အချိန်နီးမှ ကတိုက်ကရိုက်ထလုပ်တဲ့ အကျင့်စွဲနေပြီလား

နေ့တိုင်း ရုံးကို အပြေးလွှားသွား ၊ မနက်စာမစားရသေးတဲ့ ဗိုက်ဟောင်းလောင်းနဲ့ အလုပ်လုပ်နေရတာ
ကို အခုချိန်ကစပြီး ရပ်လိုက်ပါတော့။ ဒီလို ဗိုက်မဝပဲ ဟိုပြေး ဒီပြေးလုပ်နေရတာဟာ မင်းကိုစမတ်မကျ
စေပါဘူး။ အခန့်မသင့်ရင် FA ဆိုက်ကိန်းရှိနိုင်ပါတယ်။ ဒါကြောင့် အခုချိန်ကစပြီး မနက်အိပ်ရာထချိန်ကို
သတ်မှတ်ကာ ညတည်းက ပြင်ဆင်စရာရှိတာပြင်ဆင်ပါ။

Related image

ကိုယ့်ရဲ့ရေချိုးချိန် ၊ မိန်းကလေးဆိုလည်း မိတ်ကပ်ပြင်ချိန်နဲ့ အခြားပြင်ဆင်စရာရှိတာတွေကို လုပ်ဖို့အတွက် ကိုယ့်ရဲ့အချိန်တွေကို သေချာစီမံထားဖို့လိုပါတယ်။ ဘာကြောင့် အချိန်ကိုစီမံတတ်ဖို့လိုတာလဲ။
အချိန်ကိုခွဲခြမ်းစိတ်ဖြာနိုင်တဲ့ အကျင့်ဟာ မင်းဘဝတိုးတက်စေဖို့အတွက် တစ်စိတ်တစ်ပိုင်းအရေးပါပါတယ်။

Image result for late

မနက်ကို ကတိုက်ကရိုက်နဲ့ ဗိုက်ဆာဆာပြေးလွှားနေရတဲ့ အချိန်တွေဟာ မင်းကိုစိတ်မောစေသလို စိတ်ကိုလည်း ကြည်လင်စေမှာမဟုတ်ပါဘူး။ ဒီကြားထဲ ကားပိတ်တာနဲ့ လူကြပ်တာနဲ့ စိတ်ရှုပ်ရပါတယ်။ စမတ်လည်း မကျတော့သလို အလုပ်လုပ်ရတာအစ အဆင်မပြေစေပါဘူး။ နောက်ပြီး မနက်စာကို အချိန်မှန်စားပါ။ မနက်စာမစားတဲ့နေ့တွေများလာရင် ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

ဒါကြောင့် စောစောအိပ် ၊ စောစောထပြီး စမတ်ကျကျ အလုပ်သွားလိုက်ပါ။

 

62 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.