မင်းရဲ့အကျင့်တွေက အိပ်စက်ခြင်းကို ဖျက်ဆီးမိနေပြီလား

ညဘက်တွေ တော်တော်နဲ့ အိပ်မပျော်တာတို့ ၊ မအိပ်ပဲနေတာတို့က လူတစ်ယောက် ကျန်းမာရေးကို အဆိုးဝါးဆုံး ထိခိုက်စေနိုင်ပါတယ်။ မျက်လုံးမှိတ်လိုက်တာနဲ့ အိပ်မပျော်သေးဘူးဆိုရင် အိပ်မပျော်အောင် နှောင့်ယှက်နေတဲ့ အရာတွေက ဘာများဖြစ်မလဲ တစ်ချက်ကြည့်ရအောင်

စိတ်ဖိစီးမှုများနေတာ ၊ အတွေးတွေ ယောက်ယှက်ခက်နေတာတွေကလည်း မင်းရဲ့အိပ်စက်မှုကို
နှောင့်ယှက်ခြင်းတစ်မျိုးပါပဲ။ အိပ်ရေးပျက်ခြင်းကနေ မင်းရဲ့personality ကိုလည်း အများကြီး ထိခိုက်စေပါတယ်။

Image result for sleep

အဓိကကတော့ ဖုန်းနဲ့ သက်ဆိုင်ရာအခြား ပစ္စည်းတွေက မင်းကိုအိပ်မပျော်အောင်လုပ်ပေးပါတယ်။ မိုးချုပ်တဲ့ထိ ဖုန်းကြည့်နေတာ မျက်လုံးကိုတကယ်ထိခိုက်စေပါတယ်။ ချက်ချင်းတော့ မသိသာပေမယ့် အသက်ကြီးလာတဲ့အခါ ဒါတွေ ပြန်ခံစားရလိမ့်မယ်။ ဒါကြောင့် မျက်လုံးကို အရမ်းအလုပ်ပေးရတဲ့အရာမျိုးတွေ ရှောင်ပါ။ မပေါ့ပါနဲ့နော်။ အိပ်ရေးပျက်တာနဲ့ ဖြစ်လာမယ့် အကျိုးဆက်တွေကို သိတယ်
မဟုတ်လား။

Image result for sleep

အလုပ်ကိုင် ၊ အစားသောက်တွေပါပျက်လာပြီး ဘာလုပ်လုပ် အိပ်ပဲအိပ်ချင်နေလိမ့်မယ်။ တက်ကြွမှုမရှိတဲ့ မင်းရဲ့ပုံစံက ပတ်ဝန်းကျင်ကိုပါ ငြီးငွေ့စေပါတယ်။ အလုပ်မှာလည်း အထက်လူကြီးတွေက ဒီပုံစံတွေကို သဘောကျမှာမဟုတ်ပါဘူး။

မနက်ဆို တော်တော်နဲ့ မထနိုင်လို့ ရုံးကို ကမန်းကတန်းပြေးနေရတာကိုလည်း မသာယာပါနဲ့တော့။ စမတ်ကျကျသွားနိုင်ပြီး စိတ်ကြည်လင် နိုးကြွစေဖို့ စောစောစီးစီး အိပ်ရာဝင် ၊ အိပ်ရာ ထတာ အကောင်းဆုံးပါပဲ။

Image result for sleep

ပြဿနာတစ်ခုတစ်စုံဖြစ်လာပြီဆိုရင်လည်း ဖြေရှင်းနိုင်တဲ့ နည်းလမ်းကို ဦးနှောက်က တော်တော်နဲ့စဉ်းစားလို့မရတော့ပါဘူး။ အိုင်ဒီယာကောင်းတွေလည်း အိပ်ချင်နေတဲ့စိတ်နဲ့ ထုတ်နိုင်မယ်ထင်လား။ ဒါကြောင့် အိပ်ရေးဝဝ အိပ်နိုင်ဖို့ ဖုန်းကြည့်တာလေးတွေ လျော့ ၊ ညဉ့်နက်မှ ကော်ဖီသောက်တာတွေရှောင်ပါ။

153 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.