ဒီလကၡဏာေတြက သင့္္မွာေရဓာတ္လိုအပ္ေနျပီလုိ ႔သတိေပးေနတာ…

လူ႔ခႏၶာကုိယ္ၾကီးက ေရဓာတ္အမ်ားအျပားလိုအပ္ပါတယ္။ကုိယ္ေတြက မသိလိုက္ဘာသာေနျပီး အသားအရည္ေလးေျခာက္လာမွ
ေရေလးပံုမွန္ေျပးေသာက္လုိက္၊၀က္ျခံေလးေတြတစ္ဖုႏွစ္ဖုထြက္လာမွ ေရဓာတ္လိုအပ္ေနျပီဆုိျပီး ေရေျပးေသာက္လုိက္နဲ႔ ေနတတ္ၾကပါတယ္။
တကယ္ေတာ့ ေရဓာတ္ခန္းေျခာက္ေနတဲ႔အခါ ခႏၶာကုိယ္က ဒီလုိလကၡဏာေတြျပလာတတ္ပါေသးတယ္။ဘယ္လိုလကၡဏာေတြလဲဆိုရင္…

*ခံတြင္းနံ႔ဆိုးလာမယ္

ေရက ခံတြင္းသန္႔ရွင္းေရးကုိ ကူညီေပးႏုိင္ျပီး ဘတ္တီးရီးယားေတြကုိဖယ္ရွားေပးႏုိင္ပါတယ္။တကယ္လို႔ေရပံုမွန္မေသာက္ျဖစ္ဘူးဆိုရင္ေတာ့
သင့္ခံတြင္းနံ႔က ဆုိးလာပါလိမ့္မယ္။

*မၾကာခဏဖ်ားနာလာမယ္

ေရပံုမွန္ေသာက္ေပးမယ္ဆုိရင္ ခႏၶာကိုုယ္ထဲက အဆိပ္အေတာက္ေတြ၊အၾကြင္းအက်န္ေတြ၊ဘတ္တီးရီးယားေတြကုိဖယ္ရွားေပးႏုိင္ပါတယ္။ဒါေပမဲ႔
ေရပံုမွန္မေသာက္ေပးဘူး၊ေရဓာတ္ခန္းေျခာက္လာျပီဆုိရင္ေတာ့ ခႏၶာကိုယ္ထဲမွာလည္း အဆိပ္ေတြစုပံုလာျပီး ကုိယ္ခံအားေတြက်ဆင္းလာပါတယ္။အဲ႔ဒီ
အခါမွာ အလြယ္တကူနဲ႔ဖ်ားနာတတ္လာပါတယ္။

*၀မ္းခ်ဳပ္လာမယ္

ေရဟာ အစာေျခစနစ္ပံုမွန္လည္ပတ္ေအာင္ကူညီေထာက္ပံ႔ေပးပါတယ္။ဒီလုိကူညီေပးႏုိင္တဲ႔ေရဓာတ္ကုိ မွန္မွန္မျဖည့္ေပးႏုိင္ဘူးဆုိရင္ေတာ့ ၀မ္းခ်ဳပ္တာမ်ိဳးေတြ၊၀မ္းသြားရတာခက္ခဲလာတာမ်ိဳးေတြၾကံဳလာရႏုိင္ပါတယ္။

*အသားအရည္မြဲေျခာက္လာမယ္

ဒီအခ်က္က ေတာ့ ေရဓာတ္ခန္းေျခာက္ျခင္းရဲ႔သိသာတဲ႔လကၡဏာတစ္ခုပါ။ေရဓာတ္ျပည့္၀ေနတဲ႔ခႏၶာကုိယ္က အသားအရည္ဟာ စုိျပည္္ေနျပီး
ဆဲလ္ေတြကုိအသစ္ျပန္လည္ေမြးဖြားေပးတာ၊ဆဲလ္ေသေတြဖယ္ရွားေပးတာမ်ိဳးေတြ အလုိအေလ်ာက္လုပ္ေဆာင္ေနပါတယ္။ေရဓာတ္ခန္းေျခာက္ေနျပီဆုိရင္ေတာ့အသားအရည္ေတြက မြဲေျခာက္လာျပီး မိတ္ကပ္ေတြဘယ္ေလာက္ေကာင္းတာလိမ္းလိမ္း အသားအရည္က လွလာမွာမဟုတ္ပါဘူး။ဒါကုိ သတိမထားမိပဲ
ေရကုိပံုမွန္မေသာက္ျဖစ္ေသးဘူးဆုိရင္ ငယ္ငယ္ရယ္ရြယ္ရြယ္နဲ႔ မ်က္ႏွာမွာအေရးအေၾကာင္းေတြျဖစ္လာႏုိင္ပါတယ္။

