၂၀၁၄ နှစ်အစမှာ ၀င်ရောက်လာမယ့် ဆောင်းမုန်တိုင်းဒဏ်ကို ကြိုတင်ပြင်ဆင်ထားကြရန် အမေရိကန် အရှေ့ မြောက်ပိုင်းပြည်သူတွေကို သတိပေးချက်ထုတ်ပြန်လိုက်ပါတယ်။ မုန်တိုင်းဝင်ရောက်တဲ့အခါမှာ အအေးဓာတ် အလွန်ပြင်းထန်မှာဖြစ်ပြီး ပေနဲ့ ချီတဲ့ နှင်းထုတွေလည်း ကျရောက်မှာ ဖြစ်တဲ့အတွက် အမေရိကန် ပြည်သူတွေ ကို ကြိုတင်ပြင်ဆင်ထားဖို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။
အခုလာမယ့် ဗုဒ္ဓဟူးနေ့ ညမှာ နှင်းတွေ ထူထူထဲထဲစကျရောက်မှာ ဖြစ်ပြီး လာမယ့် ကြာသပတေးနေ့ ထိ မုန်တိုင်း တစ်ခုလုံး ၀င်ရောက်မှာ မဟုတ်သေးဘူးလို့ မိုးလေ၀သခန့် မှန်းသူတွေက ပြောဆိုခဲ့ပါတယ်။
“ သွားလာရေးအဆက်အသွယ်တွေ ခက်ခဲသွားမှာပါ။ ပြီးတော့ မတရားအေးဖို့ ရှိတယ်။ ဒီတော့ တတ်နိုင်သမျှ အပြင်မထွက်ကြဖို့ ပြောချင်ပါတယ်” လို့  အမျိုးသားမိုးလေ၀သတိုင်းတာရေး အဖွဲ့ အစည်းရဲ့ မိုးလေ၀သ ပညာရှင် Hugh Johnson က ပြောကြားခဲ့ပါတယ်။
အရှေ့ မြောက်မှာ အတွင်းပိုင်းကျတဲ့ နယူးအင်္ဂလန်တောင်ပိုင်း ၊နယူးယော့ခ် မြို့ တွေမှာ နှင်းထု ၆ လက်မ ကနေ ၁၂ လက်မအတွင်း ကျရောက်မယ်လို့ ခန့် မှန်းထားပါတယ်။
Ref: national geographic