သူများချုပ်တိုင်း လိုက်မချုပ်တတ်တာကြောင့် ကိုယ့်ဒီဇိုင်းတွေကို လူပိုသိသွားတာပါလို့ ဆိုတဲ့ မင်းသက်စံ

373989_368066083277565_2142093565_n.jpg

ဆန်းသစ်တဲ့ ဒီဇိုင်းတွေနဲ့  မြန်မာ့ဖက်ရှင်လောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်လာနိုင်လာခဲ့တဲ့ ဒီဇိုင်နာကတော့ မင်းသက်စံပါ။ ဖက်ရှင်နဲ့ပတ်သက်ပြီး သူ့ရဲ့စိတ်ကူးစိတ်သန်းတွေ ဘယ်လိုရှိမယ်၊ ဒီဇိုင်းဖန်တီးခြင်းအပိုင်းတွေကို မေးမြန်းကြည့်တဲ့အခါ သူက ‘ဖက်ရှင်နဲ့ ပတ်သတ်ပြီးတော့ ဒီဇိုင်းပညာပိုင်းကို အရမ်းကြီး လေ့လာခဲ့ရတာတော့ မရှိဘူး။ ကိုယ်လုပ်တဲ့အလုပ်ပေါ် မူတည်ပြီး ကိုယ့်စိတ်နစ်ဝင်သွားတဲ့ နစ်ဝင်မှုပေါ် မူတည်ပြီး လိုက်ပြီး စီးမျောတယ်။ ဒါပေမဲ့ သဘာဝထဲမှာပဲ လေ့လာခဲ့ရတာများတယ်။ အခုချိန်ထိလဲ သင်ယူနေတုန်းပဲ။ နောင်လဲသင်ယူနေဦးမှာပဲ။ ဒီဟာက ဘယ်တော့မှ ကုန်သွားတယ်ဆိုတာ မရှိဘူး။ ဆင့်ပွားပြီး လေ့လာရမှာ။ အဲဒါမှ ကိုယ်တို့ရဲ့ မြန်မာဖက်ရှင်လောက တိုးတက်မှာ။ ဒီအလုပ်လုပ်ခဲ့တာဆိုရင်၎ နှစ်ပြည့်ပြီပေါ့။ ဒီဇိုင်းပညာနဲ့ ပတ်သတ်ပြီး ကိုယ့်ဆရာထွန်းထွန်းထူးဆီမှာ တက်ခဲ့တာပါ။ ဒီဇိုင်းဆန်းတွေကြီးပဲ ရွေးချုပ်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကိုယ်ချုပ်ရင် သူများနဲ့တော့မတူဘူး။ သူများချုပ်တိုင်းလဲ လိုက်မချုပ်တတ်ဘူး။ သူတို့ကို အလေးထားတဲ့အနေနဲ့ တန်ဖိုးထားတဲ့အနေနဲ့ကိုယ်လိုက်မချုပ်တတ်တာ။ သပ်သပ်လေး ရှောင်လိုက်တာ။ အဲဒါက ကိုယ့်ဒီဇိုင်းတွေကို လူပိုသိသွားတယ်လို့ ပြောလို့ရတယ။် ဒီလောကထဲမှာ ကိုယ်ချုပ်ပေးဖြစ်တဲ့လူတွေက ကိုနေတိုး၊ ကိုကျော်ကျော်ဗို၊ မြတ်သူအောင်၊ ရွှေမှုန်ရတီ၊ စံရတီ၊ ၀ါဆိုမိုးဦး၊ မဇာ၊ ဖွေးဖွေးတို့ပေါ့။ မကြီးစိုးတို့ကိုလဲ ချုပ်ပေးဖြစ်သလို မအူဝဲတို့ကိုလဲ ချုပ်ပေးဖြစ် တယ်။’လို့ ပြောပါတယ်။

တစ်ပတ်လည် ပြန်လည် စီးဆင်းနေတဲ့ ဖက်ရှင်ဒီဇိုင်းတွေပေါ်မှာလည်း ‘လူကိုယ်ပေါ်မှာ ၀တ်ရတာဖြစ်တဲ့အတွက် အမြဲတမ်းလည်ပတ်နေမှာပဲ။ တစ်ပတ်လည်တယ်။ နှစ်ပတ်လည်တယ်လို့တော့ ကိုယ်မပြောချင်ဘူး။ ဒီဇိုင်နာတစ်ယောက်ဆိုတာ ချုပ်တဲ့အခါမှာ ကွဲပြားမှုနဲ့ထူးခြားမှုရှိရမယ်။ ဖက်ရှင်ကို  တစ်ကျော့ပြန်တယ်လို့ပဲ ကိုယ်သတ်မှတ်ချင်ပါတယ်။ ကိုယ်ချုပ်ပေးသမျှတွေထဲမှာ အဆင်မပြေတဲ့သူမျိုး ကိုယ်မတွေ့ဖူးဘူး။ ဘာကြောင့်လဲဆိုတော့ သူတို့အကြိုက်၅၀ ၊ ကိုယ့်အကြိုက်၅၀ချုပ်တာ ဖြစ်တဲ့အတွက် ၅၀ ရာခိုင်နှုန်းတော့ သူတို့ဝတ်ချင်သွားပြီ။ ကျန်တဲ့၅၀ကို အစ်ကို့ရဲ့ပညာပိုင်းနဲ့ ပေါင်းလိုက်တော့ ၁၀၀ ရာခိုင်နှုန်းဝတ်ချင်သွားတာပေါ့။ သူတို့ဖက်ကလဲ အချိန်တိုလေးအတွင်းမှာ လုပ်ပေးရတာဆိုတော့ နားလည်မှုတွေအများကြီးရှိတယ်။ တစ်ယောက်နဲ့တစ်ယောက်က နားလည်မှုနဲ့ပဲ သွားကြတာများပါတယ်’လို့ သူက ပြောပြပေးခဲ့ပါတယ်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.