*ဆီးသြားတာနည္းသြားမယ္

ေရဓာတ္ျပည့္ျပည့္၀၀မရွိတဲ႔အခါ ဆီးကလည္း အရင္လိုမ်ားမ်ားမသြားေတာ့ပါဘူး။ဆီးသြားတဲ႔အခါမွာလည္း ဆီး၀ါေနတာကုိျမင္ေတြ႔ရမွာျဖစ္ပါတယ္။ဒါက သင့္ခႏၶာကိုယ္ထဲမွာအဆိပ္အေတာက္ေတြျပည့္ေနတယ္ဆုိတာ ျပေနတာပါ။ေရပံုမွန္ေသာက္ေပးမွ ဆီးလည္းမၾကာခဏသြားမွာျဖစ္ျပီး ဆီးအိမ္ကလည္းသန္႔ရွင္းက်န္းမာမွာပါ။

*အခ်ိဳဓာတ္ေတာင့္တလာမယ္

ေရဓာတ္ခန္းေျခာက္ျခင္းရဲ ႔လကၡဏာေနာက္တစ္ခုကေတာ့ အခိ်ဳဓာတ္ကုိ အလြန္အကြ်ံေတာင့္တေနတာပါပဲ။ေခ်ာကလက္၊ကြတ္ကီး၊သၾကားလံုးစားခ်င္တဲ႔စိတ္ေတြျပင္းထန္လာပါလိမ့္မယ္။ဒါေပမဲ့ တကယ္လိုအပ္ေနတာက ေရဓာတ္ပါ။ေရမေသာက္ပဲ အခ်ိဳအစားအစာေတြစားမယ္ဆုိရင္ေတာင္
အာသာေျပမွာမဟုတ္ပါဘူး။ဒါေၾကာင့္ ေရေသာက္ေပးတာကသာ အေကာင္းဆံုးပါ။

ဒီလုိလကၡဏာေတြျပေနျပီဆုိရင္ သင့္ခႏၶာကုိယ္ဟာ  ေရဓာတ္ခန္းေျခာက္ေနတာေသခ်ာပါျပီ။ဒါေၾကာင့္  ေန႔တုိင္းေရကုိမေေမ့မေလ်ာ့ ပံုမွန္ေလးေသာက္ေပးသင့္ပါတယ္။

Unicode

လူ့ခန္ဓာကိုယ်ကြီးက ရေဓာတ်အများအပြားလိုအပ်ပါတယ်။ကိုယ်တွေက မသိလိုက်ဘာသာနေပြီး အသားအရည်လေးခြောက်လာမှ
ရေလေးပုံမှန်ပြေးသောက်လိုက်၊ဝက်ခြံလေးတွေတစ်ဖုနှစ်ဖုထွက်လာမှ ရေဓာတ်လိုအပ်နေပြီဆိုပြီး ရေပြေးသောက်လိုက်နဲ့ နေတတ်ကြပါတယ်။
တကယ်တော့ ရေဓာတ်ခန်းခြောက်နေတဲ့အခါ ခန္ဓာကိုယ်က ဒီလိုလက္ခဏာတွေပြလာတတ်ပါသေးတယ်။ဘယ်လိုလက္ခဏာတွေလဲဆိုရင်…

*ခံတွင်းနံ့ဆိုးလာမယ်

ရေက ခံတွင်းသန့်ရှင်းရေးကို ကူညီပေးနိုင်ပြီး ဘတ်တီးရီးယားတွေကိုဖယ်ရှားပေးနိုင်ပါတယ်။တကယ်လို့ရေပုံမှန်မသောက်ဖြစ်ဘူးဆိုရင်တော့
သင့်ခံတွင်းနံ့က ဆိုးလာပါလိမ့်မယ်။

*မကြာခဏဖျားနာလာမယ်

ရေပုံမှန်သောက်ပေးမယ်ဆိုရင် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ၊အကြွင်းအကျန်တွေ၊ဘတ်တီးရီးယားတွေကိုဖယ်ရှားပေးနိုင်ပါတယ်။ဒါပေမဲ့
ရေပုံမှန်မသောက်ပေးဘူး၊ရေဓာတ်ခန်းခြောက်လာပြီဆိုရင်တော့ ခန္ဓာကိုယ်ထဲမှာလည်း အဆိပ်တွေစုပုံလာပြီး ကိုယ်ခံအားတွေကျဆင်းလာပါတယ်။အဲ့ဒီ
အခါမှာ အလွယ်တကူနဲ့ဖျားနာတတ်လာပါတယ်။

