အခ်စ္ေရးခုိင္ျမဲေစဖုိ႔ အမ်ားၾကီးေတြးေတာစဥ္းစားေနဖုိ႔မလိုပါဘူး….

အခ်စ္ေရးနဲ႔ပတ္သက္လုိ႔ အၾကံဥာဏ္ေတြမ်ိဳးစံုကုိသင္ၾကားဖူးပါလိမ့္မယ္။ဒါေပမဲ႔ ေပ်ာ္ရႊင္သာယာတဲ႔ခ်စ္သူစံုတြဲေတြ သတိထားျပဳမူၾကတဲ႔အခ်က္ေလးေတြကုိ
သင္သိခ်င္မွသိမွာပါ။အခ်စ္ေရးတုိင္းကေတာ့ ေတာက္ေလ်ွာက္ေခ်ာေမြ႔ေနတယ္ရယ္ေတာ့ ဘယ္ရွိပါ့မလဲ? ဆူးခင္းလမ္းနဲ႔ပန္းခင္းလမ္းတစ္လွည့္စီေပါ့။
အခ်စ္ေရးကုိ ပုိျပီးသာယာေပ်ာ္ရႊင္ခ်င္တယ္ဆိုရင္ သင္တို႔ခ်စ္သူႏွစ္ဦးအေနနဲ ဒီအခ်က္ေလးေတြသိထားဖုိ႔လိုပါတယ္။

*စိတ္ဆုိးေနတဲ့အခ်ိန္ ဘယ္လိုတံု႔ျပန္မႈမ်ိဳးမွမလုပ္ပါန႔ဲ
ေဒါသထြက္ေနတဲ႔အခိ်န္ လူဆုိတာအမွားလုပ္မိတတ္ပါတယ္။စကားအေျပာအဆုိ၊ကုိယ္အမူအရာတစ္ခုခုမွားသြားႏုိင္ျပီး စိတ္ျပန္ျငိမ္တဲ႔အခါမွာေတာ့
ဒါေတြက ျပင္ရခက္ပါတယ္။ဘယ္ေလာက္ေသးငယ္တဲ႔ျပႆနာမိ်ဳးျဖစ္ေစ ကုိယ္ေဒါသထြက္လာျပီ သူေဒါသထြက္လာျပီဆုိတာနဲ႔ ႏွစ္ေယာက္သား
ဘာစကားမွမေျပာပါနဲ႔ေတာ့။ျဖစ္ႏုိင္ရင္ ၂၄ နာရီေလာက္ ဘာတံု႔ျပန္မႈမွမလုပ္ပါနဲ႔။ေနာက္ပုိင္းဆုိ သင္တုိ႔ႏွစ္ေယာက္လံုးစိတ္တည္ျငိမ္သြားျပီျဖစ္လို႔
ဘယ္သူမွန္တယ္။ဘယ္သူမွားတယ္ဆုိတာေ၀ဖန္ပုိင္းျခားႏုိင္စြမ္းရွိလာပါတယ္။

*အဆင္ေျပသလိုလုပ္ဆုိတဲ႔စကားကုိ အျမဲမေျပာပါနဲ႔
ဥပမာ သင့္ခ်စ္သူက ဘယ္ေနရာမွာသြားစားၾကမလဲေမးရင္ အဆင္ေျပတဲ႔ဆုိင္သြား၊အဆင္ေျပတဲ႔ေနရာမွာစားမယ္စသျဖင့္ ေျပာတာမ်ိဳးေပါ့။ဒါက
အျမဲတမ္းဆုိ မေကာင္းပါဘူး။ခ်စ္သူက စိတ္ဓာတ္တက္ၾကြစြာေျပာဆုိေပမဲ႔ သင့္ဘက္က အဆင္ေျပသလုိလုပ္ေလဆုိတဲ႔စကားက စိတ္မပါသလို
ျဖစ္ေနပါတယ္။ႏွစ္ေယာက္သားတုိင္တိုင္ပင္ပင္နဲ႔ ဟုိဆုိင္ေလးမွာစားရရင္ေကာင္းမယ္။ဒီအလုပ္ေလးလုပ္ၾကည့္ရင္ေကာင္းမယ္ အဲ႔လိုမ်ိဳးရွိမွ အခ်စ္ေရးကလည္း ေႏြးေထြးမွာပါ။သူတုိ႔ကုိပဲ အျမဲဆံုးျဖတ္ခ်က္ခ်ခိုင္းေနမယ္ဆုိရင္ အခ်စ္ေရးက တံု႔ျပန္မႈမရွိေအးစက္စက္ျဖစ္ေနပါလိမ့္မယ္။

*အရြဲ႔မတုိက္ပါနဲ႔
တစ္ခါတစ္ေလ မိန္းကေလးတစ္ခ်ိဳ႔၊ေယာက်္ားေလးတစ္ခ်ိဳ႔က ခ်စ္သူကုိအရြဲ႔တုိက္တတ္ၾကပါတယ္။ဒီလုိအရြဲ႔တိုက္လို႔ အခ်စ္ေရးျပန္အဆင္ေျပသြားတဲ႔
ရာခုိင္ႏႈန္းက နည္းပါတယ္။သူလုပ္တုိင္း ကုိယ္လုိက္လုပ္မယ္။သူအျပင္ခုိးသြားတိုင္း ငါလည္းအျပင္ခုိးသြားမယ္စသျဖင့္ အရြဲ႔တုိက္ေနမယ္ဆုိရင္
အခ်စ္ေရးကပုိျပီးဆုိးလာမွာပါ။ႏွစ္ေယာက္လံုးက မာနခဲေတြဆုိရင္ေတာ့ ပုိဆုိးေတာ့တာပါပဲ။တစ္ေယာက္ကတင္းရင္ တစ္ေယာက္ကေလ်ွာ့မွ
အဲ႔ဒီအခ်စ္ေရးက အဆင္ေျပမွာပါ။ဒါေၾကာင့္ အရြဲ႔မတိုက္ပါနဲ႔

