို႔အခ်စ္ေရးေျပလည္သြားရင္ေတာင္ ေနာင္တစ္ခ်ိန္မွာ ဒီလုိမိသားစုပါသိတဲ႔ ျပႆာနာက ေထာက္ျပစရာတစ္ခုျဖစ္လာႏုိင္ပါတယ္။

ကဲ ဒီအခ်က္ေလးေတြကေတာ့ သင္တုိ႔ခ်စ္သူနွစ္ဦးရန္ျဖစ္ၾကတဲ႔အခါ သတိထားသင့္တဲ႔အခ်က္ေလးေတြပါပဲ။ဒါေလးေတြကုိသတိထားမယ္။ရန္ျဖစ္တဲ႔အခါမွာလည္းတစ္ေယာက္ကုိတစ္ေယာက္ အျငင္းပြားေနတာထက ္သူ႔ေနရာ ငါ့ေနရာ ကုိယ္ခ်င္းစာျပီး အရင္ဆံုးခံစားေတြးၾကည့္ေပးမယ္ဆုိရင္ ရန္ျဖစ္ရတဲ႔အၾကိမ္ေရေတြေလ်ာ့နည္းျပီး အခ်စ္ေရးက ပုိျပီးအဆင္ေျပသာယာလာမွာအမွန္ပါပဲ။

Ref:Brighside

Unicode

ရန်ဖြစ်နေတဲ့အချိန်ဆို သူပြောတဲ့စကားလုံးတစ်လုံး၊အပြုအမူသေးသေးလေးတွေက အစ နာကျင်ရပါတယ်။တစ်ခါတစ်လေဆို ကိုယ်လုပ်လိုက်တဲ့
အပြုအမူတစ်ခုဟာ ပြန်ပြေလည်ရမယ့်အစားပိုဆိုးသွားတာတွေလည်းဖြစ်တတ်ပါတယ်။ဒါကြောင့် ချစ်သူစုံတွဲတိုင်း ရန်ဖြစ်တဲ့အခါမှာ
သတိထားရှောင်ရှားသင့်တဲ့အချက်လေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

*လူကြားထဲမှာ ဘယ်တော့မှရန်မဖြစ်ပါနဲ့
ပထမဆုံးအချက်ကတော့ ရန်ဖြစ်တော့မယ့်အရိပ်အခြည်တွေမြင်လာတဲ့အခါ လူရှင်းတဲ့တစ်နေရာသွားပြီး ဖြစ်ကြဖု့ိ့ပါပဲ။လူကြားထဲမှာ ရန်ဖြစ်မယ်။ သူများတွေသတိထားမိအောင် တစ်ယောက်ကိုတစ်ယောက်ပြောဆိုနေမယ်ဆိုရင် ဒါက ရန်ပွဲကိုပိုပြီးတောင်ကြီးမားလာစေပါတယ်။ကိုယ့်ချစ်သူကိုလည်း မလေးစားရာကျပါတယ်။

*ထစ်ခနဲရှိ လမ်းခွဲတာပဲကောင်းမယ်ဆိုတဲ့စကားမပြောပါနဲ့
လူတစ်ယောက်သည်းခံနိုင်တယ်ဆိုတာ အတိုင်းအတာရှိပါတယ်။ဒါကြောင့် စကားများရန်ဖြစ်တဲ့အခါတိုင်း လမ်းခွဲမယ်ဆိုတဲ့စကားကိုပြောနေမယ်ဆိုရင်
အဆင်မပြေပါဘူး။ဘယ်ချစ်သူစုံတွဲမှာဆို ပြဿနာအနည်းအများဆိုတာရှိကြတာပါပဲ။ဒါကြောင့် လမ်းခွဲမယ်ဆိုတဲ့စကားကို လွယ်လွယ်နဲ့ပြောမနေပါနဲ့။

*ပြဿနာတွေကိုရောထွေးပြီးမပြောပါနဲ့
အခုပြဿနာဖြစ်ရတဲ့အကြောင်းကိုသာမက အရင်တုန်းက အမှားတွေ၊အတိတ်တွေကိုပါ ပြန်လှန်ပြောနေမယ်ဆိုရင် ရန်ပွဲကိုပိုပြီးကြီးမားလာစေပါတယ်။
ပြီးခဲ့တဲ့ကိစ္စတွေကိုပြန်ပြောနေတာက သူတို့စိတ်ထဲမှာတကယ်မပြီးပဲ တေးမှတ်ထားသလိုဖြစ်နေပါတယ်။ပြဿနာတစ်ခုတက်တိုင်း အဲ့ဒီပြဿနာကိုပဲ
အဓိကထားပြီးဖြေရှင်းပါ။

*ကိုယ်ထိလက်ရောက်မလုပ်ပါနဲ့
ကိုယ့်ချစ်သူကို လက်နဲ့ရွယ်တာမျိုးတောင် ရန်ဖြစ်နေတဲ့အချိန်မလုပ်သင့်ပါဘူး။ဒီလိုကိုယ်ထိလက်ရောက်ပြုမူတာဟာ ရန်ဖြစ်ပြီးလို့ပြေလည်သွားတဲ့
အချိန်ဆို သင်နောင်တရစရာဖြစ်နေပါလိမ့်မယ်။ပြီးတော့ ဒီလိုကိုယ်ထိလက်ရောက်ပြုမူတာဟာ ချစ်သူကောင်းတစ်ယောက်ရဲ့အပြုအမူလည်းမဟုတ်ပါဘူး။

*မိသားစုတွေ၊သူငယ်ချင်းတွေကို ဆွဲမထည့်ပါနဲ့
ရန်ဖြစ်ကြတဲ့အချိန်မှာ မိသားစုတွေ၊သူငယ်ချင်းတွေကို အန်တီသားကိုပြောပါဦး၊ဆုံးမပါဦး။သူငယ်ချင်းတွေကို နင်တု့ိသူငယ်ချင်းကိုကြည့်ပြောဦး
စသဖြင့် ကိုယ်ရန်ဖြစ်တဲ့ပြဿနာကို သူတို့ကိုပါဆွဲထည့်လိုက်တဲ့အခါ မိသားစုတွေ၊သူငယ်ချင်းတွေကြားထဲမှာ အရှုပ်အထွေးတွေဖြစ်လာစေပါတယ်။
သင်တို့အချစ်ရေးပြေလည်သွားရင်တောင် နောင်တစ်ချိန်မှာ ဒီလိုမိသားစုပါသိတဲ့ ပြဿာနာက ထောက်ပြစရာတစ်ခုဖြစ်လာနိုင်ပါတယ်။

ကဲ ဒီအချက်လေးတွေကတော့ သင်တို့ချစ်သူနှစ်ဦးရန်ဖြစ်ကြတဲ့အခါ သတိထားသင့်တဲ့အချက်လေးတွေပါပဲ။ဒါလေးတွေကိုသတိထားမယ်။ရန်ဖြစ်တဲ့အခါမှာလည်းတစ်ယောက်ကိုတစ်ယောက် အငြင်းပွားနေတာထက ်သူ့နေရာ ငါ့နေရာ ကိုယ်ချင်းစာပြီး အရင်ဆုံးခံစားတွေးကြည့်ပေးမယ်ဆိုရင် ရန်ဖြစ်ရတဲ့အကြိမ်ရေတွေလျော့နည်းပြီး အချစ်ရေးက ပိုပြီးအဆင်ပြေသာယာလာမှာအမှန်ပါပဲ။

Ref:Brighside

2K Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.