*ဝမ်းချုပ်လာမယ်

ရေဟာ အစာခြေစနစ်ပုံမှန်လည်ပတ်အောင်ကူညီထောက်ပံ့ပေးပါတယ်။ဒီလိုကူညီပေးနိုင်တဲ့ရေဓာတ်ကို မှန်မှန်မဖြည့်ပေးနိုင်ဘူးဆိုရင်တော့ ဝမ်းချုပ်တာမျိုးတွေ၊ဝမ်းသွားရတာခက်ခဲလာတာမျိုးတွေကြုံလာရနိုင်ပါတယ်။

*အသားအရည်မွဲခြောက်လာမယ်

ဒီအချက်က တော့ ရေဓာတ်ခန်းခြောက်ခြင်းရဲ့သိသာတဲ့လက္ခဏာတစ်ခုပါ။ရေဓာတ်ပြည့်ဝနေတဲ့ခန္ဓာကိုယ်က အသားအရည်ဟာ စိုပြည်နေပြီး
ဆဲလ်တွေကိုအသစ်ပြန်လည်မွေးဖွားပေးတာ၊ဆဲလ်သေတွေဖယ်ရှားပေးတာမျိုးတွေ အလိုအလျောက်လုပ်ဆောင်နေပါတယ်။ရေဓာတ်ခန်းခြောက်နေပြီဆိုရင်တော့အသားအရည်တွေက မွဲခြောက်လာပြီး မိတ်ကပ်တွေဘယ်လောက်ကောင်းတာလိမ်းလိမ်း အသားအရည်က လှလာမှာမဟုတ်ပါဘူး။ဒါကို သတိမထားမိပဲ
ရေကိုပုံမှန်မသောက်ဖြစ်သေးဘူးဆိုရင် ငယ်ငယ်ရယ်ရွယ်ရွယ်နဲ့ မျက်နှာမှာအရေးအကြောင်းတွေဖြစ်လာနိုင်ပါတယ်။

*ဆီးသွားတာနည်းသွားမယ်

ရေဓာတ်ပြည့်ပြည့်၀၀မရှိတဲ့အခါ ဆီးကလည်း အရင်လိုများများမသွားတော့ပါဘူး။ဆီးသွားတဲ့အခါမှာလည်း ဆီးဝါနေတာကိုမြင်တွေ့ရမှာဖြစ်ပါတယ်။ဒါက သင့်ခန္ဓာကိုယ်ထဲမှာအဆိပ်အတောက်တွေပြည့်နေတယ်ဆိုတာ ပြနေတာပါ။ရေပုံမှန်သောက်ပေးမှ ဆီးလည်းမကြာခဏသွားမှာဖြစ်ပြီး ဆီးအိမ်ကလည်းသန့်ရှင်းကျန်းမာမှာပါ။

*အချိုဓာတ်တောင့်တလာမယ်

ရေဓာတ်ခန်းခြောက်ခြင်းရဲ့လက္ခဏာနောက်တစ်ခုကတော့ အချိုဓာတ်ကို အလွန်အကျွံတောင့်တနေတာပါပဲ။ချောကလက်၊ကွတ်ကီး၊သကြားလုံးစားချင်တဲ့စိတ်တွေပြင်းထန်လာပါလိမ့်မယ်။ဒါပေမဲ့ တကယ်လိုအပ်နေတာက ရေဓာတ်ပါ။ရေမသောက်ပဲ အချိုအစားအစာတွေစားမယ်ဆိုရင်တောင်
အာသာပြေမှာမဟုတ်ပါဘူး။ဒါကြောင့် ရေသောက်ပေးတာကသာ အကောင်းဆုံးပါ။

ဒီလိုလက္ခဏာတွေပြနေပြီဆိုရင် သင့်ခန္ဓာကိုယ်ဟာ  ရေဓာတ်ခန်းခြောက်နေတာသေချာပါပြီ။ဒါကြောင့်  နေ့တိုင်းရေကိုမေမေ့မလျော့ ပုံမှန်လေးသောက်ပေးသင့်ပါတယ်။

 

130 Shares
Trend Myanmar Team မွ စီစဥ္တင္ဆက္ေသာ trend.com.mm တြင္ ေဖာ္ျပပါရွိေသာ သတင္းမ်ား၊ သတင္းေဆာင္းပါးမ်ား၊ ဘာသာျပန္ေဆာင္းပါးမ်ားကို မည္သည့္ facebook စာမ်က္ႏွာ ၊ website မ်ားတြင္မဆို ျပန္လည္ကူးယူ ေဖာ္ျပျခင္းကို ခြင့္မျပဳပါေၾကာင္း အသိေပး ေၾကညာအပ္ပါသည္။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.