ဒီဇင်ဘာ ၃၁ ရက်နေ့ New York မှာလုပ်တဲ့ Dick Clark ရဲ့ New Year’s Rockin’ Eve 2014 မှာ Miley Cyrus တစ်ယောက်ကတော့ Ryan Seacrest ကိုအကြင်နာပေးခဲ့တာဖြစ်ပါတယ်။
အသက် ၂၁ နှစ်အရွယ်အဆိုတော် Miley အဲဒီ့အစီအစဉ်မှာပါဝင်ဖျော်ဖြေခဲ့တာဖြစ်ပြီး ၃၉ နှစ်ရှီပြီဖြစ်တဲ့ Ryan ကတော့ အစီအစဉ်တင်ဆက်သူအဖြစ်ပါဝင်ခဲ့တာဖြစ်ပါတယ်။
“ရေး…! ငါတို့သန်းခေါင်မှာပေးခဲ့တဲ့အကြင်နာကို သူတို့မြင်သွားပြီ။ ပျော်ရွှင်စရာနှစ်သစ်ပါ Ryan Seacrest ရေ။ ငါ့ကိုလက်ခံပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်” ဆိုပြီး photo နဲ့တကွ tweet လုပ်သွားပါတယ်။
Ref:justjared
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။