*အသက်ရှုမ၀ဖြစ်လာတာ
*ချွေးထွက်များလာတာ
*လက်တွေတုန်လာတ
စတဲ့အချက်တွေပါပဲ။
*အိပ်ရေးဝအောင်အိပ်ပါ
Ref:verywellmind
Unicode
ကိုယ့်အသိ၊ကိုယ်ရင်းနှီးတဲ့လူတွေကလွဲရင် တစ်ခြားသူတွေနဲ့ တွေ့ရမှာကြောက်နေတဲ့သူတွေ၊သူစိမ်းတွေနဲ့ ပြောဆိုဆက်ဆံရမှာကြောက်လို့
အသိတွေ၊သူငယ်ချင်းတွေကနေတစ်ဆင့် ဆက်ဆံတဲ့သူတွေရှိကြပါတယ်။သင်ရော သူစိမ်းတွေနဲ့စကားပြောဆိုဖို့ကြောက်နေတဲ့သူလား?
များသောအားဖြင့် လူကြောက်တတ်တဲ့သူတွေမှာ ဒီလိုလက္ခဏာတွေရှိတတ်ပါတယ်။လူစိမ်းတစ်ယောက်နဲ့စကားပြောခါနီးရင်…
*နှလုံးခုန်နှုန်းမြန်လာတာ
*အသက်ရှုမဝဖြစ်လာတာ
*ချွေးထွက်များလာတာ
*လက်တွေတုန်လာတ
စတဲ့အချက်တွေပါပဲ။
ဒီလိုလူကြောက်တတ်တဲ့သူတွေဟာ သူတို့ရဲ့စိုးရိမ်မှုကို သေချာမထိန်းချုပ်နိုင်ကြပါဘူး။ဒါကြောင့်လည်း သူတို့နဲ့ရင်းနှီးတဲ့ပတ်ဝန်းကျင်ကနေ
ရုန်းမထွက်ကြပါဘူး။အလုပ်သစ်မှာ လူအသစ်တွေနဲ့တွေ့ရမှာကြောက်တာ၊အင်တာဗျူးဖြေတဲ့အခါ ကိုယ်မသိတဲ့သူတွေနဲ့စကားပြောဆိုဆက်ဆံရမှာ
ကြောက်လို့ အလုပ်သစ်မရှာဖွေတာ၊ကိုယ့်နေ့စဉ်ထိတွေ့စကားပြောနေတဲ့သူတွေကလွဲရင် တစ်ခြားသူတွေနဲ့ရင်းနှီးဖော်ရွေမှုမရှိတာ၊
လူအများကြားမှာစကားထွက်ပြောရမှာကြောက်တာ၊အဝေဖန်ခံရမှာကြောက်တာစတဲ့ လူကြောက်တဲ့စိတ်ဟာ ကိုယ့်ရဲ့ဘဝတက်လမ်းကိုလည်းပိတ်ပင်သလိုဖြစ်နေပါတယ်။ဒါဖြင့် ဒီလို လူကြောက်တတ်တဲ့စိတ်ကို ဘယ်လိုဖျောက်ကြမလဲ?
*အသက်ရှုလေ့ကျင့်ခန်းမှန်မှန်လုပ်ပါ
*အားကစား၊လေ့ကျင့်ခန်းပုံမှန်လုပ်ပါ (အနည်းဆုံး လမ်းလျှောက်ပေးတာမျိုး)
*အိပ်ရေးဝအောင်အိပ်ပါ
*ကျန်းမာရေးနဲ့ညီညွတ်စွာနေထိုင်စားသောက်ပါ
*စိတ်ဖိစီးမှုဖြစ်စေတဲ့အတွေးတွေ အဝင်မခံပါနဲ့
*ဆရာဝန်နဲ့တိုင်ပင်ဆွေးနွေးပါ
*သူငယ်ချင်းတွေနဲ့အတူသွားပြီး တစ်ခြားသူတွေနဲ့ပြောဆိုဆက်ဆံတတ်တဲ့ အလေ့အကျင့်လုပ်ပါ
ဒီအချက်လေးတွေကို သေချာဂရုတစိုက်ပြုလုပ်သွားမယ်ဆိုရင် လူကြောက်တတ်တဲ့စိတ်က လျော့နည်းသွားပြီး
သူစိမ်းတွေနဲ့ပိုပြီးအဆင်ပြေပြေပြောဆိုဆက်ဆံနိုင်လာပါလိမ့်မယ်။
Ref:verywellmind
154 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။
Leave a Reply
Your email address will not be published. Required fields are marked *
This site uses Akismet to reduce spam. Learn how your comment data is processed.