Unicode

အချစ်ရေးနဲ့ပတ်သက်လို့ အကြံဉာဏ်တွေမျိုးစုံကိုသင်ကြားဖူးပါလိမ့်မယ်။ဒါပေမဲ့ ပျော်ရွှင်သာယာတဲ့ချစ်သူစုံတွဲတွေ သတိထားပြုမူကြတဲ့အချက်လေးတွေကို
သင်သိချင်မှသိမှာပါ။အချစ်ရေးတိုင်းကတော့ တောက်လျှောက်ချောမွေ့နေတယ်ရယ်တော့ ဘယ်ရှိပါ့မလဲ? ဆူးခင်းလမ်းနဲ့ပန်းခင်းလမ်းတစ်လှည့်စီပေါ့။
အချစ်ရေးကို ပိုပြီးသာယာပျော်ရွှင်ချင်တယ်ဆိုရင် သင်တို့ချစ်သူနှစ်ဦးအနေနဲ ဒီအချက်လေးတွေသိထားဖို့လိုပါတယ်။

*စိတ်ဆိုးနေတဲ့အချိန် ဘယ်လိုတုံ့ပြန်မှုမျိုးမှမလုပ်ပါနဲ့
ဒေါသထွက်နေတဲ့အချိန် လူဆိုတာအမှားလုပ်မိတတ်ပါတယ်။စကားအပြောအဆို၊ကိုယ်အမူအရာတစ်ခုခုမှားသွားနိုင်ပြီး စိတ်ပြန်ငြိမ်တဲ့အခါမှာတော့
ဒါတွေက ပြင်ရခက်ပါတယ်။ဘယ်လောက်သေးငယ်တဲ့ပြဿနာမျိုးဖြစ်စေ ကိုယ်ဒေါသထွက်လာပြီ သူဒေါသထွက်လာပြီဆိုတာနဲ့ နှစ်ယောက်သား
ဘာစကားမှမပြောပါနဲ့တော့။ဖြစ်နိုင်ရင် ၂၄ နာရီလောက် ဘာတုံ့ပြန်မှုမှမလုပ်ပါနဲ့။နောက်ပိုင်းဆို သင်တို့နှစ်ယောက်လုံးစိတ်တည်ငြိမ်သွားပြီဖြစ်လို့
ဘယ်သူမှန်တယ်။ဘယ်သူမှားတယ်ဆိုတာဝေဖန်ပိုင်းခြားနိုင်စွမ်းရှိလာပါတယ်။

*အဆင်ပြေသလိုလုပ်ဆိုတဲ့စကားကို အမြဲမပြောပါနဲ့
ဥပမာ သင့်ချစ်သူက ဘယ်နေရာမှာသွားစားကြမလဲမေးရင် အဆင်ပြေတဲ့ဆိုင်သွား၊အဆင်ပြေတဲ့နေရာမှာစားမယ်စသဖြင့် ပြောတာမျိုးပေါ့။ဒါက
အမြဲတမ်းဆို မကောင်းပါဘူး။ချစ်သူက စိတ်ဓာတ်တက်ကြွစွာပြောဆိုပေမဲ့ သင့်ဘက်က အဆင်ပြေသလိုလုပ်လေဆိုတဲ့စကားက စိတ်မပါသလို
ဖြစ်နေပါတယ်။နှစ်ယောက်သားတိုင်တိုင်ပင်ပင်နဲ့ ဟိုဆိုင်လေးမှာစားရရင်ကောင်းမယ်။ဒီအလုပ်လေးလုပ်ကြည့်ရင်ကောင်းမယ် အဲ့လိုမျိုးရှိမှ အချစ်ရေးကလည်း နွေးထွေးမှာပါ။သူတို့ကိုပဲ အမြဲဆုံးဖြတ်ချက်ချခိုင်းနေမယ်ဆိုရင် အချစ်ရေးက တုံ့ပြန်မှုမရှိအေးစက်စက်ဖြစ်နေပါလိမ့်မယ်။

*အရွဲ့မတိုက်ပါနဲ့
တစ်ခါတစ်လေ မိန်းကလေးတစ်ချို့၊ယောကျ်ားလေးတစ်ချို့က ချစ်သူကိုအရွဲ့တိုက်တတ်ကြပါတယ်။ဒီလိုအရွဲ့တိုက်လို့ အချစ်ရေးပြန်အဆင်ပြေသွားတဲ့
ရာခိုင်နှုန်းက နည်းပါတယ်။သူလုပ်တိုင်း ကိုယ်လိုက်လုပ်မယ်။သူအပြင်ခိုးသွားတိုင်း ငါလည်းအပြင်ခိုးသွားမယ်စသဖြင့် အရွဲ့တိုက်နေမယ်ဆိုရင်
အချစ်ရေးကပိုပြီးဆိုးလာမှာပါ။နှစ်ယောက်လုံးက မာနခဲတွေဆိုရင်တော့ ပိုဆိုးတော့တာပါပဲ။တစ်ယောက်ကတင်းရင် တစ်ယောက်ကလျှော့မှ
အဲ့ဒီအချစ်ရေးက အဆင်ပြေမှာပါ။ဒါကြောင့် အရွဲ့မတိုက်ပါနဲ့

64 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.